Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeMoviesကွပ်ဒ် လေးနိုင်ငံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ...

ကွပ်ဒ် လေးနိုင်ငံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ နူးဒေလီတွင် တွေ့မည်

ကွပ်ဒ်ဟု လူသိများသော အင်ဒို-ပစိဖိတ်ဒေသကို အဓိကထားသည့်အဖွဲ့၏ အရှိန်အဟုန်ကိုပြည်လည်ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် အင်္ဂါနေ့တွင် နူးဒေလီ၌ တွေ့ဆုံကြမည်ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်ပ် လက်ထက်တွင် ယင်းအဖွဲ့၏ လှုပ်ရှားမှုများ နှေးကွေးသွားသည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။
     
နိုင်ငံများ၏ ထိပ်တန်းသံတမန်များဖြစ်သည့် သြစတြေးလျမှ ပင်နီဝေါင်၊ အိန္ဒိယမှ အက်စ် ဂျေးရှန်ကာ၊ ဂျပန်မှ တိုရှီမစ်ဆု မိုတီဂီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့၏ တွေ့ဆုံမှုသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလနောက်ပိုင်း တတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။
       
အဆိုပါလေးနိုင်ငံသည် ပြီးခဲ့သည့်နှစ်က အိန္ဒိယတွင် ထိပ်သီးအစည်းအဝေး ကျင်းပရန် မျှော်လင့်ထားခဲ့သော်လည်း ဝါရှင်တန်၏ အခွန်ကောက်ခံမှုနှင့် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ ထရမ့်ပ်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီတို့အကြား တင်းမာမှုများကြောင့် အကောင်အထည်မပေါ်ခဲ့ပေ။
       
သို့သော် တရုတ်၏ ကြီးထွားလာသော အင်အားအပေါ် ထိုနိုင်ငံများတွင် တူညီသော စိုးရိမ်မှုများရှိကြပြီး လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ကို ထိန်းသိမ်းရန်သည် အရေးကြီးကြောင်းကို နူးဒေလီနှင့် ဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်သည့် လေးရက်ကြာခရီးစဉ်အတွက် စနေနေ့တွင် အိန္ဒိယသို့ ရောက်ရှိလာသည့် ရူဘီယိုက အလေးပေးပြောကြားခဲ့သည်။
        
“ကွပ်ဒ်ကို အတွေးအခေါ်တူ နိုင်ငံတွေရဲ့ ခြောက်လတစ်ကြိမ် အစည်းအဝေးတစ်ခုအဖြစ်သာ မဖြစ်စေလိုပါဘူး” ဟု ရူဘီယိုက တနင်္ဂနွေနေ့တွင် အိန္ဒိယမီဒီယာများကို ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ကိစ္စရပ်တွေအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့် ဖိုရမ်တစ်ခု ဖြစ်လာစေချင်ပါတယ်” ဟု ၎င်းက ဆိုခဲ့သည်။
       
အမေရိကန်ပြည်ထောင်စုအနေဖြင့် ကွဒ်သည် ရေကြောင်းလုံခြုံရေးနှင့် အရေးကြီးသည့် တွင်းထွက်သတ္ထု့များကဲ့သို့ ကိစ္စရပ်များတွင် လက်တွေ့ကျသော လုပ်ဆောင်ချက်များကို လုပ်ဆောင်စေလိုကြောင်း ရူဘီယိုက ပြောကြားခဲ့ပြီး ယခုနှစ်အနှောင်းပိုင်းတွင် ခေါင်းဆောင်များ၏ အစည်းအဝေးဖြစ်ပေါ်ရေး သံတမန်များက လုပ်ဆောင်သွားမည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
     
“အဲဒီရက်စွဲကိုတော့ မသိရသေးပါဘူး၊ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ ခေါင်းဆောင်လေးဦးစလုံး စုဝေးဖို့ရာ အချိန်တစ်ခု  ချမှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။

Ref: ရို-က်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071