Sunday, June 28, 2026

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ...

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး...

The Whole Burma First...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂...

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅)...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း...

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁)...

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏...
HomeNewsLocal Newsကျောက်မဲနှင့်သီပေါ ဒေသစစ်ရှောင်အများစု နေရပ်ပြန်ပြီဖြစ်

ကျောက်မဲနှင့်သီပေါ ဒေသစစ်ရှောင်အများစု နေရပ်ပြန်ပြီဖြစ်

လားရှိုးမြို့၌ လာရောက်ခိုလှုံသည့် ကျောက်မဲနှင့် သီပေါဒေသမှ စစ်ဘေးရှောင်အများစုမှာ ယနေ့ အောက်တိုဘာ (၂၀)ရက်တွင် နေရပ်ပြန်ကြပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

မြန်မာ့တပ်မတော်က ယခုအောက်တိုဘာလအတွင်း ကျောက်မဲနှင့် သီပေါမြို့ကို ပြန်လည်ထိန်းချုပ်အပြီး (၂)ရက်အကြာတွင် ဒေသခံများနေရပ်သို့ ပြန်ကြခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ကျောက်မဲနှင့် သီပေါဒေသခံများအတွက် လားရှိုးမြို့ခံများက ကားများစီစဉ်ပေးကာ နေရပ်မြို့အထိ အခမဲ့ပို့ဆောင်ပေးကြကြောင်း သိရသည်။

“ပြန်တဲ့သူတွေလည်း ပြန်ကြပြီပေါ့။ ကျန်တာသေးလည်းရှိပါသေးတယ်။ နောက်ရက် ဖြည်းဖြည်းချင်းတော့ ပြန်ဖို့လုပ်နေသူတွေလည်း ရှိပါတယ်။ သူတို့မြို့တွေမှာက ဝန်ထမ်းမိသားစုတွေလည်း ရောက်နေပြီလေ။ ကျောင်းတွေလည်း ပြန်ဖွင့်ပြီဆိုတော့ ကျောင်းတက်နေတဲ့သူတွေကတော့ အမြန်ပြန်ကြတာပေါ့”ဟု ဆိုသည်။

လက်ရှိတွင် ကျောက်မဲမြို့၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အောက်တိုဘာ (၁၈)ရက်အထိ ကျောင်း(၆)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူး(စကု)မြို့နယ်၌ ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် မြို့နယ်အတွင်းမှ စာမေးပွဲအောင်မြင်သူ(၆၈၄)ဦးရှိ

ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနအသီး သီး၌ကြေညာသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲအောင်စာရင်းများအရ မကွေးတိုင်း၊ မင်းဘူး(စကု) မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူထွက်ပေါ် ခဲ့ကြောင်း သိရသည်။ မင်းဘူး(စကု)မြို့နယ်မှ နိုင်ငံတော်အဆင့် ဝိပ္ပံဘာသာတွဲဖြင့် တစ်နိုင်ငံလုံးတတိယရရှိသူသည် "ပညာအလင်းရောင်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မင်းဘူး(စကု)မြို့နယ်မှ ကျောင်းသား/သူ(၁,၁၉၅)ဦးရှိပြီး အောင်မြင်သူ(၆၈၄)ဦးရှိခဲ့ကာ ယင်း အနက် (၅)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး၊...

The Whole Burma First ရခဲ့သူ သမီးလေး မသီရိစိုးကို ဂုဏ်ပြုအနမ်းချွေခဲ့တဲ့ မိဘနှစ်ပါးရဲ့ ကြည်နူးစရာမြင်ကွင်း

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမ(The Whole Burma First)ကို မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မသီရိစိုးက စုစုပေါင်း ၅၆၂ မှတ်နဲ့ရရှိခဲ့ပါတယ်။ သမီးလေးအတွက် ဖေဖေ ဦးတင်အောင်ဝင်း၊ မေမေ ဒေါ်ဦးခင်ကျော့တို့က ဂုဏ်ပြုအနမ်းလက်ဆောင်ပေးနေတဲ့ ကြည်နူးစရာပုံရိပ်ကို ပရိသတ်တွေ ထပ်တူခံစားရအောင် ဖော်ပြပေးလိုက်ပါတယ်။

မိတ္ထီလာမြို့နယ်တွင် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦးအပါအဝင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ (၂,၈၆၅) ဦးရှိ

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇွန် ၂၈ ရက်နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကပ်ထားကြေညာခဲ့ကြောင်း သိရသည်။ ထိုသို့ ကြေညာခဲ့ရာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ စာစစ်ဌာန (၉) ခု၌ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ (၄,၅၅၃) ဦးအနက် (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး အပါအဝင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူ (၂,၈၆၅) ဦး ရှိခဲ့ကြောင်း သိရသည်။ (၆) ဘာသာဂုဏ်ထူးရှင် (၁၅) ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071