Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀...

ကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀ ကျပ်ကျော်အထိ ဈေးမြင့်တက်လာ

ပြည်တွင်း စားသောက်ကုန်ဈေးကွက်တွင် ကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀ ကျပ်ကျော်အထိ မြင့်တက်လာကြောင်း ကြက်သွန်ဖြူရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ တင်သွင်းနေသည့် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်) သည် ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်မှုနည်းနေသည့်အတွက် ကြူကုတ်စျေးလည်း မြင့်တက်လာပြီး ပြည်တွင်းထွက် ကြက်သွန်ဖြူစျေးသည်လည်း ယခင်ကထက် ပိုမိုမြင့်တက်လာနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“ကြူကုတ်က အဝင်နည်းလို့တက်တာ။ ခုရက်ဆို ၆၉၀၀ လောက် ဖြစ်တယ်။ တရုတ်က အဝင်နည်းနေလို့ပါ။ တင်သွင်းရတာ အခက်အခဲရှိနေတာပေါ့။ ရှမ်းတွေက နည်းနည်းပြန်ကျတဲ့ သဘောရှိပေမယ့် အကြီးဆိုရင် ၈၃၀၀ ရှိနေသေးတယ်။ မနှစ်က အများဆုံးစျေးကမှ ၅၀၀၀ တောင်မရှိဘူး။ အခုက တအားကို မြင့်နေတာပေါ့။ လက်လီကတော့ ချက်ချင်းမကျဘူး။ ၃ ရက်လောက်နေမှပဲ ချရောင်းကြတာ” ဟု ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တရုတ်ကြက်သွန်ဖြူသည် ရန်ကုန်ကုန်စည် ဒိုင်ပေါက်စျေးအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၇၀၀၀ ဝန်းကျင်သာရှိသော်လည်း ပြင်ပလက်လီစျေးကွက်တွင် ကျပ် ၉၀၀၀ အထိရှိနေကြောင်းနှင့် ရှမ်းပြည်ထွက်ကြက်သွန်ဖြူသည် ကုန်စည်ဒိုင်စျေးတွင် ကျပ် ၈၅၀၀ ဝန်းကျင်ရှိပြီး လက်လီစျေးကွက်၌ တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ စျေးနှုန်းရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်ကြက်သွန်ဖြူ တစ်ပိဿာလျှင် လက်လီစျေးကွက်၌ ကျပ် ၇၀၀၀ မှ ၈၀၀၀ စျေးရှိပြီး ရှမ်းကြက်သွန်ဖြူစျေးနှုန်းမှာ ကျပ် ၈၀၀၀ မှ ၉၀၀၀ ဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။

ကြက်သွန်ဖြူကို ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်ကို တန်ချိန် ၃၀၀၀၀ ဝန်းကျင်တင်ပို့မှုရှိကြောင်း၊ အများဆုံးတင်ပို့မှုသည် တာချီလိတ် ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ကြက်သွန်ဖြူကို ပြည်တွင်းစိုက်ပျိုးမှုအနေဖြင့် ရှမ်းပြည်နယ်တွင် နှစ်စဉ်စိုက်ပျိုးဧက သောင်းနှင့်ချီ စိုက်ပျိုးလေ့ရှိပြီး အဓိကအနေဖြင့် အောင်ပန်း၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင် အနည်းငယ်စိုက်ပျိုးမှုရှိကြောင်း သိရသည်။

ကြက်သွန်ဖြူကို နှစ်စဉ်အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဖေဖေါ်ဝါရီလနှင့် မတ်လတွင် သီးနှံစတင်ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071