Wednesday, May 21, 2025

မတူကွဲပြားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းမည့်အိန္ဒိယနှင့်ပါကစ္စတန်ကို တရုတ်ကကြိုဆိုထောက်ခံ

ပေကျင်း၊မေ ၂၀ ပါကစ္စတန်နှင့်အိန္ဒိယတို့သည် ၎င်းတို့အကြားရှိမတူကွဲပြားမှုများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြီးပြည့်စုံသော ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ရရှိရန် ကြိုးပမ်းမည့်အပေါ် ကြိုဆိုထောက်ခံသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့်...

စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ထိုင်ဝန်ကြီးချုပ် ဗြိတိန်နှင့်...

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် မေလ ၂၁ ရက်မှ မေလ ၂၅ ရက်အထိ ဗြိတိန် နှင့် မိုနာကိုနိုငိငံတို့သို့ သွားရောက်မည်ဖြစ်သည်။ ၎င်း၏ခရီးစဉ်မှာဥရောပဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၊...

ပဲရစ်မြို့၌ ကျင်းပမည့် Apparel Sourcing...

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ Messe Frankfurt France မှ...

တစ်ရက်တည်းတွင် သတ်မှတ်အသင်းအရေအတွက် ပြည့်ခဲ့သည့် MFF...

MFF Futsal Amateur Cup 2025 ပြိုင်ပွဲကို အသင်းပေါင်း (၅၀) ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အသင်းဝင်ခွင့်လျှောက်လွှာများကို ယမန်နေ့ မေ...
HomeNewsLocal Newsကျိုက်ထိုမြို့နယ် USDP ပါတီ၏...

ကျိုက်ထိုမြို့နယ် USDP ပါတီ၏ မြို့နယ်အလုပ် အမှုဆောင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊မရမ်းချောင်းကျေးရွာနေ ကျိုက်ထိုမြို့နယ် USDP ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်ဦးအောင်ထွေးခိုင် (၅၄)နှစ်သည် ဇန်နဝါရီ ၁၉ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် မရမ်းချောင်းကျေးရွာထိပ်ရှိ ၎င်းပိုင်ဥယျာဉ်ခြံအတွင်းရှိနေသည့် USDP ပါတီ၏ ကျိုက်ထိုမြို့နယ်အလုပ်အမှုဆောင်ဦးအောင်ထွေးခိုင်အား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးအောင်ထွေးခိုင်သည် ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်ကဟုတ်ပါတယ် ကျည်ထိမှန်ဒဏ်ရာတစ်ချက်နဲ့သေဆုံးသွားတာပါ အခု နာရေးအတွက်လိုအပ်တာတွေလုပ်ဆောင်နေပါတယ်”ဟု ကျိုက်ထိုမြို့နယ် USDP ပါတီနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မတူကွဲပြားမှုများကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းမည့်အိန္ဒိယနှင့်ပါကစ္စတန်ကို တရုတ်ကကြိုဆိုထောက်ခံ

ပေကျင်း၊မေ ၂၀ ပါကစ္စတန်နှင့်အိန္ဒိယတို့သည် ၎င်းတို့အကြားရှိမတူကွဲပြားမှုများကို ဆွေးနွေးခြင်းနည်းလမ်းဖြင့် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ပြီးပြည့်စုံသော ရေရှည်တည်တံ့မည့် အပစ်အခတ်ရပ်စဲရေးကို ရရှိရန် ကြိုးပမ်းမည့်အပေါ် ကြိုဆိုထောက်ခံသည်ဟုတရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်ယိသည် ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမဒ်အီရှက်ခ်ဒါနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ ဆက်လက်၍လည်း၎င်းက ပါကစ္စတန်နှင့်အိန္ဒိယတို့အကြားအပစ်အခတ်ရပ်စဲရေးသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အ‌ထောက်အကူပြုသကဲ့သို့ နှစ်ဖက်လုံး၏အခြေခံကျသော ရေရှည်အကျိုးစီးပွားကိုလည်းအထောက်အကူဖြစ်စေကာ နိုင်ငံတကာအသိုက်အဝန်း၏ မျှော်လင့်ချက်လည်းဖြစ်သည်ဟုဆိုခဲ့သည်။ Source : ရှင်းဟွာ

စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် ထိုင်ဝန်ကြီးချုပ် ဗြိတိန်နှင့် မိုနာကိုသို့သွား

ထိုင်းဝန်ကြီးချုပ် ​ပေတုံတန်ရှင်နာဝပ်သည် မေလ ၂၁ ရက်မှ မေလ ၂၅ ရက်အထိ ဗြိတိန် နှင့် မိုနာကိုနိုငိငံတို့သို့ သွားရောက်မည်ဖြစ်သည်။ ၎င်း၏ခရီးစဉ်မှာဥရောပဈေးကွက်တွင် ထိုင်းထုတ်ကုန်များ၊ အားကစားနှင့် ခရီးသွားလာရေး စသည်တို့အတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ကြိုးစားမည်ဖြစ်သည်။ ၎င်း၏ ဗြိတိန်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်က“Thai SELECT” ဖွင့်ပွဲကိုတက်​ရောက်မည်။ ဗြိတိန်မှစားသောက်ကုန်တင်သွင်းသူများ၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။ မိုနာကို၌ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် F1 ပြိုင်ပွဲများ ကျင်းပနိုင်ခြေကို လေ့လာရန် Formula One (F1) အမှုဆောင်အရာရှိများနှင့် တွေ့ဆုံမည်။ Thai SELECT သည်...

ပဲရစ်မြို့၌ ကျင်းပမည့် Apparel Sourcing Paris ပြပွဲတွင် မြန်မာ့အထည်အလိပ် ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ပြုလုပ်မည့် Apparel Sourcing Paris ပြပွဲမှာ မြန်မာ့အထည်အလိပ်ထုတ်ကုန်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ Messe Frankfurt France မှ ကြီးမှူးကျင်းပမည့် Apparel Sourcing Paris 2025 ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်မှ (၁၇) ရက်ထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Paris Le Bourget, France ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲအား တစ်နှစ်လျှင် နှစ်ကြိမ်ပါရီမြို့တွင်ကျင်းပပြုလုပ်လေ့ရှိပြီး ပြပွဲပြသသူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071