၂၀၁၉ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် “ကြာတော့သည်လည်းမောင့်စကား” ဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုကို အကယ်ဒမီ ဖွေးဖွေးရရှိမည်ဟု ရုပ်ရှင်ချစ်ပရိသတ်များက ခန့်မှန်းမှုများရှိနေသည်။
ရွှေအိမ်စည် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ပြီး စာရေးဆရာမ ဂျူး၏ ဝတ္ထုကို ဇာတ်ညွှန်း မိုးနီလွင်က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ မီးပွားက ဖန်တီးပုံဖော် ရိုက်ကူးထားသည့် ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်သည်။
ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေအနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း ၊ ဖွေးဖွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ဆောင်ထားပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကောင်း တစ်ပုဒ်အနေဖြင့် တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မကြာမီ အချိန်အတွင်းမှာ ဖွင့်ဖောက်ကြေညာသွားမယ့် ၂၀၁၉ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုအတွက် တစ်ပေးခံထားရသည့် အနုပညာရှင်များထဲတွင် ဝါရင့်အနုပညာရှင်များစွာ ပါဝင်နေသည့်အတွက် အမှန်တကယ် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေတာပဲ ဖြစ်သည်။
