ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ကျောင်းကုန်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည့် အချုပ်သား (၈) ဦးသ ည် ဧပြီ (၂၇) ရက် နံနက်ပိုင်းက အချုပ်ခန်းအားဖောက်ကာ ထွက်ပြေးသွားခဲ့ပြီး အဆိုပါ (၈) ဦးအနက် (၅) ဦးကိုပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။
အချုပ်သားများဖြစ်သည့် သိန်းထွန်းဦး၊ ဝင်းနိုင်ထွန်း၊ရှိုင်းထက်အောင်၊ ချစ်မင်းဦး(ခ)ချစ်ဦး၊ ဖိုးသဲ(ခ)ဝေမင်းဦး၊ထွန်းလင်းနိုင်၊အောင်မျိုးဦးနှင့် သန်းတိုးအောင်တို့သ ည် အချုပ်ခန်း အနောက်ဖက်ရှိ ၄ ×၂ သစ်သားတိုင်အမှ တ်(၁၂၉)၊ အရှည်(၂)ပေခန့်အား သံဖြတ်လွှဖြင့်ဖြတ်ကာ သံဆူးကြိုးအား ကလန့်၍ ထွက်ပြေးသွားခဲ့ကြခြင်းဖြစ် သည်။
ယင်းကဲ့သို့ အချုပ်ခန်းဖောက် ထွက်ပြေးသူ အချုပ်သားများအား ပြန်လည်ဖမ်းဆီးရမိရေးအတွက် ကျောင်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေခဲ့ရာ ယင်းနေ့နံနက် (၈) နာရီခွဲခန့်တွင် သန်းတိုးအောင်၊ နံနက် (၈) နာ ရီ (၅၀) မိနစ်ခန့်တွင် ချစ်မင်းဦး(ခ)ချစ်မင်းတို့အား ပြန် လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဧပြီ (၂၈) ရက်နံနက် (၉) နာရီ (၁၅) မိနစ်တွင် ထွန်းလင်းနိုင်၊ နံနက် (၁၀) နာရီ (၅၀) မိနစ်ခန့်တွင် ဖိုးသဲ(ခ)ဝေမင်းဦးနှင့် အောင်မျိုးဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိသည့် အချုပ်ခန်းဖောက်ပြေးသူ (၃) ဦးအား ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
