Saturday, June 13, 2026

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂...

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုကိုကူညီမည်

ဇွန်လ ၁၀ ရက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပံ့ပိုးကူညီသွားမည့်...
HomeNewsLocal Newsကျောင်းဖွင့်ချိန်အမီ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့်...

ကျောင်းဖွင့်ချိန်အမီ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ၊ စာသင်ခန်းများဖွင့်လှစ်မည်

မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမီ အဆင်သင့်ပြင်ဆင်ထားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍ မရကြောင်း၊ ပြန်လည်တည်ဆောက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အရေးကြီးကြောင်း၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် မိဘပြည်သူ များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ပြင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အန္တရာယ်ရှိ ကျောင်းအဆောက်အအုံများကို အမြန်ဆုံး စနစ်တကျ ရှင်းလင်းဆောင်ရွက်ရန်၊ မိမိတို့ဦးစီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းများ၊ အဆောက်အအုံများကို အသေးစားပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းဟူသော သတ်မှတ်ချက်သုံးမျိုးနှင့်အညီ စနစ်တကျ စာရင်းပြုစုထားရှိရန်၊ ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်သွားကြရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် စာသင်ကျောင်း (၂,၅၁၄) ကျောင်း ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည့် စာရင်းအချက် အလက်များအရ သိရသည်။

လိုအပ်သောဒေသများတွင် ယာယီစာသင်ဆောင်များနှင့် ယာယီလူနေဆောင်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီးက အစည်းအဝေးတွင် ‌ထည့်သွင်းပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းမာရေးဝန်ထမ်းများကသွေးလှူဒါန်းမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြုမှတ်တမ်းတင်နေမှုတို့ကိုကြည့်ရှုပြီး သွေးလှူရှင်များကိုအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အထွေထွေရောဂါ၊ ကလေးကျန်း မာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊  လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့်...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071