Tuesday, June 24, 2025

မကွေးတိုင်း ဆည်၊ ကန်၊ တမံများ၏...

မကွေးတိုင်းအတွင်းရှိ ဆည်၊ ကန်၊ တမံ များ၏ ရေသိုလှောင်ထားမှုမှာ ကြံ့ခိုင်ကောင်းမွန်လျှက်ရှိသည်ဟု တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ယနေ့ ဇွန်...

ကျိုက်ထိုတွင် ရာဘာမှိုင်းခံရုံမီးလေ-ာင်မှုဖြစ်ပွား

ယနေ့ ဇွန် ၂၄ ရက် နံနက်၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်နှင့် စွပ္ပနူးကျေးရွာကြားရှိ ရာဘာမှိုင်းခံရုံတစ်ခု...

ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများရှိလာ

တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၂...

ကမ္ဘောဒီးယားနှင့် နယ်စပ်ကို ထိုင်းစစ်တပ်က ပိ-တ်လိုက်ပြီ

ကမ္ဘောဒီးယား၏ ထိုင်းပိုင်နက်ကို ခြိမ်းခြောက်မှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ထိုင်းကြည်းတပ်နှင့် ရေတပ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ကို ပိ-တ်လိုက်ကြောင်း သိရသည်။ ပထမစစ်တိုင်းဌာနနှင့်...
HomeNewsLocal Newsကြွေးကျန်ကင်းရှင်းသူများ ၂၀၂၅ ခုနှစ်...

ကြွေးကျန်ကင်းရှင်းသူများ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်

စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းပါက ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးနိုင်ပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပြီး တောင်သူလယ်သမားများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ဦးနှစ်ဖက် တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် စိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးလျက်ရှိရာ တောင်သူဦးကြီးများအနေဖြင့် အချိန်စေ့ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးသော ဖွံ့ဖြိုးရေးချေး ငွေနှစ်တို၊ နှစ်ရှည်ချေးငွေများကိုလည်း သတ်မှတ်စည်းက မ်းချက်များနှင့်အညီ ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ချေးငွေအရင်း၊ အတိုးများပါ ပေးဆပ်ပြီးသည့် တောင်သူများသို့ မိုးရာသီစိုက်ပျိုးချိန်အမီ မေလ (၁၉) ရက်မှစတင်၍ ယခင်နှစ်နည်းတူ တစ်နှစ်လျှင် အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများမှတဆင့် ထုတ်ချေးနေပြီဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် ၂၀၂၅ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ အချိန်မီရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးတိုင်း ဆည်၊ ကန်၊ တမံများ၏ ရေသိုလှောင်ထားမှု ကြံ့ခိုင်ကောင်းမွန်လျှက်ရှိသည်ဟု တိုင်းဒေသကြီး ဆည်မြောင်း အသိပေး

မကွေးတိုင်းအတွင်းရှိ ဆည်၊ ကန်၊ တမံ များ၏ ရေသိုလှောင်ထားမှုမှာ ကြံ့ခိုင်ကောင်းမွန်လျှက်ရှိသည်ဟု တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ယနေ့ ဇွန် (၂၄) ရက်တွင် အသိပေးထားသည်။ ယနေ့ နံနက် (၆)နာရီအချိန်အထိ အဆိုပါဆည်၊ ကန်နှင့် တမံများ၏ ရေသိုလှောင်ထားမှုအခြေအနေအပါအဝင် တမံနှင့် ဆက်စပ် ရေအားအဆောက်အအုံများကောင်းမွန်ကြောင်း ဆိုသည်။ မကွေးတိုင်းအတွင်း ဆည်၊ ကန်နှင့် တမံ စုစုပေါင်း (၅၇)ခု ရှိကာ၊ လက်ရှိအချိန်အထိ ရေပိုလွှဲမှ ရေကျော်သည့် တမံ (၈)ခုသာရှိသေးကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။ ၎င်းတမံများမှာ...

ကျိုက်ထိုတွင် ရာဘာမှိုင်းခံရုံမီးလေ-ာင်မှုဖြစ်ပွား

ယနေ့ ဇွန် ၂၄ ရက် နံနက်၂ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်နှင့် စွပ္ပနူးကျေးရွာကြားရှိ ရာဘာမှိုင်းခံရုံတစ်ခု မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလေ-ာင်ပြင်သို့ ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျိုက္ကသာနယ်မြေမီးသ-တ်စခန်းမှ မီးငြှိမ်းသ-တ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသ-တ်ခဲ့ရာ ၄ နာရီ၁၄ မိနစ်အချိန် အပြီးသတ် မီးငြိမ်းသ-တ်နိုင်ခဲ့ကြောင်း သိရသည်။ ဓာတ်ပုံ- MFSD

ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများရှိလာ

တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ တွေ့ရှိရသော စာရင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်မူ ဝမ်းပျ-က်ဝမ်းလျှောရောဂါ သာမန်ဖြစ်ပွါးသူလူဦးရေ ၆၀ ရှိနေပြီး ပဲခူးတိုင်းတွင်မူ ပြင်းထန်အဆင့်ဖြစ်ပွါးသူ နှစ်ဦး ရှိနေသည်။ မိုးဦးကျကာလဖြစ်သည့်အတွက် ယင်းကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီး ဌာနက တို-က်တွန်း နှိုးဆော်ထားသည်။ ဝမ်းပျ-က်ဝမ်းလျော ရောဂါဖြစ်ခြင်းသည် မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအသောက်များ စားမိရာမှတဆင့် ဖြစ်ပွားလေ့ရှိပြီး၊ ရောဂါလက္ခဏာများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071