Thursday, April 30, 2026

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ...

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့်...

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ...

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အ သည်းရောင်ရောဂါ ကင်းဝေးစေရန်သန္နိဌာန်ချထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက် တာသက်ခိုင်ဝင်း ကပြောကြားသည်။ ​ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Eastin Grand...
HomeNewsLocal Newsကျိုင်းတုံလေဆိပ်သို့ လာအို၊တရုတ်၊ထိုင်းနိုင်ငံတို့မှလေယာဥ်ခရီးစဥ်များ တိုက်ရိုက်ပျံသန်းဆင်း...

ကျိုင်းတုံလေဆိပ်သို့ လာအို၊တရုတ်၊ထိုင်းနိုင်ငံတို့မှလေယာဥ်ခရီးစဥ်များ တိုက်ရိုက်ပျံသန်းဆင်း သက်နိုင်ရန်ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်ကြီးများဆင်းသက်နိုင်သည်အထိ လေယာဥ်ကွင်းများအား အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌမှ ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့ရှိ ကျိုင်းတုံလေဆိပ်အဆင့်မြှင့်တင်နိုင်မည့်အခြေ အနေများအား မေ ၁၁ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးစဥ်​ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျိုင်းတုံမြို့သည် လမ်းပန်းဆက်သွယ်မှုဝေးကွာသော နေရာတစ်ခုဖြစ်သော်လည်း သာယာလှပသည့် သဘာဝပတ်ဝန်းကျင်ရေမြေတောတောင်ကိုပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

“ကျိုင်းတုံမှာ ပန်ကွဲကျေးရွာက ဗုဒ္ဓဥယျာဉ်၊လွယ်မွေအပန်းဖြေတောင်စခန်းမြို့နဲ့တခြားလည်ပတ်နိုင်တဲ့နေရာတွေများစွာရှိပါတယ် အခုဆိုရင် ပြည်တွင်းခရီးစဉ်တွေမှာ ဝေးကွာတဲ့နေရာတွေကို ဂျက် လေယာဉ်တွေသုံးပြီး လည်ပတ်နေကြပါပြီ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသည့် လေယာဉ်ကြီးများဆင်းသက်နိုင်သည်အထိ လေယာဥ်ကွင်းများအား အဆင့်မြှင့်တင်ရမည်ဖြစ်ကာ အိမ်နီးနားချင်းနိုင်ငံများနှင့်ချိတ်ဆက်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

“အဲဒီလိုဆောင်ရွက်ရာမှာ ကျိုင်းတုံလေဆိပ်ကို လာအို၊တရုတ်နဲ့ထိုင်းနိုင်ငံတို့ကနေ တိုက်ရိုက် ပျံသန်းဆင်းသက်နိုင်ဖို့ဆောင်ရွက်ရပါမယ် အခုလိုအဆင့်မြှင့်တင်တာဟာ ကျိုင်းတုံမြို့မှာ ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်စေဖို့၊ဒေသနဲ့ဒေ သခံတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေဖို့ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ကျိုင်းတုံလေယာဉ်ကွင်း၊လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ရန် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

လုပ်ငန်းဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌအား ဒု-ဝန်ကြီးချုပ်နှင့်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း၊စစ်ထောက်ချုပ် ဒု-ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်နိုင်ဦးတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မတလျှောက်ထား

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀) ပြည့် အထိမ်းအမှတ်မင်္ဂလာအခမ်းအနားတွင် ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအားလျှောက်ထားခဲ့ခြင်းဖြစ်သည်။  ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အစဥ်တစ်စိုက်ကြိုးပမ်းအားထုတ်တော်မူကြကုန်သော ပရိယတ္တိဝန်ဆောင်၊ ပရိပတ္တိဝန် ဆောင်ဆရာတော်များက နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အပေါ် တရားဓမ္မဖြင့်ချီးမြှင့်ထောက်ပံ့ခြင်း၊ နိုင်ငံ တော်အစိုးရနှင့် ပြည်သူတို့က ဆရာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးလှူဒါန်းထောက်ပံ့ခြင်းတို့ပြုလုပ်လျက်ရှိကြသည်ဟု...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကျင်းပ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအ မှတ်မင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလှိုဏ်ဂူသိမ်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သြဝါဒါစရိယ သီတဂူဆရာတော်ကြီးတို့အမှူးပြုသည့် ပြည်တွင်း၊ ပြည်ပမှ ဆရာတော်ကြီးများကြွရောက်တော်မူခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ တာဝန်ရှိသူများနှင့် မြန် မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများတက်ရောက်ကြည် ညိုခဲ့ကြပြီး ပိဋကတ်(၃)ပုံကို မင်္ဂလာဆင်ဖြူတော်ဖြင့်ပင့်ဆောင်ပြီး ဒေဝါဝင်း၊ ရာဇာဝင်းခင်း၍ လှိုဏ်ဂူတော်အားလှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်သမ္မတက ဆဋ္ဌသင်္ဂါယနာတင်အောင် ပွဲနှစ်(၇၀)ပြည့်...

ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံရသည့် အနုပညာရှင်လေးဦး လွတ်ငြိမ်းဖြင့် လွတ်မြောက်လာ

ရွေးကောက်ပွဲကိုဝေဖန်မှုဖြင့် ဖမ်းဆီးခံထားရသည့်အနုပညာရှင်လေးဦးသည် လွတ်ငြိမ်းဖြင့် ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၎င်တို့မှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ လူရွှင်တော်အုန်းဒိုင်း၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလကရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး ပုဒ်မ ၂၃ (က) နှင့် အမိန့်ချခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ ယနေ့တွင် အကျဥ်းသား/သူ ၁၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီးနောက်၎င်းတို့လေးဦး ပါဝင်လာခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071