Tuesday, July 15, 2025

တာချီလိတ်မြို့တွင် ဘုရားမီးပူဇော်ထားရာမှ နှစ်ထပ်နေအိမ်မီးလေ-ာင်မှုဖြစ်

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီခွဲခန့်က ဘုရားမီးပူဇော်ထားရာမှ နှစ်ထပ်နေအိမ်မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ...

Facebook နှင့် messenger မှာ...

၂၀၂၅ ဇွန်လမှာ မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက်စာသား ပြောင်းလဲခြင်းကို Facebook နှင့် Messenger...

Bangladesh Bouddha Kristi Prachar...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Bangladesh Bouddha Kristi Prachar Sangha အသင်းက တာကာ (၂၀၀,၀၀၀)လှူဒါန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဒါကာမြို့သို့...

ရွှေအလေးချိန်စနစ်သစ် လိုက်နာမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးမည် ရွှေဆိုင်များအနေဖြင့်...

အလေးချိန်စနစ်သစ်နှင့် ပတ်သက်၍ အသိပညာပေး ကာလပြီးလျှင် ကွင်းဆင်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရန်ရှိ‌ကြောင်း အသိပေးထားခြင်းဖြစ်သည်။ ရွှေဆိုင်များအနေဖြင့် ရွှေတစ်ကျပ်သားအလေးချိန် စနစ်သစ်ဖြစ်သော (၁၆.၃၂၉၃၂၅) ဂရမ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း...
HomeNewsLocal Newsကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးတွင် Hijet...

ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးတွင် Hijet ကားတောင်ကမ်းပါးရံဝင်တိုက် ကားမောင်းသူအပါအဝင် ၃ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးဂုတ်တွင်းအဆင်း ကျွန်းတောကွေ့တွင် ဇန်နဝါရီ ၅ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ သိရသည်။

ယနေ့နံနက် ၉ နာရီခန့်က ပြည်ထောင်စုလမ်းမကြီးဂုတ်တွင်းအဆင်း ကျွန်းတောကွေ့တွင် Hijet ကားတစ်စီး တောင်ကမ်းပါးရံဝင်တိုက်မိခဲ့၍ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သတင်းအရ ကမ်းလင့်လက်များလူမှုကူညီရေးအသင်း(နောင်ပိန်)မှ ကူညီရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ ခါးတွင်ထိခိုက်ဒဏ်ရာရရှိထားသည့် ကားမောင်းသူနှင့်ထိခိုက်ပွန်းပဲ့ဒဏ်ရာရရှိသူ ၂ ဦးတို့အား မြေပြင်ပြုစုကုသမှုများပြုလုပ်ပေးပြီးနောက် နောင်ပိန်တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

” Hijet ကားက မောင်းလို့မရတော့တဲ့အတွက် မြေသယ်ကားကြီးတစ်စီးနဲ့သယ်သွားရတယ်၊ ကျွန် တော်တို့က ကားကြီးပေါ်ကိုဝိုင်းပြီးမတင်ပေးခဲ့ရပါတယ် ဘယ်ကိုပို့မယ်ဆိုတာတော့မသိဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်မြို့တွင် ဘုရားမီးပူဇော်ထားရာမှ နှစ်ထပ်နေအိမ်မီးလေ-ာင်မှုဖြစ်

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင် ၁၅ ရက်နံနက် ၈ နာရီခွဲခန့်က ဘုရားမီးပူဇော်ထားရာမှ နှစ်ထပ်နေအိမ်မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်ရှိ နှစ်ထပ်နေအိမ်တစ်လုံးတွင် ဖယောင်းတိုင်ဖြင့်ဘုရားမီးပူဇော်ရာမှ နေအိမ်အခန်းတွင်းမီးကူးစက်လေ-ာင်ကျွမ်းနေသဖြင့် တာချီလိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အခင်းဖြစ်နေရာအနီးနေသူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင်မီးငြိမ်းသွားခဲ့ပြီး မီးလေ-ာင်မှုကြောင့် နှစ်ထပ်နေအိမ်အပေါ် ထပ်ရှိ အဲကွန်း၊ မျက်နှာကြပ်အချို့နှင့် ဘုရားစင်တို့မီးလေ-ာင်ပျ-က်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်မှ ပိုင်ရှင်ဖြစ်သူအား မီးပေါ့ဆစွာအသုံးပြုရာမှ မီးလေ-ာင်မှုဖြစ်ပွားခဲ့၍ ဟောင်လိတ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Facebook နှင့် messenger မှာ မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက် စာသားပြောင်းလဲခြင်းကို ပိတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာ

၂၀၂၅ ဇွန်လမှာ မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက်စာသား ပြောင်းလဲခြင်းကို Facebook နှင့် Messenger ပေါ်တွင် မြင်တွေ့ရတော့မည် မဟုတ်တော့ကြောင်း အသိပေးကြေညာထားပြီးဖြစ်ပြီး ယခုအချိန်တွင် မြန်မာဘာသာ (ယူနီကုတ်) နှင့် မြန်မာဘာသာ (ဇော်ဂျီ) တို့အကြား အလိုအလျောက်စာသား ပြောင်းလဲခြင်းကို ပိ-တ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဇူလိုင်လ (၁၅) ရက်မှာ Meta Myanmar က အတည်ပြုကြေညာလိုက်ကြောင်း သိရသည်။ ကြေညာချက်အပေါ် အလေးပေးဖတ်ရှုပြီး ပူးပေါင်းပါဝင်ပေးသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း...

Bangladesh Bouddha Kristi Prachar Sangha အသင်းက တာကာ(၂)သိန်းလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Bangladesh Bouddha Kristi Prachar Sangha အသင်းက တာကာ (၂၀၀,၀၀၀)လှူဒါန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဒါကာမြို့သို့ ဇူလိုင် ၁၃ ရက်က လာရောက်လှူဒါန်းရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမိုးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071