Tuesday, April 28, 2026

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး...

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး...

MAI နှင့် KBZMS တို့ပူးပေါင်း၍...

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း)...

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ်...

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇...
HomeArticlesကျွန်တော်ရေခဲ့သောစာအုပ်များ(၆)

ကျွန်တော်ရေခဲ့သောစာအုပ်များ(၆)

တပည့်ဖြစ်သူ ကိုဥာဏ်ထွန်း (ဒေါက်တာဥာဏ်ထွန်း)က ၂ဝဝ၅ ခုနှစ်မှာ ကျွန်တော်၏ စာ တစ်စုကို စာအုပ်အဖြစ် ပုံဖော်ပေးခဲ့ ပါသည်။ စာအုပ်အမည်က မောင်ရုပ် ဆိုးနှင့် မယ်မဒ္ဒီ ရသစာတမ်းများ ဖြစ်သည်။

စာအုပ်ဖြစ်လာချိန်တွင် ‘အက် ဆေး’ခေါ်သော စာပေပုံသဏ္ဌာန်ကို ရသစာတမ်းဟု တွင်တွင်ကျယ်ကျယ် သုံးနေပါပြီ။ သို့သော် ထိုစာပေမျိုး ကို ကျွန်တော်တို့ ရေးကြသည့် ၁၉၆၅ ခုနှစ်ဝန်းကျင်မှာတော့ စာ တန်းဟု အမည်တွင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ပေါ်ထွက်သော ကံ့ ကော်မြိုင်စာတန်း၏ ရှေ့ဆောင်မှု ဖြင့် စာတန်းများ တစ်ခေတ်ဆန်း လာသည်ဟု ဆိုရပါလိမ့်မည်။

စာတန်းဆိုသည်မှာ ၁၆ ရာစု တွင် ပြင်သစ်နိုင်ငံ၌ စတင်ပေါ်ပေါက် ပြီး အနောက်နိုင်ငံများတွင် တစ်စ တစ်စ ဖွံ့ဖြိုးလာသော အက်ဆေး essay ခေါ် စာပေအဖွဲ့မျိုးကို ဆိုလို ခြင်းဖြစ်ကြောင်း စာပေသမားများ သိပြီးဖြစ်သည်။ ကိုလိုနီခေတ်တွင် ထိုစာပေမျိုးကို အစမ်းစာဟု ခေါ်ခဲ့ ကြပြီး လွတ်လပ်ရေးရပြီးစ မဂ္ဂဇင်း များတွင် ထိုစာပေအဖွဲ့များကို ဆောင်းပါးနှင့် ရောနှောပြီး အမျိုးခွဲ လေ့ရှိကြသည့်အတွက် ဆောင်းပါး ဟုပင် မှတ်ယူခဲ့ကြသည်။ ‘ကံ့ကော် မြိုင်စာတန်း’ ထွက်လာသောအခါ ဆရာဇော်ဂျီ၏ မိတ်ဆက်အမှာစာ တွင် ‘အကြောင်းအရာ တစ်ရပ်ရပ် ကို အစဉ်တစိုက် ဖွဲ့နွဲ့စီကုံးထား သော စာအရေးအသား’ဟူ၍ တက္က သိုလ်မြန်မာအဘိဓာန်တွင် ‘စာတန်း’ ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားသည်နှင့် အညီ ဆရာဇော်ဂျီက ထိုအမည်ကို လက်ခံပြီး ‘ရသစာပေဟန် စာတန်း’ ဟု ဖော်ညွှန်းခဲ့သည်။ ထိုအချိန်က စ၍ ‘စာတန်း’ရေးဖွဲ့သူ အများအပြား ပေါ်ထွက်လာသည်။ ငွေတာရီမဂ္ဂဇင်း ကလည်း ‘စာတန်း’ ကဏ္ဍဖွင့်ပြီး စာ တန်းများကို ထည့်သွင်းပေးခဲ့ရာ ၁၉၆၅ ခုနှစ် ဧပြီလထုတ် ငွေတာရီ မဂ္ဂဇင်း၊ စာတန်းကဏ္ဍတွင် ကျွန် တော်၏ ‘အဖြူနှင့်အနက်’စာတန်းပါ လာပါသည်။ ကျွန်တော် ပထမဆုံး စာတန်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ‘ကားပေါ်မှာ’၊ ‘အနုအရင့်’၊ ‘ငါးပြား စေ့’၊ ‘လူဆိုသည်မှာ’စသည့် စာတန်း များ ငွေတာရီမှာ ဆက်ရေးခဲ့သည်။ (မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာအဘိဓာန်ပေါ်လာသောအခါ ‘စာတန်း’ကို ‘စာကြောင်း’ဟူ၍သာ အဓိပ္ပာယ်ဖွင့်ဆိုသည့်အတွက် သတ် ပုံပြဿနာရှိလာသဖြင့် ‘စာတန်း’ အသုံးမှေးမှိန်သွားရသည်။ ‘အက် ဆေး’ကို ‘အစမ်းစာ’၊ ‘အက်ဆေး’၊ စာတမ်းငယ်စသည်ဖြင့် အမျိုးမျိုး ခေါ်ခဲ့ကြရာမှ ယခုအခါတွင်မူ ‘ရသ စာတမ်း’ဟူသော အသုံးကို တွင်တွင် ကျယ်ကျယ်သုံးနေကြပြီဖြစ်ပါသည်။ စာရေးသူ၏ အတွေးကို စကားပြေ လှလှဖြင့် ရေးဖွဲ့သော ရသစာပေ အဖွဲ့တစ်ခုအဖြစ် အများလက်ခံနေ ကြပါသည်။)

ကံ့ကော်မြိုင်စာတန်းထွက်ပြီး နောက် ‘စာတန်း’ရေးသည့် လူငယ် အများအပြားပေါ်ထွက်လာသည်။ မဂ္ဂဇင်းအချို့က လူငယ်များ၏ စာ တန်းများကို အရေးတယူထည့်သွင်း ပေးသည်။ စာတန်းပဲ ခေါ်ခေါ်၊ အက်ဆေးပဲခေါ်ခေါ် ထိုစာပေအရေး အဖွဲ့များ ယခင်ထက် ဖွံ့ဖြိုးလာ သည်ကတော့ အမှန်ပင်။ ကျွန်တော် လည်း စိတ်ကူးပေါ်တိုင်း စာတန်း ကလေးများ ရေးဖြစ်ပါသည်။ များ များစားစားတော့ မရေးဖြစ်ပါ။ ၂ဝဝ၅ ခုနှစ်မှာတော့ ‘မောင်ရုပ်ဆိုး နှင့် မယ်မဒ္ဒီ’ဆိုသည့် စာတန်းကို ခေါင်းစဉ်လုပ်ပြီး စာတန်း ၁၅ ပုဒ်ကို စုစည်းထုတ်ဝေခြင်းဖြစ်ပါသည်။ ထို အချိန်မှာတော့ ‘ရသစာတမ်း’ဟု သုံး နေပါပြီ။ ၂ဝဝ၂ ခုနှစ်မှာ နောက်ထပ် ရေးသော ရသစာတမ်းများ ဖြည့်စွက် ပြီး ရာပြည့်စာအုပ်တိုက်က ဒုတိယ အကြိမ် ထုတ်ခဲ့ပါသည်။ ရသစာတမ်း ၂၅ ပုဒ်ပါပါသည်။

၁၉၉၂ ခုနှစ်တွင် လုပ်ဖော်ကိုင် ဖက် ဒေါ်ခင်သန်းဦး (မမိုးမြေ)က ‘သစ္စာဘာသာယဉ်ကျေးမှုမဂ္ဂဇင်း’ ထုတ်သောအခါ လစဉ်ရေးပေးဖို့ ကျွန်တော့်ကို စာမူတောင်းသည်။ ရေးစရာအကြောင်းအရာကို စဉ်းစား ရင်း ဆရာဇော်ဂျီ၏ ‘တိမ်လွှာ’ကဗျာ မှ ‘မြေဆီကို အတန်မြည်းကာပါ့ မြေသီးကို နာနာခဲပါလို့ ရဲတော့မည် မာန်ကို ဆင်လိုက်ပေါ့’ဟူသော အဖွဲ့ ကို သတိရလာပါသည်။ လူဖြစ်လာ သည့်အခိုက် အနေရဲရဲနေပြီး ကြုံ တွေ့သမျှကို ရဲရဲရင်ဆိုင်ဖို့ လိုအပ် သည် ဟူသော ထိုခံယူချက်ကို နှစ် သက်လေးစားမိသည့်အလျောက် ‘လူ့ ပြည်မှာ အနေရဲစေဖို့’ ဟူ၍ ပုံသေ ခေါင်းစဉ်ယူပြီး လစဉ်ရေးခဲ့ပါသည်။ ဘဝကို အနေရဲရဲ ရင်ဆိုင်သော ပုဂ္ဂိုလ်များ၏ ကြည်ညိုလေးစား ဖွယ်အမူအရာများနှင့် ဆက်စပ်၍ ပေါ်ပေါက်လာသော အတွေးများကို ရေးခဲ့ခြင်းဖြစ်ပါသည်။ ကွယ်လွန် တော့မည့် နောက်ဆုံးညအထိ နေ့စဉ် မှတ်တမ်းရေးသွားသော ‘သိပ္ပံ မောင်ဝ’နှင့် ကပြသွားသော ‘ရွှေမန်း တင်မောင်’တို့ကို သာဓကဆောင် သည့် ‘နောက်ဆုံးထွက်သက်အထိ’ ဆိုသည့် ရသစာတမ်းကလေးကို မှတ် မှတ်ရရရှိပါသည်။ သစ္စာ မဂ္ဂဇင်းရပ် နားသွားပြီးနောက် ၁၉၉၅ ခုနှစ်တွင် ဆရာကြည်နိုင်က တရားရိပ်မြိုင် ဘာသာရေး မဂ္ဂဇင်းအတွက် စာမူ တောင်းသောအခါ ‘သစ္စာ’ မှာရေးခဲ့ သည့် လမ်းကြောင်းအတိုင်း ဆက် ရေးပါသည်။ ထိုစာအုပ်ထဲက စာတော် တော်များများမှာ ရသစာတမ်းများ ဖြစ်ပါသည်။ ‘လူ့ပြည်မှာ အနေရဲ စေဖို့’ကို ၂ဝဝ၆ ခုနှစ်မှာ ရာ ပြည့်က စာအုပ်ထုတ်ခဲ့သည်။

၂ဝဝ၇ ခုနှစ်မှာ ဇွန်ပွင့်စာပေ တိုက်က ထုတ်ဝေသော တိုက်ပုံအင်္ကျီ နှင့် ဇနကမင်းကြီး စာအုပ်တွင် သတိ ရစရာ နောက်ခံအကြောင်းကလေးရှိ သည်။ ချယ်ရီမဂ္ဂဇင်းမှာ လစဉ် ဆောင်းပါးရေးပေးဖို့ မိတ်ဆွေ ကိုခင် မောင်မြင့် (အောင်ပြည့်)က တိုက် တွန်းသည့်အတွက် ဆောင်းပါးအပုဒ် ၉ဝ ကျော်ရေးဖြစ်သည့် အကြောင်း ရှေ့မှာဖော်ပြခဲ့ပါသည်။ ၂ဝဝ၅ ခုနှစ် ကျတော့ ကိုအောင်ပြည့်က ဆိုလာ သည်။ ‘ဖတ်စရာ’ ဆိုတဲ့နာမည်နဲ့ ဂျာ နယ်ထုတ်မလို့၊ အပတ်စဉ်ရေးပေးပါ’ ဟူ၍ဖြစ်သည်။ သူ မဂ္ဂဇင်းဂျာနယ် အသစ်ကိုင်ရတိုင်း ကျွန်တော့်ကို စာ မူတောင်းဖို့ သတိရသော သူ့သဘော ထားကို ကျွန်တော်ကလည်း အလေး ထားသည်။ ထို့ကြောင့် ဖတ်စရာ ဂျာ နယ်စထွက်သော ၂ဝဝ၅ ခုနှစ်၊ ဇန် နဝါရီလ ၄ ရက်နေ့ကစ၍ အပတ် စဉ်မပျက်မကွက် ရေးပေးခဲ့ပါသည်။ ကျွန်တော့်ဆောင်းပါးကို ကိုအောင် ပြည့်က ဂျာနယ်စာမျက်နှာ ၃ မှာ ပုံမှန်နေရာပေးသည်။ သူ့ဂျာနယ် တိုက်က တပည့်ကလေးများကို ကျွန် တော့်ဆီ ပုံမှန်လွှတ်ပြီး စာမူယူသည်။ ဂျာနယ်ထွက်တော့ လာပေးသည်။ ကျွန်တော်က ခပ်တိုတိုရေးကွက် ကလေးတွေ စဉ်းစားပြီး ဆောင်းပါး တိုကလေးတွေ၊ ရသစာတမ်းတို က လေးတွေ ရေးဖြစ်သည်။ ရေးကွက် များတွင် လူပုဂ္ဂိုလ်အကြောင်းများ လည်း ပါသည်။ စာပေအကြောင်း၊ ဘာသာစကားအကြောင်း၊ အရေး အဖွဲ့နည်း နာအကြောင်းများလည်း ပါသည်။ စိတ်ထဲမှာ ပေါ်လာသော တွေးစရာ အကွက်ကလေးများကို ဖော်ထုတ်ရေးသားခြင်းဖြစ်သည်။ ‘ဖတ်စရာ’ မှာ အပတ်စဉ်ပေးနေစဉ် ဇွန်ပွင့်စာပေမှ မဝင်းမာက ထိုစာမူ များကို စာအုပ်ထုတ်လိုပါသည်ဟု တောင်းလာသည့်အတွက် စာ ၄၅ ပုဒ်ကို တည်းဖြတ်စုစည်းပြီး ‘တိုက် ပုံအင်္ကျီနှင့် ဇနကမင်းကြီး’ခေါင်းစဉ် ဖြင့် ၂ဝဝ၇ ခုနှစ်မှာ စာအုပ်ထုတ်ခဲ့ပါ သည်။
ကိုအောင်ပြည့်မှာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကို စာဖတ်သူတို့ ကြိုက် နှစ်သက်အောင်၊ အကျိုးလည်းရှိ အောင် ဖန်တီးသည့် အတတ်ပညာ အရာတွင် ‘တတ်မြောက်သူ’ ဖြစ် သည့်အလျောက် သူ ကိုင်သည့် မဂ္ဂ ဇင်းဂျာနယ်များမှာ တစ်မူထူးခြား ဆန်းသစ်နေမြဲဖြစ်သည်။ ‘ဖတ်စရာ’ ဂျာနယ်မှာလည်း စိတ်ဝင်စားဖွယ် ဖတ်စရာများဖြင့် သက်ဝင်လှုပ်ရှား နေသော ဂျာနယ်တစ်စောင်အဖြစ် ပရိသတ်က စိတ်ဝင်တစား အားပေး ကြပါသည်။ ထိုသို့သော ဂျာနယ်မျိုး တွင် တလေးတစားနေရာ ပေးခံရ သည့်အတွက် ဝမ်းသာကြည်နူးရပါ သည်။ ရေးကွင်းရေးကွက်ကလေး များကိုလည်း မပြတ်စဉ်းစား၍ ရေးခဲ့ ပါသည်။

ဖတ်စရာဂျာနယ်တွင် ရေး၍ ကောင်းနေဆဲမှာပင် ၂ဝဝ၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ဂျာနယ် အမှတ် ၆၇ ထုတ်ပြီးချိန်မှာ ကို အောင်ပြည့်ဘဝ နိဂုံးချုပ်ခဲ့ရရှာပါ သည်။ သူ့သူငယ်ချင်းမောင်မင်းယာ အမှတ်တရရေးဖွဲ့သော ‘အောက်ဆီ ဂျင်ခလုတ်စက်ပေါ်မှာ ထောက်မှီ ယှဉ်လုပ်အသက်နှင့် အဆုတ်တစ် ဖက်သာရှိသော အောင်ပြည့်’ဆိုသော ကဗျာစာသားအတိုင်း အဆုတ်တစ် ဖက်တည်းဖြင့် ခဲယဉ်းပင်ပန်းစွာ အသက်ရှူ၍ သေမင်းကို အင်အားရှိ သမျှ တွန်းလှန်ရင်း နောက်ဆုံးတွင် အားလုံးကို စွန့်ခွာသွားရရှာသော ကို အောင်ပြည့်၏ နောက်ဆုံးလက်ရာ အဖြစ် သူမွေးဖွားသန့်စင်ပေးခဲ့သော သူ့ရင်သွေးရတနာ ‘ဖတ်စရာ’တွင် တစ်ပတ်မပျက် စာ ၆၇ ပုဒ် ‘ရေးဖြစ် ခဲ့သည်ကို ပြန်တွေးမိတိုင်း ဝမ်းသာ ဂုဏ်ယူရသလို ဝမ်းနည်းကြေကွဲရပါ သည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေး

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကျေးလက်နေအမျိုးသမီးများအတွက် ဦးစားပေးစီမံကိန်းများ ရေးဆွဲထားပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေး၊ အမျိုးသမီးများ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့်...

MAI နှင့် KBZMS တို့ပူးပေါင်း၍ Travel Protect Insurance (ခရီးသွားအာမခံ)စတင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး "ခရီးသွားအာမခံ"ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ "ခရီးသွားအာမခံ"သည် ကူးစက်မြန်ရောဂါအ ပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက် ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့် ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု၊ မတော်တဆမှုကြောင့်သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းတို့အတွက် အကာ အကွယ်ပေးနိုင်မည်ဖြစ်သည်။ " ကျွန်တော်တို့က ခရီးသည်တွေအတွက်ပိုမိုကောင်း မွန်တဲ့ခရီးသွားဝန်ဆောင်မှုတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် KBZMS နဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်"ဟု MAI ၏ CEO...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း) လူမှုဖူလုံရေးအဖွဲ့က လူနာ(၁,၁၄၆,၆၈၅)ဦးကိုကုသပေးခဲ့ပြီး ဆေးဖိုးပြန်အမ်းမှု(၇၇,၈၀၇)မှုအ တွက် ငွေကျပ်(၇,၉၇၄ ဒသမ ၃၉၆)သန်းကိုပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဖူလုံရေးအဖွဲ့က ရန်ကုန်တိုင်းရှိ အာမခံအလုပ်သ မားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ် သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ(ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီးဆေးခန်း(၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်းတို့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသည့် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)အား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071