ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ကျွန်းတောလမ်းပွဲဈေးကို စက်တင်ဘာ (၁၆) ရက်မှ စက်တင်ဘာ (၂၀) ရက်အထိ ကျင်းပလျက် ရှိသည်။
ယခုနှစ်တွင် စားသောက်ဆိုင်ခန်းများ ပိုမိုများပြားပြီး လူသုံးကုန်ပစ္စည်းများရောင်းချသည့် ဈေးဆိုင်ခန်းများလည်း ရှိနေသည်။
ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများအကြား မလုပ်ဖြစ်ခဲ့သည့် ကျွန်းတောလမ်းပွဲဈေးသည် ယမန်နှစ်က စတင်ကာ ပြန်လည်ကျင်းပနေခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ပွဲဈေးကိုညစဥ်လာရောက်လည်ပတ်သူ အများအပြားရှိနေသည်။
