ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၌ ကျန်းမာရေးဝန် ကြီးဌာနက ပြည်သူ့ဆေးရုံကြီး (ယာယီဆေးရုံ) ဖွင့်လှစ်၍ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။
ယာယီဆေးရုံကို အောက်တိုဘာ (၅) ရက်မှ စတင်ကာ အမှ တ် (၂) ရပ်ကွက်ရှိ လာဘမုနိ တရုတ်ဘုံကျောင်းတွင် ဖွင့်လှ စ်ထားခြင်းဖြစ်သည်။
ယင်းယာယီဆေးရုံ၌ ကျောက်မဲမြို့ပေါ်နှင့် ဒေသအနီးတဝို က်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိ၌ ကျောက်မဲမြို့ပေါ်တွင် သန့်ရှင်းရေးများ ပြုလုပ်နေပြီး ဌာနဆိုင်ရာ ရုံးများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
