Monday, June 23, 2025

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ...

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...
HomeArticlesကျွန်တော်ရေခဲ့သောစာအုပ်များ(၆)

ကျွန်တော်ရေခဲ့သောစာအုပ်များ(၆)

တပည့်ဖြစ်သူ ကိုဥာဏ်ထွန်း (ဒေါက်တာဥာဏ်ထွန်း)က ၂ဝဝ၅ ခုနှစ်မှာ ကျွန်တော်၏ စာ တစ်စုကို စာအုပ်အဖြစ် ပုံဖော်ပေးခဲ့ ပါသည်။ စာအုပ်အမည်က မောင်ရုပ် ဆိုးနှင့် မယ်မဒ္ဒီ ရသစာတမ်းများ ဖြစ်သည်။

စာအုပ်ဖြစ်လာချိန်တွင် ‘အက် ဆေး’ခေါ်သော စာပေပုံသဏ္ဌာန်ကို ရသစာတမ်းဟု တွင်တွင်ကျယ်ကျယ် သုံးနေပါပြီ။ သို့သော် ထိုစာပေမျိုး ကို ကျွန်တော်တို့ ရေးကြသည့် ၁၉၆၅ ခုနှစ်ဝန်းကျင်မှာတော့ စာ တန်းဟု အမည်တွင်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ပေါ်ထွက်သော ကံ့ ကော်မြိုင်စာတန်း၏ ရှေ့ဆောင်မှု ဖြင့် စာတန်းများ တစ်ခေတ်ဆန်း လာသည်ဟု ဆိုရပါလိမ့်မည်။

စာတန်းဆိုသည်မှာ ၁၆ ရာစု တွင် ပြင်သစ်နိုင်ငံ၌ စတင်ပေါ်ပေါက် ပြီး အနောက်နိုင်ငံများတွင် တစ်စ တစ်စ ဖွံ့ဖြိုးလာသော အက်ဆေး essay ခေါ် စာပေအဖွဲ့မျိုးကို ဆိုလို ခြင်းဖြစ်ကြောင်း စာပေသမားများ သိပြီးဖြစ်သည်။ ကိုလိုနီခေတ်တွင် ထိုစာပေမျိုးကို အစမ်းစာဟု ခေါ်ခဲ့ ကြပြီး လွတ်လပ်ရေးရပြီးစ မဂ္ဂဇင်း များတွင် ထိုစာပေအဖွဲ့များကို ဆောင်းပါးနှင့် ရောနှောပြီး အမျိုးခွဲ လေ့ရှိကြသည့်အတွက် ဆောင်းပါး ဟုပင် မှတ်ယူခဲ့ကြသည်။ ‘ကံ့ကော် မြိုင်စာတန်း’ ထွက်လာသောအခါ ဆရာဇော်ဂျီ၏ မိတ်ဆက်အမှာစာ တွင် ‘အကြောင်းအရာ တစ်ရပ်ရပ် ကို အစဉ်တစိုက် ဖွဲ့နွဲ့စီကုံးထား သော စာအရေးအသား’ဟူ၍ တက္က သိုလ်မြန်မာအဘိဓာန်တွင် ‘စာတန်း’ ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားသည်နှင့် အညီ ဆရာဇော်ဂျီက ထိုအမည်ကို လက်ခံပြီး ‘ရသစာပေဟန် စာတန်း’ ဟု ဖော်ညွှန်းခဲ့သည်။ ထိုအချိန်က စ၍ ‘စာတန်း’ရေးဖွဲ့သူ အများအပြား ပေါ်ထွက်လာသည်။ ငွေတာရီမဂ္ဂဇင်း ကလည်း ‘စာတန်း’ ကဏ္ဍဖွင့်ပြီး စာ တန်းများကို ထည့်သွင်းပေးခဲ့ရာ ၁၉၆၅ ခုနှစ် ဧပြီလထုတ် ငွေတာရီ မဂ္ဂဇင်း၊ စာတန်းကဏ္ဍတွင် ကျွန် တော်၏ ‘အဖြူနှင့်အနက်’စာတန်းပါ လာပါသည်။ ကျွန်တော် ပထမဆုံး စာတန်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ‘ကားပေါ်မှာ’၊ ‘အနုအရင့်’၊ ‘ငါးပြား စေ့’၊ ‘လူဆိုသည်မှာ’စသည့် စာတန်း များ ငွေတာရီမှာ ဆက်ရေးခဲ့သည်။ (မြန်မာစာအဖွဲ့က ထုတ်ဝေသော မြန်မာအဘိဓာန်ပေါ်လာသောအခါ ‘စာတန်း’ကို ‘စာကြောင်း’ဟူ၍သာ အဓိပ္ပာယ်ဖွင့်ဆိုသည့်အတွက် သတ် ပုံပြဿနာရှိလာသဖြင့် ‘စာတန်း’ အသုံးမှေးမှိန်သွားရသည်။ ‘အက် ဆေး’ကို ‘အစမ်းစာ’၊ ‘အက်ဆေး’၊ စာတမ်းငယ်စသည်ဖြင့် အမျိုးမျိုး ခေါ်ခဲ့ကြရာမှ ယခုအခါတွင်မူ ‘ရသ စာတမ်း’ဟူသော အသုံးကို တွင်တွင် ကျယ်ကျယ်သုံးနေကြပြီဖြစ်ပါသည်။ စာရေးသူ၏ အတွေးကို စကားပြေ လှလှဖြင့် ရေးဖွဲ့သော ရသစာပေ အဖွဲ့တစ်ခုအဖြစ် အများလက်ခံနေ ကြပါသည်။)

ကံ့ကော်မြိုင်စာတန်းထွက်ပြီး နောက် ‘စာတန်း’ရေးသည့် လူငယ် အများအပြားပေါ်ထွက်လာသည်။ မဂ္ဂဇင်းအချို့က လူငယ်များ၏ စာ တန်းများကို အရေးတယူထည့်သွင်း ပေးသည်။ စာတန်းပဲ ခေါ်ခေါ်၊ အက်ဆေးပဲခေါ်ခေါ် ထိုစာပေအရေး အဖွဲ့များ ယခင်ထက် ဖွံ့ဖြိုးလာ သည်ကတော့ အမှန်ပင်။ ကျွန်တော် လည်း စိတ်ကူးပေါ်တိုင်း စာတန်း ကလေးများ ရေးဖြစ်ပါသည်။ များ များစားစားတော့ မရေးဖြစ်ပါ။ ၂ဝဝ၅ ခုနှစ်မှာတော့ ‘မောင်ရုပ်ဆိုး နှင့် မယ်မဒ္ဒီ’ဆိုသည့် စာတန်းကို ခေါင်းစဉ်လုပ်ပြီး စာတန်း ၁၅ ပုဒ်ကို စုစည်းထုတ်ဝေခြင်းဖြစ်ပါသည်။ ထို အချိန်မှာတော့ ‘ရသစာတမ်း’ဟု သုံး နေပါပြီ။ ၂ဝဝ၂ ခုနှစ်မှာ နောက်ထပ် ရေးသော ရသစာတမ်းများ ဖြည့်စွက် ပြီး ရာပြည့်စာအုပ်တိုက်က ဒုတိယ အကြိမ် ထုတ်ခဲ့ပါသည်။ ရသစာတမ်း ၂၅ ပုဒ်ပါပါသည်။

၁၉၉၂ ခုနှစ်တွင် လုပ်ဖော်ကိုင် ဖက် ဒေါ်ခင်သန်းဦး (မမိုးမြေ)က ‘သစ္စာဘာသာယဉ်ကျေးမှုမဂ္ဂဇင်း’ ထုတ်သောအခါ လစဉ်ရေးပေးဖို့ ကျွန်တော့်ကို စာမူတောင်းသည်။ ရေးစရာအကြောင်းအရာကို စဉ်းစား ရင်း ဆရာဇော်ဂျီ၏ ‘တိမ်လွှာ’ကဗျာ မှ ‘မြေဆီကို အတန်မြည်းကာပါ့ မြေသီးကို နာနာခဲပါလို့ ရဲတော့မည် မာန်ကို ဆင်လိုက်ပေါ့’ဟူသော အဖွဲ့ ကို သတိရလာပါသည်။ လူဖြစ်လာ သည့်အခိုက် အနေရဲရဲနေပြီး ကြုံ တွေ့သမျှကို ရဲရဲရင်ဆိုင်ဖို့ လိုအပ် သည် ဟူသော ထိုခံယူချက်ကို နှစ် သက်လေးစားမိသည့်အလျောက် ‘လူ့ ပြည်မှာ အနေရဲစေဖို့’ ဟူ၍ ပုံသေ ခေါင်းစဉ်ယူပြီး လစဉ်ရေးခဲ့ပါသည်။ ဘဝကို အနေရဲရဲ ရင်ဆိုင်သော ပုဂ္ဂိုလ်များ၏ ကြည်ညိုလေးစား ဖွယ်အမူအရာများနှင့် ဆက်စပ်၍ ပေါ်ပေါက်လာသော အတွေးများကို ရေးခဲ့ခြင်းဖြစ်ပါသည်။ ကွယ်လွန် တော့မည့် နောက်ဆုံးညအထိ နေ့စဉ် မှတ်တမ်းရေးသွားသော ‘သိပ္ပံ မောင်ဝ’နှင့် ကပြသွားသော ‘ရွှေမန်း တင်မောင်’တို့ကို သာဓကဆောင် သည့် ‘နောက်ဆုံးထွက်သက်အထိ’ ဆိုသည့် ရသစာတမ်းကလေးကို မှတ် မှတ်ရရရှိပါသည်။ သစ္စာ မဂ္ဂဇင်းရပ် နားသွားပြီးနောက် ၁၉၉၅ ခုနှစ်တွင် ဆရာကြည်နိုင်က တရားရိပ်မြိုင် ဘာသာရေး မဂ္ဂဇင်းအတွက် စာမူ တောင်းသောအခါ ‘သစ္စာ’ မှာရေးခဲ့ သည့် လမ်းကြောင်းအတိုင်း ဆက် ရေးပါသည်။ ထိုစာအုပ်ထဲက စာတော် တော်များများမှာ ရသစာတမ်းများ ဖြစ်ပါသည်။ ‘လူ့ပြည်မှာ အနေရဲ စေဖို့’ကို ၂ဝဝ၆ ခုနှစ်မှာ ရာ ပြည့်က စာအုပ်ထုတ်ခဲ့သည်။

၂ဝဝ၇ ခုနှစ်မှာ ဇွန်ပွင့်စာပေ တိုက်က ထုတ်ဝေသော တိုက်ပုံအင်္ကျီ နှင့် ဇနကမင်းကြီး စာအုပ်တွင် သတိ ရစရာ နောက်ခံအကြောင်းကလေးရှိ သည်။ ချယ်ရီမဂ္ဂဇင်းမှာ လစဉ် ဆောင်းပါးရေးပေးဖို့ မိတ်ဆွေ ကိုခင် မောင်မြင့် (အောင်ပြည့်)က တိုက် တွန်းသည့်အတွက် ဆောင်းပါးအပုဒ် ၉ဝ ကျော်ရေးဖြစ်သည့် အကြောင်း ရှေ့မှာဖော်ပြခဲ့ပါသည်။ ၂ဝဝ၅ ခုနှစ် ကျတော့ ကိုအောင်ပြည့်က ဆိုလာ သည်။ ‘ဖတ်စရာ’ ဆိုတဲ့နာမည်နဲ့ ဂျာ နယ်ထုတ်မလို့၊ အပတ်စဉ်ရေးပေးပါ’ ဟူ၍ဖြစ်သည်။ သူ မဂ္ဂဇင်းဂျာနယ် အသစ်ကိုင်ရတိုင်း ကျွန်တော့်ကို စာ မူတောင်းဖို့ သတိရသော သူ့သဘော ထားကို ကျွန်တော်ကလည်း အလေး ထားသည်။ ထို့ကြောင့် ဖတ်စရာ ဂျာ နယ်စထွက်သော ၂ဝဝ၅ ခုနှစ်၊ ဇန် နဝါရီလ ၄ ရက်နေ့ကစ၍ အပတ် စဉ်မပျက်မကွက် ရေးပေးခဲ့ပါသည်။ ကျွန်တော့်ဆောင်းပါးကို ကိုအောင် ပြည့်က ဂျာနယ်စာမျက်နှာ ၃ မှာ ပုံမှန်နေရာပေးသည်။ သူ့ဂျာနယ် တိုက်က တပည့်ကလေးများကို ကျွန် တော့်ဆီ ပုံမှန်လွှတ်ပြီး စာမူယူသည်။ ဂျာနယ်ထွက်တော့ လာပေးသည်။ ကျွန်တော်က ခပ်တိုတိုရေးကွက် ကလေးတွေ စဉ်းစားပြီး ဆောင်းပါး တိုကလေးတွေ၊ ရသစာတမ်းတို က လေးတွေ ရေးဖြစ်သည်။ ရေးကွက် များတွင် လူပုဂ္ဂိုလ်အကြောင်းများ လည်း ပါသည်။ စာပေအကြောင်း၊ ဘာသာစကားအကြောင်း၊ အရေး အဖွဲ့နည်း နာအကြောင်းများလည်း ပါသည်။ စိတ်ထဲမှာ ပေါ်လာသော တွေးစရာ အကွက်ကလေးများကို ဖော်ထုတ်ရေးသားခြင်းဖြစ်သည်။ ‘ဖတ်စရာ’ မှာ အပတ်စဉ်ပေးနေစဉ် ဇွန်ပွင့်စာပေမှ မဝင်းမာက ထိုစာမူ များကို စာအုပ်ထုတ်လိုပါသည်ဟု တောင်းလာသည့်အတွက် စာ ၄၅ ပုဒ်ကို တည်းဖြတ်စုစည်းပြီး ‘တိုက် ပုံအင်္ကျီနှင့် ဇနကမင်းကြီး’ခေါင်းစဉ် ဖြင့် ၂ဝဝ၇ ခုနှစ်မှာ စာအုပ်ထုတ်ခဲ့ပါ သည်။
ကိုအောင်ပြည့်မှာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကို စာဖတ်သူတို့ ကြိုက် နှစ်သက်အောင်၊ အကျိုးလည်းရှိ အောင် ဖန်တီးသည့် အတတ်ပညာ အရာတွင် ‘တတ်မြောက်သူ’ ဖြစ် သည့်အလျောက် သူ ကိုင်သည့် မဂ္ဂ ဇင်းဂျာနယ်များမှာ တစ်မူထူးခြား ဆန်းသစ်နေမြဲဖြစ်သည်။ ‘ဖတ်စရာ’ ဂျာနယ်မှာလည်း စိတ်ဝင်စားဖွယ် ဖတ်စရာများဖြင့် သက်ဝင်လှုပ်ရှား နေသော ဂျာနယ်တစ်စောင်အဖြစ် ပရိသတ်က စိတ်ဝင်တစား အားပေး ကြပါသည်။ ထိုသို့သော ဂျာနယ်မျိုး တွင် တလေးတစားနေရာ ပေးခံရ သည့်အတွက် ဝမ်းသာကြည်နူးရပါ သည်။ ရေးကွင်းရေးကွက်ကလေး များကိုလည်း မပြတ်စဉ်းစား၍ ရေးခဲ့ ပါသည်။

ဖတ်စရာဂျာနယ်တွင် ရေး၍ ကောင်းနေဆဲမှာပင် ၂ဝဝ၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ဂျာနယ် အမှတ် ၆၇ ထုတ်ပြီးချိန်မှာ ကို အောင်ပြည့်ဘဝ နိဂုံးချုပ်ခဲ့ရရှာပါ သည်။ သူ့သူငယ်ချင်းမောင်မင်းယာ အမှတ်တရရေးဖွဲ့သော ‘အောက်ဆီ ဂျင်ခလုတ်စက်ပေါ်မှာ ထောက်မှီ ယှဉ်လုပ်အသက်နှင့် အဆုတ်တစ် ဖက်သာရှိသော အောင်ပြည့်’ဆိုသော ကဗျာစာသားအတိုင်း အဆုတ်တစ် ဖက်တည်းဖြင့် ခဲယဉ်းပင်ပန်းစွာ အသက်ရှူ၍ သေမင်းကို အင်အားရှိ သမျှ တွန်းလှန်ရင်း နောက်ဆုံးတွင် အားလုံးကို စွန့်ခွာသွားရရှာသော ကို အောင်ပြည့်၏ နောက်ဆုံးလက်ရာ အဖြစ် သူမွေးဖွားသန့်စင်ပေးခဲ့သော သူ့ရင်သွေးရတနာ ‘ဖတ်စရာ’တွင် တစ်ပတ်မပျက် စာ ၆၇ ပုဒ် ‘ရေးဖြစ် ခဲ့သည်ကို ပြန်တွေးမိတိုင်း ဝမ်းသာ ဂုဏ်ယူရသလို ဝမ်းနည်းကြေကွဲရပါ သည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ မုတ်သုံ‌လေအားအလွန်ကောင်းလာနိုင်ခြင်း၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့် ယနေ့ ဇွန် ၂၃ ရက်ညမှ ဇွန် ၂၉ ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့အတူ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးမည်ဖြစ်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး...

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့တွင် အမည်စာရင်းတင်ခဲ့သည်။ ဖြုတ်ချခံလိုက်ရသော သမ္မတ ယွန်းဆွတ်ယိုးလ်လက်ထက် ပြီးခဲ့သည့်နှစ်က စစ်အုပ်ချုပ်ရေးဥပဒေပြန်ဌာန်းခဲ့မှုတွင် ၎င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်းအပါအဝင် ထင်ရှားသော ကာကွယ်ရေးအရာရှိများစွာက ရာဇဝတ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခု ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ သမ္မတရုံး၏ အဆိုအရ ဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ အန်ဂူဘက်ကို ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အမည်စာရင်းတင်ခဲ့သည်ဟု ဆိုသည်။...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁ ဦး အဖ-မ်းခံရ  

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁ ဦး အဖ-မ်းခံလိုက်ရကြောင်း သိရသည်။      အီစူဇူး ပစ်ကပ်ကားသည် အမှတ် ၃၂၃ အဝေးပြေးလမ်းကြောင်းရှိ ထုန်ဖါဖွမ် ခရိုင်မှ အလုပ်သမားများကို ခေါ်သွင်းလာခြင်းဖြစ်သည်ဟု ကန်ချနာဘူရီပြည်နယ် အုပ်ချုပ်ရေးမှူး အာတီဆမ် အင်တာရာက ပြောဆိုသည်။        နံနက် ၃း၄၀ နာရီခန့်က ဝပ်တ်အူလေ-ာင်းမြို့အနီးတွင် ပစ်ကပ်ကားကို ကင်းလှည့်အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ယာဉ်မောင်းက ကားကိုမောင်းထွက်ပြေးခဲ့ရာ ရဲတပ်ဖွဲ့က နောက်မှထပ်ကြပ်မကွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071