Friday, May 23, 2025

မီနီအိုးဝေမောင်းသူကို ဓားဖြင့်ထိုးပြီး မီနီအိုးဝေအားလုယက်သွားသူ(၂)ဦးကိုဖမ်းမိ

မန္တလေးတိုင်း၊ အမရပူရမြို့တွင် မေ ၂၁ ရက်ညနေ ၄ နာရီကျော်ခန့်က မီနီအိုးဝေမောင်းနှင်သူအား ဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်ကို လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမရပူရမြို့၊ စျေးကြိုရပ်ကွက်နေ...

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ...

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင်...

ဂါဇာရှိ ဆေးရုံများ၏ အနည်းဆုံး ၉၄%...

ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများအားလုံး၏ အနည်းဆုံး ၉၄% သည် ပျ-က်စီးသွားခြင်း သို့မဟုတ် ဖျ-က်ဆီးခံထားရပြီး ပါလက်စတိုင်းထိန်းချုပ်နယ်မြေ မြောက်ပိုင်းရှိ ပြည်သူများသည် မည်သည့်ဆေးဝါးကုသမှုမှ လက်ခံရရှိရန်...
HomeInternationalကွယ်လွန်ပြီလို့ထင်ထားသူကို ကိုးနှစ်အကြာမှာ အသက်ရှင်လျက်...

ကွယ်လွန်ပြီလို့ထင်ထားသူကို ကိုးနှစ်အကြာမှာ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့

ယာဉ်မတော်မဆ ဖြစ်ပွားပြီးနောက် သေဆုံးပြီဟု မှတ်ယူကာ မီးသင်္ဂြိုလ်လိုက်သော တရုတ် အမျိုးသားတစ်ဦးဟာ ကိုးနှစ်အကြာမှာ မိသားစုဆီ အသက်ရှင်လျက် ပြန်ရောက်လာခဲ့ပါတယ်။

ကျိုးခန်းလော်ဆိုတဲ့ အမျိုးသားဟာ သူနေထိုင်တဲ့ ဘိုးဘွားရိပ်သာကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ပြေးခဲ့ရာ ယာဉ်မတော်မဆဖြစ်ပွားမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုဝင်တွေရော သူငယ်ချင်းတွေကပါ ယာဉ်မတော်မဆ ဖြစ်ပွားတဲ့နေရာမှာ တွေခဲ့ရတဲ့အလောင်းကို ခန်းလော်လို့ ထင်ပြီး မီးသဂြိုလ်ခဲ့ကြတာပါ။

မီးမသင်္ဂြိုလ်ခင် အလောင်းကို ခွဲစိတ်စစ်ဆေးတာမျိုး၊ ဒီအန်အေစစ်ဆေးတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ကိုးနှစ်ကြာပြီးနောက် ရွာဆီပြန်ရောက်လာတဲ့ ခန်းလော်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေကို ချုံးကင်းအာဏာပိုင်တွေက ပြီးခဲ့နှစ် ဩဂုတ်လမှာ စတင်သတိထားမိခဲ့ပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ တရုတ်သတင်းဌာနက ပြောပါတယ်။

ခန်းလော်ဟာ အစပိုင်းမှာ မေးခွန်းတွေဖြေဖို့ ငြင်းဆိုခဲ့တဲ့အတွက် အရာရှိတွေက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ အခက်တွေ့ခဲ့ပေမယ့် အင်္ဂါနေ့(မနေ့)က ပြုလုပ်ခဲ့တဲ့ ဒီအန်အေ စစ်ဆေးမှုမှာ ခန်းလော်ဟာ သူ့အစ်ကိုရဲ့ ဒီအန်အေနဲ့ ကိုက်ညီနေတာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် တရုတ်အာဏာပိုင်တွေဟာ၂၀၁၄ ခုနှစ်က မီးသင်္ဂြိုလ်ခံခဲ့ရတဲ့ အမျိုးသားက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ စုံစမ်းတာတွေ လုပ်ဆောင်နေရပါတယ်လို့ ပြောလာပါတယ်။

Source: ဒေးလီးမေးလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မီနီအိုးဝေမောင်းသူကို ဓားဖြင့်ထိုးပြီး မီနီအိုးဝေအားလုယက်သွားသူ(၂)ဦးကိုဖမ်းမိ

မန္တလေးတိုင်း၊ အမရပူရမြို့တွင် မေ ၂၁ ရက်ညနေ ၄ နာရီကျော်ခန့်က မီနီအိုးဝေမောင်းနှင်သူအား ဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်ကို လုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမရပူရမြို့၊ စျေးကြိုရပ်ကွက်နေ အသက်(၆၀) နှစ်ရှိ အမျိုးသားကြီးတစ်ဦးမောင်းနှင်လာသည့် မီနီအိုးဝေယာဥ်အားဌားရမ်းစီးနင်းလာသော အမျိုး သား(၂)ဦးက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ၏ မိုင်တိုင်အမှတ် ၃၆၄/၇ အနီးအရောက် မီနီအိုးဝေယာဥ်မောင်းနှင်သူအားဓားဖြင့်ထိုး၍ မီနီအိုးဝေယာဥ်အားလုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။ ဓားဖြင့်ထိုးခံရမှုကြောင့် မီနီအိုးဝေယာဥ်မောင်းနှင်သူမှာ လည်ပင်း၌ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဦးခေါင်းနောက်စေ့ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအ တွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်နေသူများဖြစ်သည့် စိုးမင်းထွန်း(ခ)ထက်ရှိုင်း(၁၉)နှစ်နှင့်...

တယ်လီဂရမ်ကို ပိတ်ပင်ရန် ဗီယက်နမ်အစိုးရ ညွှန်ကြား

အက်ပ်အသုံးပြုသူများက ကျူးလွန်သော ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် စာတိုပို့ အက်ပလီကေးရှင်း တယ်လီဂရမ်ကို ပိတ်ပင်ရန် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများကို ဗီယက်နမ်နည်းပညာဝန်ကြီးဌာနက ညွှန်ကြားထားသည်ဟု အစိုးရစာတစ်‌ေစာင်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ နည်းပညာဝန်ကြီးဌာန တယ်လီကွန်းဌာန ဒုတိယအကြီးအကဲက မေလ ၂၁ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထားသော အဆိုပါ စာရွက်စာတမ်းတွင် တယ်လီဂရမ်ကို ပိတ်ပင်အရေးယူရန်နှင့် ဇွန်လ ၂ ရက်‌ေန့ကို နောက်ဆုံးထား၍ ဝန်ကြီးဌာနသို့ သတင်းပို့ရန် ဆက်သွယ်ရေးကုမ္ပဏီများကို ညွှန်ကြားထားသည်။ ဗီယက်နမ်နိုင်ငံတွင် တယ်လီဂရမ်၏ လုပ်ဆောင်ချက်များကို ဟန့်တားရန်အတွက်...

မန္တလေးရှိ ငလျင်ဒဏ်သင့် ပြည်သူများသို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ကြီးနှင့် တပည့်သာဝကများက သွားရောက်လှူဒါန်း

ငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ ဆရာတော် ဘုရားကြီးသည် ယနေ့ မေ(၂၃) ရက်တွင် မန္တလေးမြို့သို့ ကြွရောက်တော်မူခြင်း ဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တစ်တိုင်းလုံးရှိ ဆေးရုံများသို့ အောက်စီဂျင်စက် အလုံး (၁၀၀) လှူဒါန်းခြင်း၊ မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း (၁,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ဆရာတော်ကြီးသည် Win Unity Hotel ရှေ့တွင်ငလျင်ဘေးသင့် မန္တလေးပြည်သူများသို့ (၂) ပြည်အိတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071