မော်စကို၊ဇွန် ၄
ယူကရိန်းတပ်ဖွဲ့ဝင်များသည် ခရိုင်းမီးယားတံတားကို တို-က်ခို-က်ရန်ကြိုးပမ်းခဲ့သော်လည်း ပျ-က်စီးမှုတစ်စုံတစ်ရာ မရှိခဲ့ကြောင်း ခရမ္မလင်ကအတည်ပြုပြောကြားခဲ့သည်။
“တံတားက တကယ်ဖေ-ာက်ခွဲခံခဲ့ရတာပါ၊ ဒါပေမဲ့ ဘာမှတော့ ကြီးကြီးမားမားမပျ-က်စီးခဲ့ပါဘူး၊ တံတားက ပုံမှန်အတိုင်းအသုံးပြုလို့ရနေပါတယ်” ဟု ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဖေ-ာက်ခွဲခံရမှုကြောင့် ခရိုင်းမီးယားတံတားပေါ်၌ ခေတ္တခဏ ယာဉ်ကြောပိတ်ဆို့ရပ်တန့်သွားသည်မှ အပကြီးကြီးမားမားပျ-က်စီးမှုမရှိခဲ့ဟုလည်း သိရသည်။
တံတားအောက်တွင် တီအင်န်တီ ကီလိုဂရမ် ၁,၁၀၀ ခန့်နှင့်ညီမျှသော ဖေ-ာက်ခွဲရေးပစ္စည်းများဖြင့် ဖေ-ာက်ခွဲခဲ့ခြင်းဖြစ်ပြီး ခရိုင်းမီးယားတံတားကို တတိယအကြိမ်မြောက် ဖေ-ာက်ခွဲခြင်းဖြစ်ကြောင်း ယူကရိန်းလုံခြုံရေးဌာနကပြောကြားခဲ့သည်။
ထိုနေ့၌ပင် ရုရှားဖက်ဒရယ်လုံခြုံရေးဌာန၏ ဗီဒီယိုတစ်ခုအရ ခရိုင်းမီးယားမြို့မှ ဖမ်းဆီးခံထားရသည့် တံတားဖေ-ာက်ခွဲသူဟုသံသယရှိသူတစ်ဦးက ကိဗ်၏ခိုင်းစေမှုအရ ယခုအကြမ်းဖက်တို-က်ခို-က်မှုကို ကျူးလွန်ရန်အတွက် ဗုံးဖေ-ာက်ခွဲခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ရုရှား၏မဟာဗျူဟာကျသည့် လေတပ်စခန်းများကို ယူကရိန်းကဒရုန်းများဖြင့်တို-က်ခို-က်ခဲ့ရာ ဒေါ်လာဘီလျံ နှင့်ချီ၍တန်ဖိုးရှိသော ပျ-က်စီးဆုံးရှုံးမှု ဖြစ်ခဲ့သည်ဟုသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရုရှားသမ္မတပူတင်က ထိထိရောက်ရောက်လက်တုန့်ပြန်မည်ဟု ၎င်းနှင့်ဆွေးနွေးစဉ်ပြောကြားခဲ့ကြောင်း အမေရိကန်သမ္မတထရမ့်ပ်က ပြောကြားခဲ့သည်။
Source : ရှင်းဟွာ