၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအနေဖြင့် အခကြေးငွေ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
အလားတူ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုရန်လိုအပ်ကြောင်းလည်း အသိပေးထားသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့်ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်သည်။
ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင်မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်း ထပ်လောင်းအသိပေးထားသည်။
အကယ်၍ ကောက်ခံခြင်းပြုပါက ညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားနိုင်ပြီး ပညာရေးဝန်ကြီးဌာန၊ နေပြည်တော်သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။