Looking for something?

Explore the website

Looking for something?

Wednesday, August 20, 2025

‌ရွေးကောက်ပွဲ အပိုင်း(၁)ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည်မြို့များတွင်...

လာမည် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယမန်နေ့...

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒမဲပေးနိုင်ရန်ပတ်သက်ပြီး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုံးနှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး ငြိမ်း) နှင့် ယမန်နေ့ ဩဂုတ်(၁၉)ရက်က တွေ့ဆုံဆွေး‌နွေးခဲ့ကြောင်း သိရသည်၊ မြန်မာ-ထိုင်း...

မုံရွာမြို့ ခုတင် (၅၀၀) ဆံ့...

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သြဂုတ်လ (၂၉) ရက်မှ စက်တင်ဘာလ (၂) ရက်အထိ အခမဲ့မျက်စိကုသပေးမည်ဖြစ်ကြောင်းသိရသည်။ အခမဲ့မျက်စိကုသပေးခြင်းကို သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊...

မွန်ပြည်နယ်မှာ ရုံးချုပ်တည်ရှိသည် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အသုံးပြုမည့်ပါတီအလံ...

မွန်ပြည်နယ်၊ သထုံမြို့တွင် ပါတီရုံးချုပ်တည်ရှိသည့် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီမှတ်ပုံတင်ခွင့်ပြုရန် ဩဂုတ်(၁၂)ရက်က လျှောက်ထားခဲ့ကြောင်း သိရသည်။ ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် အသုံးပြုမည့် အလံနှင့်တံဆိပ်တို့ကိုလည်း...
HomeArticlesကျွန်တော်လွမ်းဆွတ်မိသော အသံတုအနုပညာ

ကျွန်တော်လွမ်းဆွတ်မိသော အသံတုအနုပညာ

ကျွန်တော်တို့ ငယ်ငယ် ၇ နှစ် သား၊ ၈ နှစ်သားအရွယ်လောက်က မြန်မာရုပ်ရှင်ဇာတ်ကားများမှာ အဖြူ အမည်း၊ ဖလင်ခေတ်ဖြစ်သည်။ ယခု လို ဆေးရောင်စုံဖလင်များ မဟုတ် ချေ။ မှတ်မှတ်ရရဟူ၍ ဂျပန်သို့ ဖလင်သွားရောက် ကူးဆေး ရသော ရုပ်ရှင်ဇာတ်ကားမှာ ‘အ လောင်း တော်ရာမ’ဇာတ်ကားနှင့် ‘နန်းတွင်း အရေးတော်ပုံ’ဆေးရောင် စုံမြင်ကွင်း ကျယ်ဇာတ်ကားနှစ် ကားဖြစ်သည်။ အလောင်းတော် ရာမဇာတ်ကားမှာ ဗုဒ္ဓဝင်ဖြစ်ပြီး နန်း တွင်းအရေးတော် ပုံဇာတ်ကားမှာ ရာဇဝင်ဖြစ်သည်။ အဓိကပြော လိုသည်မှာ ထိုခေတ်ထို အချိန်က ဘက်စုံခေတ်မမီသေးသည်ကို ဆိုလို ခြင်းဖြစ်သည်။ အဖြူအမည်း ဖလင် ရုပ်ရှင်များသာ ထုတ်လုပ်ကြသည်။ ယခင်ဇာတ်ကားများထဲမှ စစ်ကား များ၊ သေနတ်ပစ်ဇာတ်ကြမ်း ကား များထဲမှ သေနတ်သံ၊ အမြောက်သံ၊ ဗုံးသံများကို ယမ်းအစစ်များနှင့် မ လုပ်နိုင်သောကြောင့် အသံတုပညာ ရှင်၏ ပညာဖြင့် ဖန်တီးခဲ့ရသည်။ ကျွန်တော်မှတ်သားမိသည်မှာ မြန် မာ ရုပ်ရှင်များ၏ နောက်ခံအသံတု ပညာ ရှင်မှာ ချန်ပီယန်တင်ညွှန့် ဟူ၍ဖြစ်သည်။ ချန်ပီယန်တင်ညွန့် သည် မျက် လှည့်ပညာရှင်တစ် ယောက်ဖြစ်သလို ဇာတ်ပို့သရုပ် ဆောင်တစ်ဦးလည်း ဖြစ်သည်၊ သူ သည် သေနတ်သံများကို လက်နက် ကြီး လက်နက်ငယ်အလိုက် ပေါက် ကွဲသံကို မိုက်ကရိုဖုံး တစ်လုံးရှေ့တွင် သူ့ပါးစပ်နှင့် လုပ်သွားခြင်းဖြစ်သည်။ လက်နက်ပေါက် ကွဲသံများကို အနီး ကပ်ပေါက်ကွဲသံ၊ အဝေးမှ ပေါက်ကွဲ သံများကို သည်းကွဲအောင် လုပ်ပြ နိုင်သည်။ နောက်တစ်ခါ မြင်းများ ဒုန်းစိုင်းပြေးသော မြင်းခွာသံ၊ မှန်မှန် ပြေးသော မြင်းခွာသံ၊ ဝေးရာမှ နီးလာသော မြင်းခွာသံ၊ နီးရာမှ ဝေး သွားသော မြင်းခွာသံများကို သူ၏ လက်ချောင်းကလေးများ နှင့် မိုက်က ရိုဖုန်းကို ခေါက်၍လုပ်ခဲ့သည်။ ထို့ပြင် မိုးရွာသံများ၊ လေပြင်း မုန် တိုင်းကျသံများကိုလည်း သူ၏ ကိုယ် နှုတ်အမူအယာနှင့်ပင် လုပ်ဆောင် သွားသော ပညာရှင်တစ်ယောက် ဖြစ်သည်။ ချန်ပီယန်တင်ညွန့်သည် မြန်မာ့ရုပ်ရှင်ဇာတ်ကားနောက် ခံ များ၌ ပထမဦးဆုံး အသံတုပညာ ရှင်တစ်ဦးဖြစ်ကြောင်း တင်ပြလိုက်ပါ သည်။

အသံတုပညာရှင်ကြီး ချန်ပီယန် တင်ညွန့်၏ နောက်တွင် ပေါ်ထွက် လာသော အသံတုပညာရှင်နှစ်ဦးမှာ ‘ရဲမြင့်လေး’နှင့် ‘ရဲဆွေလေး’တို့ဖြစ် သည်။ သူတို့နှစ်ဦးသည်လည်း တိ ရစ္ဆာန်မျိုးစုံအသံ၊ သေနတ်သံများကို လုပ်နိုင်သလို ဂီတ၊ ရုပ်ရှင်၊ သဘင် လောကမှ ပုဂ္ဂိုလ်များ၏ အသံများကို လည်း တုပနိုင်ခဲ့သည်။ သူတို့၏ နောက်မှ ပေါ်ထွက်လာသော အသံ တုပညာမျိုးဆက်မှာ ‘ကြက်ဖကြီးနှင့် အဖွဲ’ဖြစ်သည်။ ထိုခေတ်က ကက် ဆက်ဇာတ်လမ်းများတွင် ကျယ်နေ ချိန်ဖြစ်သဖြင့် ကြက်ဖကြီးတို့ အသံ တုပညာများကို တိတ်ခွေမှတစ်ဆင့် နားဆင်ခဲ့ရသည်။ ထိုစဉ်က နာမည် ကျော်ကြားလူကြိုက်များခဲ့သည့် အောင်မြင်သည့် ရုပ်ရှင်သရုပ်ဆောင် များ၏ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံ ကို တစ်ထပ်တည်းကျအောင် တုပ နိုင်သူများဖြစ်သည်။ ဥပမာ-ထွန်း ဝေ၊ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေး၊ ဝင်းဦး၊ ကျော်ဟိန်း၊ ဦးကျောက်လုံး၊ ဦးသိန်းမောင်၊ ဒေါ်မြလေး အစရှိ သည့် သရုပ်ဆောင်များ၏ အသံကို ထပ်တူတုပနိုင်ကြသည်။ ကျွန်တော် ရေးပြခဲ့သော သရုပ်ဆောင်အားလုံး မှာ သူတို့၏ ရုပ်ရှင်များ အောင်မြင် ကြသလို၊ သူတို့၏ ဇာတ်ဝင်ခန်းDialauge များကို ရုပ်ရှင်ကြည့် ပရိ သတ်က စွဲလန်းမှတ်မိနေသည်။ ကြက်ဖကြီးတို့၏ အသံတုပညာကို နားထောင်လိုက်ရုံဖြင့် ဒါက ထွန်းဝေ အသံ၊ ဘယ်ဇာတ်ကားထဲမှာ ပြော သွားတဲ့စကား၊ ဒါက မြတ်လေး၊ ဒါက ကောလိပ်ဂျင်နေဝင်း၊ ဒါက ဝင်းဦး၊ ဒါက ကျော်ဟိန်းဆိုပြီး ဇာတ်ကား အမည်နှင့် ဇာတ်ဝင်ခန်းDialauge ပါ ပရိသတ်က ဒက်ခနဲသိနေသည်။ အဓိကအသံတုပညာ အောင်မြင်ခြင်း ရဲ့ ပင်မရေစီးမှာ ထိုခေတ်က သရုပ် ဆောင်များ ကိုယ်ပိုင်တန်း ကိုယ်ပိုင် အသံကွဲလွဲထူးခြားနေခြင်းကြောင့် ဖြစ်သည်ကို မည်သူမှ ငြင်းဖွယ်ရာ မရှိချေ။ ကျွန်တော်မှတ်မိသလောက် ဥပမာ အနည်းငယ်ထုတ်ပြရလျှင် …

“ဟေ့ – ရစ်ချတ်၊ မင်းပြော တော့ ‘နော်’ သေပြီဆိုကွဲ –
အသံတုပညာရှင်က အသံသြ သြလေးလေးကြီးနဲ့ ပြောလိုက်သည် နှင့် “ဒါ-ဆောင်းဇာတ်ကားထဲက ထွန်းဝေကြီးပြောတဲ့စကား” ထိုသို့ သရုပ်ဆောင်ကိုရော ရုပ်ရှင်ဇာတ် ကားအမည်ကိုပါ နားဆင်သူက သိ ၏။
“ဒီမှာ – မဗေဒါ — မီးရောင် အောက်မှာ လူပြက်တွေနဲ့ တွဲပြီးတော့ ကာ၊ မဗေဒါကနေတာကို မောင် မမြင်ချင်ဘူး မဗေဒါ”
စကားလုံးဆတ်တောက်၊ ဆတ် တောက်နဲ့ ခပ်သွက်သွက် ကလေး ပြောနေတဲ့ အသံကို ကြားရင် “ဒါ- ကောလိပ်ဂျင်နေဝင်း၊ ပန်းပန်းလျှက် ပါဇာတ်ကား”ဆိုသည်ကို လူတိုင်းသိ ၏။ ထို့အတူ
“ဒီမှာ ဒွေးလေး၊ ရန်ကုန်မြို့ကြီး ဆိုတာ၊ သွားသုတ်သုတ်၊ လာသုတ် သုတ်၊ စားသုတ်သုတ်ဗျ”
“မြနဲ့ကွပ်တော့ မြလက်စွပ်၊ စိန် နဲ့ကွပ်တော့ စိန်လက်စွပ်”

ဒီစကားဟာ မြောက်ကြွမြောက် ကြွလမ်းလျှောက်ရင်း ပြောတတ် သော မြတ်လေး အသံဖြစ်ကြောင်း ဗေဒင်မေးစရာမလို၊ အဲဒီအသံကို သိ ၏။ အဲဒီဇာတ်ကားကို ကြည့်ဖူးကြ သူတိုင်း အလွတ်ရနေသည်ကို အသံ တုပညာရှင်က အမှတ်ရစေ၏။ သရုပ်ဆောင်မင်းသားများ၏ အသံ ကို အသံတုပညာရှင်များက တစ်ထပ် ထဲတူအောင် တုပနိုင်ခြင်းမှာ နာမည် ကျော်ပြီးသား ဇာတ်ကားများနှင့် သီ ချင်းများကြောင့်လည်းဖြစ်သလို မင်း သားများ၏ ထူးခြားသော အသံသြ ဇာကြောင့်ဖြစ်သည်။ နောက်တစ် ချက်မှာ ထိုခေတ်က ရုပ်ရှင်ဇာတ်ကား များ၏ နောက်ခံဇာတ်ဝင်သီချင်းများ ကို ဇာတ်လမ်းနှင့် အံဝင်ခွင်ကျဖြစ် စေမည့် သီချင်းအကြောင်းအရာကို တေးရေးဆရာထံ အပ်ပြီး နာမည် ကျော်အဆိုတော်များနှင့် အသံသွင်း စေ၏။ ယခုခေတ်လို ပေါက်ပြီးသား သီချင်းကို ဝယ်၍ ဇာတ်ကားနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင် သည်ဖြစ်စေ ထည့်သွင်းခြင်းမျိုး မဟုတ်ချေ။ အမှန်တကယ်တိတိကျ ကျသေသေချာချာ လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအခါ ဇာတ်လမ်း ကောင်း၊ သရုပ်ဆောင်ကောင်း၊ တေး သီချင်းကောင်းများကြောင့် ပရိသတ် ရင်ထဲတွင် နှစ်ခြိုက်အသည်းစွဲခဲ့သော ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်လာသည်။ ထိုသို့သော ဇာတ်ကား များထဲမှ သရုပ်ဆောင်မင်းသားများ ၏ ဇာတ်ဝင်ခွန်းDialauge များကို ပါ မှတ်မိနေသည်။ အသံတုပညာရှင် များမှာလည်း အသံတု တုပပြောစရာ ရွေးချယ်ခွင့် ဇာတ်ကားနှင့် သရုပ် ဆောင်အသံများ ပေါများခဲ့၏။ မင်း သားကြီး ဝင်းဦးသည် ထိုခေတ်က အနုပညာလောဘကြီးသော မင်း သားတစ်လက်ဖြစ်ခဲ့သလို သူရိုက်ခဲ့ သော ဇာတ်ကားများသည် ပရိသတ် ရင်ထဲ ဒက်ခနဲထိအောင် ရိုက်ပြနိုင် ခဲ့၏။ သူ့အမူအယာ၊ သူ့အသံသည် လည်း တစ်မူကွဲပြားနေသော အသံ ရှင်ဖြစ်၏။ ‘မှုံရွှေရည်’၊ ‘ဆောင်းအိပ် မက်’၊ ‘ကျောက်မဲအကျဉ်းသား’ဇာတ် ကားများသည် လူကြိုက်များသော ရုပ်ရှင်ဇာတ်ကားများ ဖြစ်သော ကြောင့် အသံတုပညာရှင်များက မင်းသားကြီး ဝင်းဦး၏ အသံကို အပိုင်တုပနိုင်၏။ ဥပမာ …

“ဒီမှာ – ဒီမှာ — ဒုဋ္ဌဝတီမြစ် ရေကို သောက်မိတဲ့ သူတိုင်းဟာ လေ …သီပေါတို့၊ ကျောက်မဲတို့ ကို ပြန်လာရတတ်တယ်ဗျ”
ဒုဋ္ဌဝတီမြစ်ဘေးမှာ အရက် ပုလင်းပြားလေးထဲကို ဒုဋ္ဌဝတီမြစ်ရေ ရောထည့်ပြီးမှ ပြောတဲ့Dialauge ကို ပရိသတ်ကသိသည်။ “ဟာ – ဒါ ဝင်းဦး ကျောက်မဲအကျဉ်းသား ဇာတ် ကားထဲမှာ ပြောတဲ့စကား” ဆိုသည် ကို ဖျတ်ခနဲချက် ချင်းသိ၏။ အသံတု ပညာရှင်က ဝင်းဦး လေယူ လေသိမ်းကို အတိအကျတုပယူပြီး ထိုနေရာတွင် သီဆိုသော ဇာတ်ဝင် တေးတစ်ပုဒ်ကို …

“ဒီအချိန်ရောက်လာရင် .. ကျွန်တော့်စိတ်တွေ ဖောက်ဖောက် လာတယ် …ဘယ်လိုပင်ကျိတ်မြို …စိတ်ကိုက အူလည်လည်။
လူတိုင်းပါးစပ်ဖြား ရေပန်းစား ခဲ့သည့် ဆရာမြို့မငြိမ်းလက်ရာ ဇာတ်ဝင်သီချင်းကို အသံတုပညာ ရှင်က ဆိုပြလိုက်ရာ ပရိသတ်အကြား အာရုံထဲရော၊ အမြင်အာရုံထဲမှာ ကွက်ကွက်ကွင်းကွင်းကို ပုံရိပ်ပေါ် သွားပါသည်။ သို့ဆိုလျှင် မည်သူက တော်ပါသနည်း။ ပြောရလျှင် သရုပ် ဆောင်များက ကိုယ်ပိုင်ဟန်၊ ကိုယ် ပိုင်အသံ ထူထောင်နိုင်၍ တော်ကြ သလို၊ သူတို့၏ အသံများကို တစ်ထပ် ထဲတုပပြောဆိုနိုင်သော အသံတု ပညာရှင်များလည်း တော်ကြပါပေ ၏။ ယခုခေတ်မည်သည့် သရုပ် ဆောင်ကို တုပမည်နည်း။ မည်သည့် မင်းသားသည် ကိုယ်ပိုင်ဟန်ကိုယ်ပိုင် အသံထူထောင်နိုင်ပါသနည်း။ ဥပမာ မြင့်မြတ်အသံကို အသံတုပညာရှင်က တုပပြောဆိုပြလျှင် မြင့်မြတ်မှန်းသိပါ မည်လော၊ ဇေရဲထက်၊ နေထူးနိုင် စသဖြင့် တုပပြောဆိုပြလျှင်ကော ပရိသတ်သိပါမည်လော၊ မသိနိုင်ပါ တော့ချေ။ သို့ဆိုလျှင် အဖြူအမည်း ဖလင်ခေတ်မှ သရုပ်ဆောင်များကို သည်ဘက်ခေတ် သရုပ်ဆောင်များ လိုက်မမီကြောင်း သိသာထင်ရှားလှ ပါသည်။ ယခင်ခေတ်သရုပ်ဆောင် များလို ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံ မရှိတော့သော ခေတ်တွင် အသံတု ပညာရှင်များ ပျောက်ကွယ်သွားရ သည်မှာ အနုပညာတစ်ခု သေဆုံး သွားခြင်းဖြစ်တော့သည်။ ဝမ်းနည်း ဖွယ်ရာကောင်းလှ၏။

ကျွန်တော်မှတ်မှတ်ရရ သိမီသ လောက် တင်ပြရလျှင် အသံတုပညာ ရှင်နောက်ဆုံးမျိုးဆက်မှာ ‘ကြယ် တစ်လုံး’ပင်ဖြစ်ပါသည်။ ကြယ်တစ် လုံးသည်L.P.J တီးဝိုင်းခေတ်တွင်L.P.J စင်မြင့်ပေါ်မှ အဆိုတော် ခင် မောင်ထူး၏အသံ၊ အဆိုတော်ကိုင် ဇာ၏အသံအဆိုတော်ဘိုဘိုဟန်၊ တူးတူးတို့၏ အသံများကို တုပ၍ သူ တို့၏ သီချင်းများကို သူတို့၏ အသံ နှင့် တစ်ထပ်ထဲတူအောင် သီဆိုနိုင် ခဲ့သည်။ သို့သော် ခေတ်အရွေ့၊ စနစ် အကွေ့များတွင် Music Band များ လည်း ဟိုတစ်ကွဲ၊ သည်တစ်ကွဲဖြစ် သွားရင်း အသံတုပညာရှင် နောက် ဆုံးမျိုးဆက် ကြယ်တစ်လုံးသည်လည်း တိမ်တိုက်တစ်ခုထဲတွင် ပျောက်ကွယ် သွားချေ၏။ ယခုခေတ် လူငယ်များ၊ မသိမီလိုက်သော အသံတုအနုပညာ တစ်ရပ်ကို သိစေလိုခြင်းငှာ တင်ပြ လိုက်ရခြင်းဖြစ်ပါ၏။

မောင်သစ်လှိုင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071