ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော ကွန်ရက်ပြတ်တောက်မှုကြောင့် စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့ရသည့်အတွက် အနူးအညွတ်တောင်းပန်အပ်ကြောင်း U9 က တောင်းပန်ကြောင်း ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါနေ့ရက်တွင် စိတ်ရှည်စွာ သည်းခံစောင့်ဆိုင်းပေးခဲ့မှုနဲ့ နားလည်ပေးမှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း နှင့် သုံးစွဲသူများကို ဖုန်းခေါ်ဆိုမှုမိနစ် နှင့် ဒေတာများလက်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
U9သုံးစွဲသူများ အားလုံးအတွက် ၂ရက်သက်တမ်းရှိ 500MB ဒေတာ၊ U9 အချင်းချင်းခေါ်ဆိုရန် 500 မိနစ် ၊ U9 အချင်းချင်းပို့ရန် 500 SMS တို့ကို အလိုအလျောက် လက်ဆောင်ထည့် ပေးထားမည်ဖြစ်ကြောင်း သိရသည်။
လက်ဆောင်လက်ကျန်များကို U9 App ကနေ (သို့) *124#ကို ခေါ်ဆိုစစ်ဆေးနိုင်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။
