Saturday, May 17, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeArticlesကျွန်တော်လွမ်းဆွတ်မိသောမန္တလေးသင်္ကြန်

ကျွန်တော်လွမ်းဆွတ်မိသောမန္တလေးသင်္ကြန်

မနက်အိပ်ယာထသည်နှင့် အခန်းတံခါးကို ဖွင့်လိုက်သောအခါ သင်းပျံ့ကြိုင်လှောက်သည့်ပိတောက် ရနံ့များက ကျွန်တော့်ဆီသို့ တိုးဝှေ့ ဝင်လာသည်။ ကျွန်တော့်ဝရန်တာသို့ ထွက်ရပ်ရင်း တစ်အိမ်ကျော်တွင် အဆုပ်လိုက် အခိုင်လိုက်ပွင့်နေသော ပိတောက်ပင်ကြီးကို လှမ်းကြည့်မိ သောအခါ ကျွန်တော်၏ ရုပ်နာမ်နှစ် ပါးစလုံး ပစ္စုပ္ပန်မှ အဝေးသို့ ထွက် ခွာသွားတော့သည်။

”လေလှိုင်းဝယ် xxx မြူးကြ ပြန်တယ် xxx သံစုံသီဖွဲ့လို့ရယ် xxx ချိုနွဲ့သီကြူးတယ် xxx သံစဉ်ညှင်းသွဲ့ သွဲ့ရယ် xxx သင်းပျံ့လှိုင်ကြွယ်လွန်း ကြိုင် xxx ပန်းမျိုးစုံပိတောက်ပန်းရနံ့ ရယ် xxx တွေး တွေးနှိုင်ကို ချာချာ လည် xxx ” အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း၏ လက်ရာ၊ မန္တလေး သင်္ကြန်ဒိုးနှင့် သန်းမြတ်စိုး၏ သီချင်း သံက မြို့မခေတ်ပေါ် တူရိယာအလှ ပြယာဉ်ပေါ်မှ ပျံဝဲလာ၏။

”ဟေ့ကောင်၊ အဲဒါ ဝင်းဦး”
”မဟုတ်ပါဘူးကွ၊ သန်းမြတ်စိုး ပါ”

ဂျစ်ကားကို အမိုးဖွင့်ထားသော သင်္ကြန်လည် ကားအုပ်စုကြီးမှာ ငွေ ငန်းရုပ်ကြီးနှင့် မြို့မကားပေါ်မှ သီ ချင်းသံသည် ဝင်းဦးလော၊ သန်းမြတ် စိုးလော သဲကွဲအောင် လိုက်ကြည့် ကြသည်။ မြို့မခေတ်ပေါ်တူရိယာ အလှပြကားအနီးတွင် စက်ဘီးအုပ်စု ကြီးကလည်း သဲသဲမည်းမည်း ကျွန်တော်တို့လို ဂျစ်ကားအုပ်စုများ ကလည်း တဖွဲဖွဲနှင့် စည်ကားလွန်းလှ ၏။ မန္တလေးတစ်မြို့လုံးတွင် ရေနန်း သဘင်မဏ္ဍပ်ကြီးများ ဟီးထလို့နေ ၏။ တစ်ညလုံးလည်ပတ်လျှင်ပင် မဏ္ဍပ်စုံလိမ့်မည်မထင်။ ‘ဈေးချိုသူ’၊ ‘ချမ်းမြရွှေစင်’၊ ‘ငွေကြယ်ကလေး များ’၊ ‘ငုရွှေဝါ’ ‘နဂါး’စသဖြင့် ရေက စားမဏ္ဍပ်များအပြင် ယိမ်းအက၊ အလှများ ကြည့်ခွင့်ရသလို သင်္ကြန် သံချပ် ပြိုင်ပွဲများကလည်း ခြိမ့်ခြိမ့် သည်းပါဘိ၊ အနုပညာမိုးကောင်း ကင်တွင် စိတြကြယ်ကထွန်းလင်း တောက်ပ နေသော မိဿရာသီပင် ဖြစ်တော့၏။ တစ်ညလုံး ဂျစ်ကား လေးနှင့် ကျွန်တော်တို့ လူငယ်အုပ်စု လည်ပတ်ကြ၏။ စိန်ကျော်ကွေ့ရှိ ‘ငွေကြယ်ကလေးများ’၊ မဏ္ဍပ်ရှေ့ သို့ ဂျစ်ကားကို ထိုးဆိုက်လိုက် သောအခါ ကားဘောနက်ပေါ်သို့ သူငယ်ချင်းနှစ်ယောက် သုံးယောက် လောက်တက်သွားပြီး စတိတ် (ချ) စင်ပေါ်က ယိမ်းပျိုဖြူ ကလေးများနှင့် အပြိုင်ကဲကြ၏။

”မူယာကြော့ xxx ကိုယ်ဟန်ချီ xxx ရွှေချည်ငွေချည် xxx မြမျက် ခြယ်ပုလဲစုံညီ xxx ပြုံးချိုချို မခို့တရို့ နဲ့ ယဉ်ရှာသည် xxx စံ တူမမီလှကို လှသည် xxx ငွေဖလားလေးလည်း မနိုင့်တနိုင်ချီ xxx ရှင်းသန့်ကြည် xxx ရေစိုအောင်လောင်းမည်။ ပျော် စရာအခင်းဖြစ်ပါ၏။ အထက်က က၊ အောက်က ကနှင့် ရိုးရှင်းသော အပျော်များ ကူးစက်ခံစားကြရပါ သည်။ ထိုမှထွက်ခွာ၍ ကျွန်တော်တို့ ဂျစ်ကားလေးသည် ‘နဂါး’မဏ္ဍပ်သို့ သွားခဲ့ကြသည်။ နဂါးမဏ္ဍပ်သည် နာမည်ကြီး နဂါးဆေးလိပ်ခုံ နဂါး ဒေါ်ဦး၏ ရေသဘင်မဏ္ဍပ်ကြီးပင် ဖြစ်ပါသည်။ မဏ္ဍပ်ကြီး၏ မျက်နှာ စာအလျားမှာ ပေတစ်ရာခန့်ရှိမည် ထင်ပါသည်။ မဏ္ဍပ်မျက်နှာကျက် တွင် ပန်ကာများပင် တပ်ဆင်ထား သေး၏။ စတေ့ (ချ) ခုံ၏ လက်ဝဲ လက်ယာတစ်ဖက်တစ်ချက်တွင် တစ် ဖက်က ရွှေဆိုင်းတော်ရွာစားကြီး စိန် မောင်ကို၊ တစ်ဖက်က ဗဟိုလ်ခေတ် ပေါ် တူရိယာဆိုင်းနှင့် မြိုင်ဆိုင်လှ ၏။ မြန်မာသံစဉ်၊ ခေတ်ပေါ်သံစဉ် ကို ပေါင်းစပ်၍ ”နဂါးမယ်ကတဲ့ ဗျော”ဟူသော သီချင်းသည် ယိမ်း သမပေါင်း ငါးဆယ်လောက်ကို ညီ ညွတ်လှပစွာ ကပြစေသည်။ ကြည့်ရ သူ၏ ရင်ထဲတွင် ပီတိဖြစ်ရပါ၏။ ထူးခြားသည်မှာ အနှီ ယိမ်းသမပေါင်း ငါးဆယ်ထဲတွင် အရပ်သူ ဝါသနာ ရှင်များအကြားတွင် အကပညာရှင် မိန်းကလေး တချို့ညှပ်ထားခြင်းဖြစ် သည်။ ထိုရောအခါ ခေါင်း၊ ခါး၊ ခြေ၊ လက် ဤလေးချက် မပျက်စေရ သုခုမဖြစ်သွားချေတော့၏။ ထို့ထက် ပို၍ ထူးခြားသည်မှာ ယိမ်းသမပေါင်း များစွာ၏ အလယ်ထဲတွင် ချောမော လှပသော သင်္ကြန်နတ်သမီးကလေး တစ်ပါးကို ပြတ်ပြတ်ထင်ထင် တွေ့ရှိ နိုင်၏။ အနှီနတ်သမီးလေးကား အခြားမဟုတ်ပါ။ နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်လည်းဖြစ်၊ အကပညာ ရှင်လည်း ဖြစ်သော ဆိုဗီယက်ပြန် ဒေါ်နွဲ့နွဲ့စမ်း၏ သမီး ‘ဥမ္ဗာ’ပင်ဖြစ် တော့၏။ လှသည်၊ ချောသည်၊ အက ကောင်းသည်၊ လူငယ်ပရိသတ်များ၏ ပါးစပ်ဖြားတွင် သူ၏ နာမည်ရေ ပန်းစား၏။ ထိုအထဲတွင် ကျွန်တော် တို့လည်းပါ၏။

”မဥမ္ဗာ တစ်ပင်တိုင် ကပါဗျိုး”
”ဟုတ်တယ်၊ မဥမ္ဗာ တစ်ပင် တိုင် ကပေးပါဗျိုး”

ကျွန်တော်တို့ လူငယ်ပရိသတ် က ထိုသို့ တောင်းဆိုတိုင်း မညည်း မညူ ထကလေ့ရှိ၏။ အနုပညာနှင့် မေတ္တာတရားများ၊ ချစ်ခြင်းတရား များ စီးဆင်းရာနယ်မြေဆိုလျှင် မှန် ပါလိမ့်မည်။ ထိုစဉ်နဂါးရေနန်း သဘင်မဏ္ဍပ်ရှေ့သို့ ငွေငန်းမောင် တို့ အလှပြယာဉ်ထိုးဆိုက်လာ၏။ ယဉ်ကျေးမှုအရ မြို့မကတီးလျှင် စင်ပေါ်မှ ကပေးရ၏။ စင်ပေါ်မှ တီး လျှင်လည်း မြို့မအလှပြယာဉ်ပေါ်မှ တစ်လှည့်ကပေးရ၏။ တိုင်ပင်စရာ မလို၊ ညှိနှိုင်းစရာမလို၊ မန္တလေးယဉ် ကျေးမှုမဟာသင်္ကြန်၏ သမားစဉ်လို ဖြစ်နေ၏။

”ခါတော်ရေသဘင် xxx ဆင် မြန်းတင့်ဆန်းယဉ် xxx တေးသံလွင် လွင် xxx ပျော်ပျော်ရွှင်ရွှင် xxx ငွေ ငန်းမောင်နဲ့ပင် xxx တေးသံသာလွင် xxx အတီးက ကောင်း အကက ကောင်း xxx အဆိုကောင်း ချို ပြုံးရွှင် စိတ်တိုင်းကျပေါ့။ ဆွတ်ဖျန်း လောင်းပက် xxx ခင့်နံ့သာရေစဉ် xxx အထင် များမှားပေါ့ xxx အလှ တိုးကြလို့ ဝင်းဝါ ပျိုနု xxx ရွှေစင် မယ်ရဲ့ အသွင် xxx ”
”ရာသီတွေ နှစ်တွေ ပြောင်း တောင် xxx ဆုတောင်းဘယ်လို xxx မနှစ်က ထက် အလှပိုတယ်ထင် xxx ကြာကြာ လေရင် xxx လှလွန်း လို့ လာရှာသူကို xxx ဖိုးညိုမြဘွဲ့ကို များ xxx နှင်းမှာလားခင် xxx ”
မြို့မတူရိယာ အလှပြယာဉ်ပေါ် မှာ မြို့မအတီး၊ ထိပ်တင်စန်းအဆို၊ နဂါးမဏ္ဍပ်ပေါ်မှ ရောင်စုံပန်းခင်း ကြီးက သုခုမနဲ့ ရွေ့လို့၊ ထိုသို့ တီး ကြ၊ ဆိုကြ၊ ကကြ၍ ပြီးသွားသောအခါ မန္တလေးသင်္ကြန်၏ ချစ်စရာဓလေ့ တစ်ခုမှာ …

”နဂါးမယ် ရေသဘင်အဖွဲ့ကြီး”
”ကျန်းမာပါစေ”
”နဂါးမယ်ရေသဘင်အဖွဲ့ကြီး”
”ကျန်းမာပါစေ”
မြို့မအဖွဲ့သားအားလုံးက ထိုသို့ တစ်ညီတစ်ညွတ်တည်း မေတ္တာပို့ ဆု တောင်းပြီးသောအခါ နဂါးမယ် မဏ္ဍပ်ပေါ်မှ ယိမ်းပျိုဖြူများကလည်း …

”မြို့မခေတ်ပေါ်တူရိယာအဖွဲ့ ကြီး”
”ကျန်းမာပါစေ”
”မြို့မခေတ်ပေါ် တူရိယာအဖွဲ့ ကြီး”
”ကျန်းမာပါစေ”

အပြန်အလှန် မေတ္တာ့ပိုသ နှုတ် ခွန်းဆက်ပြီးသောအခါ မြို့မတူရိယာ အလှပြယာဉ်ကြီး တရွေ့ရွေ့ထွက်ခွာ ရင်း …
”နောင်နှစ်ကိုလည်း ဆီးလို့ကြို ကွယ် xxx မောင်ကြီးလာပါမယ်”။
”ဒီနှစ်ကိုလည်း ဆီးလို့ကြိုကွယ် xxx ငွေငန်းလာပါမယ်”

ဂျစ်ကားပေါ်မှ ကျွန်တော်တို့ လူငယ်တစ်သိုက် အနုပညာ စီးမျော မှုကြားတွင် ကြက်သီးဖြန်းဖြန်းထ သည်အထိ ရင်ခုန်ခံစားခဲ့ရပါ၏။ ထို မန္တလေးယဉ်ကျေးမှု မဟာသင်္ကြန် သည် တစ်နှစ်ကုန်ဆုံးသွားတိုင်း ကျွန်တော်တို့ ရင်ထဲမှ တစ်စုံတစ်ရာ ကို ထုတ်ယူသွားသလို ခံစားရပါ သည်။ နှစ်စဉ်ဆိုသလို ”နောင်နှစ်ကို လည်း ဆီးလို့ ကြိုကွယ် xxx မောင် ကြီးလာပါမယ်”သီချင်းအတိုင်း နောင်နှစ် သင်္ကြန်ကို ကျွန်တော်တို့ ငံ့လင့်နေကြပါသည်။

”မောင် …ထမင်းကြော်စား လေ။ မျက်နှာသစ်ပြီးပြီမဟုတ်လား” ဇနီးသည်၏ အသံက နားစည်ထဲသို့ တိုးဝင်လာသောကြောင့် ကျွန်တော် ၏ ရုပ်ရော နာမ်ပါ ပစ္စုပ္ပန်တည့် တည့်ပြန်ရောက်လာ၏။

”သြော် – ဟို၊ အေးအေး၊ ထမင်းကြော်စားမယ်လေ”
တစ်အိမ်ကျော်မှ ပိတောက်ရနံ့ က လေညှင်းနဲ့အတူ ပျံ့လွင့်ဆဲ၊ ဧည့် ခန်းထဲသို့ ရောက်သောအခါ မိသားစု မနက်စာ ထမင်းဝိုင်းကလေးကို အေး ချမ်းစွာဝိုင်းဖွဲ့နေစဉ်၊ ကျွန်တော့်သား လုပ်သူက ..

”အဖေ၊ ဒီနှစ်သင်္ကြန် ကျုံး မြောက်ဘက်မှာ အယ် (လ)ပိုင်းက စိုင်းစိုင်းခမ်းလှိုင်တို့ဗျ၊ ကျုံးတောင် ဘက်မှာက တိုက်ဂါးဘီယာက လေး ဖြူတို့ အဖေရဲ့ ကျွန်တော့်သားက ထိုသို့ ပြောလိုက်သောအခါ

”သြော် – ဟုတ်လား”

သား၏ စကားကို ပြန်လည်တုန့် ပြန်မှုက ကျွန်တော့်အတွက် အေး စက်စက်နိုင်လွန်းမည်ထင်ပါသည်။ သို့သော် အတိတ်ဆိုသည်မှာ ဒြပ် ထည်တစ်ခုလိုကိုင်ဆုပ်ချပြရန် မဖြစ် နိုင်သော်လည်း စိတ္တဇနာမ်၏ အနက် ရှိုင်းဆုံးနေရာတွင်တော့ အမြစ်တွယ် နေသည်မှာ သေချာပါတော့သည်။

မောင်သစ်လှိုင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071