Monday, January 5, 2026

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆)...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတ ဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်၌ လာရောက်ပြသကုမည့်သူများအနေဖြင့်...

အမြန်လမ်းတွင် ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားကဝင်တိုက် ကုန်တင်ကားမောင်းသူ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားမှအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့မှု ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၅ နာရီခွဲကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော ကုန်တင်ကသည် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင်...

မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို

အမေရိကန်က ဖမ်းဆီးထားသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို "မဆိုင်းမတွဘဲ ချက်ချင်းပြန်လွှတ်ပေးရန်" မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်သည်။ "ဗင်နီဇွဲလားနိုင်ငံရဲ့...

ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း သည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို...

ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်ရွက်နိုင်ခြင်း သည် တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို ကျေပွန်ခဲ့မှုကြောင့်ဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်က အစဉ်အသိအမှတ်ပြုဂုဏ်ယူနေမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါ ရီ...
HomeNewsLocal Newsကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီး

ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီး

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးရှိ နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို လှောင်ထားပြီးဖြစ်ရာ တာဘိုင် Unit (1) နှင့် (2) လည်ပတ်၍ လျှပ်စစ်ဓာတ်အားများစတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရေဧကပေ (၃၅၀,၀၀၀) ခန့်သိုလှောင်နိုင်သည့် ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းအနေဖြင့် လျှပ်စစ်တပ်ဆင်ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး) ဖြင့် နှစ်စဉ်လျှပ်စစ်စွမ်းအင် ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ထုတ်လွှတ်ရေများကို ဆက်သွယ်မြောင်းမှတစ်ဆင့် ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့သို့ရေကူဖြည့်သွင်းပေးနိုင်မည်ဖြစ်၍ ယင်းရေလှောင်တမံနှစ်ခုတို့မှ ရေအားလျှပ်စစ်ပိုမိုတိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားလက်ယာမြောင်းရေသောက်စနစ်ရှိ လယ်မြေဧရိယာဧက (၁၂၀,၀၀၀) ခန့်၌ သီးထပ်စိုက်ပျိုးခြင်းအတွက် ရေဖူလုံစွာရရှိစေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း၏ ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ထုတ်လွှတ်ရန်ဆောင်ရွက်ထားရှိမှုတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် မျက်စိဒါနကုသမှုအတွက် ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ စာရင်းပေးသွင်းနိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတ ဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်၌ လာရောက်ပြသကုမည့်သူများအနေဖြင့် ဇန်နဝါရီ ၂၇ ရက်မှစတင်ကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ထိုသို့ စာရင်းပေးသွင်းခြင်းကို နံနက် ၇ နာရီမှစတင်ကာ လက်ခံပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် (၁,၅၀၀) ဦးကို လက်ခံကုသပေးသွားမည်ဖြစ်ပြီး သတ်မှတ်လူဦးရေပြည့်ပါက ကျန်ရှိသူများအား လာမည့် မတ်လတွင်ပြုလုပ်မည့် (၁၇) ကြိမ်မြောက် မျက်စိဒါနကုသမှုအစီအစဉ်တွင် ဦးစားပေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားကဝင်တိုက် ကုန်တင်ကားမောင်းသူ ပြင်းထန်ဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ရပ်ထားသောခရီးသည်တင်ကားကို ကုန်တင်ကားမှအရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့မှု ယနေ့ ဇန်နဝါရီ ၅ ရက်နံနက် ၅ နာရီခွဲကဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော ကုန်တင်ကသည် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းအပိုင် မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင်ရပ်ထားသော ခရီးသည်ကားအား အရှိန်မထိန်းနိုင်ဘဲဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်အား အုတ်ရှစ်ကုန်းအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကကူညီမှုများပြုလုပ်ခဲ့ကြပြီး ထိခိုက်ဒ-ဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည့် ကုန်တင်ကားမောင်းသူအား သုခဝေစည်လူမှုကူညီရေးအသင်းက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ခရီးသည်တင်ကားပေါ်မှ ခရီးသည်များထိခိုက်ဒ-ဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

မာဒူရိုနှင့်ဇနီးတို့ကို ချက်ချင်းပြန်လွှတ်ပေးရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို

အမေရိကန်က ဖမ်းဆီးထားသော ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို "မဆိုင်းမတွဘဲ ချက်ချင်းပြန်လွှတ်ပေးရန်" မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က တနင်္ဂနွေနေ့တွင် တောင်းဆိုလိုက်သည်။ "ဗင်နီဇွဲလားနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျွန်တော် အလွန်စိုးရိမ်တကြီး စောင့်ကြည့်နေပါတယ်။ ဗင်နီဇွဲလားခေါင်းဆောင်နဲ့ သူ့ရဲ့ဇနီးကို အမေရိကန်စစ်တပ်က ပုံမှန်မဟုတ်တဲ့ နယ်ပယ်နဲ့ ပုံစံမျိုးနဲ့ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်" ဟု အန်ဝါက X လူမှုကွန်ရက် (ယခင် Twitter) တွင် ပြောကြားခဲ့သည်။ ထိုသို့သော ပြုလုပ်မှုသည် "အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖေ-ာက်ခြင်းဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071