G.Fatt ကသင်္ကြန် မတိုင်ခင်မှာ “တစ်ယောက်ပဲ သတ်ချင်တယ်” ဆိုတဲ့ Single Song ကို အမ်တီဗီရိုက်ပြီး Free Download ပေးဖို့ စီစဉ် နေပါတယ်။ တစ်ယောက်ပဲ သတ်ချင်နေ တယ် ဆိုတော့ G.Fatt သတ်ချင်နေ တဲ့သူက ဘယ်သူလဲ မသိပါဘူး။ သူတို့ လူငယ်တွေ က အချစ်နဲ့ ပတ်သက်လို့ သိပ်လည်း ချစ်တတ်ကြသလို သိပ်လည်း မုန်းတတ်ကြပါတယ်။ လူငယ်တစ် ယောက် လည်းဖြစ်သလို အနုပညာရှင် တစ် ယောက် လည်းဖြစ်တဲ့ G.Fatt တစ်ယောက်ကကော ဒီခေတ်ကြီးထဲမှာ အချစ် နဲ့ပတ်သက်လို့ ဘယ်လိုပြော ချင်သလဲ ဆိုတာ မေးဖြစ်တဲ့အခါ…”ဒါကတော့ ကျွန် တော်တစ်ယောက် တည်းရဲ့အမြင်ပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြုံတွေ့ခဲ့ရတဲ့၊ ဖြတ် သန်းခဲ့ရတဲ့၊ အချစ်ဆိုတဲ့ အရာကို ခံစားခဲ့ရတဲ့ မု(ဒ်)နဲ့ အခုခေတ်မှာ အချစ်ဆိုတဲ့ အရာကို ခံစားရတဲ့ မု(ဒ်)နဲ့က အရသာချင်း အရမ်းကွာ တယ်။ ငယ် ငယ်တုန်းက ရည်းစားစာလေး လိုက် ပေးပြီး သူ့ကိုလိုက် စောင့်ကြည့်ရတဲ့ ဖီလင်ပေါ့။ အဲဒီလိုမျိုး အချစ်ကို ကျွန်တော် ပိုပြီးသဘောကျတယ်။ အခုကတော့ ခေတ်တွေ ကွဲသွားပြီကိုး။ အရင်တုန်းက ရည်းစားစာလေး လိုက်ပေးပြီး ခက်ခက်ခဲခဲ ရတဲ့ အချစ် မျိုးကို သဘောကျပါတယ်။ အခုလောလောဆယ်တော့ တစ် ယောက်တည်းပါပဲ”လို့ သူက ပြောပါ တယ်။
G.Fatt ကိုတစ်ဆက်တည်း ဆက်မေးဖြစ်တာက လူငယ်တွေ အချစ်ကို သိပ်ပြီး ရှေ့တန်းတင် တဲ့အ ခါ ကိုယ့်ရဲ့ တက်လမ်းတွေ၊ များ စွာထိခိုက်စေနိုင် သလားဆို တာကိုပါ။ ဒီတော့ သူက “အဲဒါ ကတော့ ကြုံတွေ့နေရတဲ့ အခြေ အနေ အပေါ်မှာပဲ မူတည်ပါတယ်။ တချို့ ကျတော့လည်း အချစ်ကြောင့် ဘဝကို တိုး တက်အောင် လုပ်တာမျိုး တွေ ရှိသလို တချို့ ကျ တော့လည်း အချစ် ကြောင့် ဘဝကို ဆုံး ရှုံးခံ လိုက်ရတာမျိုး တွေလည်း ရှိပါတယ်”လို့ ပြောပြခဲ့ပါ တယ်။
မျိုးမောင်