တပ်မတော်မှ ကျောက်မဲမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၇ ရက်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တန်းစဥ်အလိုက်ကျောင်းအပ်လက်ခံခဲ့ရာ ကျောင်းသား/ ကျောင်းသူ(၂၀၆)ဦးကျောင်းအပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ကျောက်မဲမြို့၌ ဌာနဆိုင်ရာလုပ်ငန်းများပြန် လည်လည်ပတ်နိုင်ရေးအတွက် ကျောက်မဲမြို့တွင်ရောက်ရှိနေသော ဌာနဆိုင်ရာဝန်ထမ်းများစားသောက်နေထိုင်ရေးအဆင်ပြေစေရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို တာဝန် ရှိသူများကထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆ ရာဝန်များ၊ သူနာပြုများက အောက်တိုဘာ ၅ ရက်မှစ တင်၍ ကျောက်မဲမြို့ရှိ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံများအား ဆေးကုသပေးခဲ့ရာ ယနေ့အထိဒေသခံ(၁၆၉)ဦးကိုကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
