မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်အား လာမည့် သီတင်းကျွန်လပြည့်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိ (၇)လတိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျင်းပရာ၌ ဘုရားဖူးလာသူများ သွားလာမှုအ ဆင်ပြေစေရေးအတွက် တောင်တက်မော်တော်ယာဥ်အစီး(၁၅၀)ကျော်က အောက်တိုဘာ ၁ ရက်မှစတင်ကာ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး တည်းခိုစားသောက်မှုအ ဆင်ပြေစေရန်အတွက်လည်း စားသောက်ဆိုင်များ၊ ထ မင်းဆိုင်များ၊ လဖက်ရည်ဆိုင်များနှင့် တည်းခိုဆောင်များအား ပြန်လည်ပြင်ဆင်နေရာချထားပြီးဖြစ် ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့မှ စက်တင်ဘာ ၁၄ ရက်အထိ ကျိုက်ထီးရိုးစေတီတော်ဘုရားပွဲတော်ကာလအတွင်းက ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြည်တွင်း/ပြည်ပဘုရားဖူး(၁,၂၄၀,၀၀၀)ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Photos:Myanmar Ambience
