Saturday, July 25, 2026

မလေးရှားက၂၀၂၈ တွင် ပထမဆုံး လူသုံးကာကွယ်ဆေးထုတ်ရန်...

        မလေးရှားနိုင်ငံသည် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် လူသုံးကာကွယ်ဆေးကို ထုတ်လုပ်ရန် စီစဉ်ထားသည်။     ယင်းသည် ပြည်ပမှ တင်သွင်းသော...

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာသောင်းနိုင် ကိုခန့်အပ်တာဝန်ပေး

ဆောင်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာသောင်းနိုင် ကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇူလိုင် ၂၅ ရက်တွင် အ မိန့်အမှတ် ၆၁ /၂၀၂၆...

ဖလမ်းမြို့ နေရပ်ပြန် ဒေသခံပြည်သူများအား နိုင်ငံတော်မှ...

ဖလမ်း၊ ဇူလိုင် ၂၅ချင်းပြည်နယ်၊ ဖလမ်းမြို့ ရပ်ကွက်များသို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင်...

ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယာဥ်တို-က်မှုဖြစ် ယာဥ်မောင်း‌ေ-သဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ ဇူလိုင် ၂၅ ရက်ညနေ ၅ နာရီခွဲခန့်က ပြင်းထန်သည့်ယာဥ်တို-က်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပျော်ဘွယ်မြို့နယ်၊ ဝါးရင်းတုတ်ကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင်...
HomeNewsLocal Newsကျောင်းသားများ၏ Mobile Phone...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍ Digital Safety အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးဌာန ပြော

နေပြည်တော်၊ ဇူလိုင် ၂၅

ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် Digital Safety အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ Mobile Phone နှင့် Online Platform များကို ပညာရေးအထောက်အကူပြုနည်းလမ်းအဖြစ် အကျိုးရှိပြီး လုံခြုံစိတ်ချစွာ အသုံးပြုနိုင်စေရေးအတွက် ကျောင်းစည်းကမ်းများ ချမှတ်ခြင်း၊ မိဘ၊ ဆရာ၊ ကျောင်းသားများ ပူးပေါင်းအသိပညာပေးခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ Digital Safety အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် သင်ကြားသင်ယူမှုဖြစ်စဉ်တွင် မိဘများ၏ ပူးပေါင်းပါဝင်မှုသည် ကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသဖြင့် အခြေခံပညာကျောင်းများတွင် မိဘ-ဆရာအသင်းများကို စနစ်တကျဖွဲ့စည်းထားပြီး မိဘများ ပိုမိုပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Mobile Phone အသုံးပြုမှုကို ကန့်သတ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကလေးများ ဖုန်းအလွန်အကျွံသုံးစွဲခြင်း၊ မသင့်လျော်သည့် အကြောင်းအရာများကို အတုယူခြင်း၊ ကျောင်းသားအချင်းချင်း နိုင်ထက်စီးနင်းပြုမူခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကာကွယ်ရန်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် လက်ရှိတည်ဆဲဥပဒေများတွင် ကလေးများ၏ Mobile Phone အသုံးပြုမှုကို တိုက်ရိုက်ကန့်သတ်ထားသည့် ပြဋ္ဌာန်းချက်မရှိသေးသော်လည်း ကလေးများကို ဥပဒေအရ အကာအကွယ်ပေးခြင်းနှင့် လိုအပ်ပါက အရေးယူနိုင်သည့် ပြဋ္ဌာန်းချက်များ ရှိပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားက၂၀၂၈ တွင် ပထမဆုံး လူသုံးကာကွယ်ဆေးထုတ်ရန် စီစဉ်

        မလေးရှားနိုင်ငံသည် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် လူသုံးကာကွယ်ဆေးကို ထုတ်လုပ်ရန် စီစဉ်ထားသည်။     ယင်းသည် ပြည်ပမှ တင်သွင်းသော ကာကွယ်ဆေးများအပေါ် မှီခိုရမှုကို လျှော့ချရန်နှင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အားကောင်းစေရန်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်သည်။       13-valent pneumococcal conjugate ကာကွယ်ဆေး သို့မဟုတ် PCV13 သည် အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြေးရောင်ရောဂါကဲ့သို့ ပြင်းထန်သောရောဂါများကို ဖြစ်စေသည့် Streptococcus pneumoniae ဘက်တီးရီးယား ၁၃ မျိုးမှ ကာကွယ်ပေးသည့် ထိုးဆေးဖြစ်သည်။          ကာကွယ်ဆေးထုတ်လုပ်ရာတွင်...

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာသောင်းနိုင် ကိုခန့်အပ်တာဝန်ပေး

ဆောင်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာသောင်းနိုင် ကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇူလိုင် ၂၅ ရက်တွင် အ မိန့်အမှတ် ၆၁ /၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉)တို့အရ ဒေါက်တာသောင်းနိုင် အား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့် အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ဖလမ်းမြို့ နေရပ်ပြန် ဒေသခံပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့မှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ဖလမ်း၊ ဇူလိုင် ၂၅ချင်းပြည်နယ်၊ ဖလမ်းမြို့ ရပ်ကွက်များသို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၄ ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုစဉ် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အခြေခံဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများ ဒေသခံများထံ အပြည့်အဝ ရရှိရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များကို ဒေသခံပြည်သူများက မိသားစုအလိုက် ဝိုင်းဝန်း ပြန်လည်ပြုပြင်နေမှုများကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071