Wednesday, May 6, 2026

၁၀ နှစ်ကျော်အတွင်း ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း...

၂၀၁၄ ခုနှစ်မှ ယနေ့ အထိ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း(၆၀၇၁)ဦးကို အသိမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဌားန်ခဲ့သည့် ၂၀၁၄ ခုနှစ်...

တိုင်းဒေသကြီး (၆) ခုတွင် Smart...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...
HomeArticlesကျွန်တော်နေခဲ့သောအိမ် (၁၂)

ကျွန်တော်နေခဲ့သောအိမ် (၁၂)

ကျွန်တော်တို့ မိသားဈုပန်နိုင်ငံသို့မသွားရမီ လေးငါးနှစ်ကပင် ဒဂုံမြို့သစ်မြောက်ပိုင်း ၄၃ ရပ်ကွက်ွင် ကျွန်တော့်အတွက်ျထားပေး သော မြေကွက်မှာ အိမ်ကလေးတစ် လုံးဆောက်ပါသည်။ (ဇနီးကတော့ ကျွန်တော်နှင့် တစ်ဌာနတည်း ဖြစ် သောကြောင့် မြေကွက်လျှောက်ခွင့် မရှိဟု ဆိုသည့်အတွက် မလျှောက် လိုက်ရပါ။) အိမ်ကလေးမှာဖြစ်ျှ ဆောက်ထားခြင်းဖြစ်သည့်အတွက် ထိုအိမ်မှာ နေဖို့ အဆင်မပြေပါ။ျပန်မှ ပြန်ရောက်လျှင်နေစရာ အိမ် အဆင်သင့်မရှိသည့်အခြေအနေဖြစ်ါသည်။ ဇနီး၏ သူငယ်ချင်းက လှိုင် မြို့နယ် လှိုင်သီရိအိမ်ရာမ သူ့မိတ် ဆွေ၏ တိုက်ခန်းလွတ်မှာနေဖို့ ကြို တင်စီစဉ်ပေးထားသည့်အတွက် အဆင်ပြေသွားသည်။ လေယာဉ်ပေ က ဆင်းသည်နှင့် ထိုအိမ်သို့ တန်း သွားရသည်။

လှိုင်မြို့နယ်မ ထိုအိမ်မှာ ကျွန် တော်တာဝန်ထမ်းဆောင်ရသော ရန် ကုန်တက္ကသိုလ်နှင့် မနီးလှသည့် အတွက် နီးနီးနားနားမှာ ထပ်စုံစမ်း တော့ အနော်ရထာအိမ်ရာမ အခန်း တစ်ခန်းကို ငှားနေဖို့ အဆင်ပြေသွား သည်။ လှိုင်သီရိအိမ်ရာမှာ တစ်ပတ် လောက်နေပြီး အနော်ရထာအိမ်ရာ သို့ ပြောင်းခဲ့ကြသည်။ အိမ်ခန်းက လေးက သပ်သပ်ရပ်ရပ်ရှိသည်။ ကျွန်တော်တို့ သုံးယောက် ချောင် ချောင်ချိချိနေလောက်သည်။ သို့ သော် ပြည်လမ်းနှင့်ကပ်နေသည့် အတွက် ကားသံများ တစ်ညလုံးကြား နေရသည်။ လမ်းပေါ်က ကားမောင်း သွားလျှင် အိမ်ထဲကို အသံတေ ဆူဆူ ညံညံဝင်လာသည်။ ကျွန်တော်တို့ အခန်းရှေ့တည့်တည့်မှာ ဘတ်စကား မှတ်တိုင်ရှိသည့်အတွက် အရုဏ် တက်ချိန်လောက်ကစပြီး လူညံတွေ၊ ကားသံတေ စကြားရတော့သည်။ ည ဆိုလျှင်လည်း တော်တော် ညဥ့်နက် ချိန်အထိ ကားသံတေ ကြားနေရဆဲ ဖြစ်သည်။

ကံကောင်းသည်ဟုဆိုရပါလိမ့် မည်။ တက္ကသိုလ်အိမ်ခန်းချထားရေး အဖွဲ့သို့ အိမ်ခန်းလျှောက်ထားရာ အနော်ရထာအိမ်ရာမှာ ၂ လ လောက်နေပြီးတော့ ရန်ကုန်တက္က သိုလ်အဓိပတိလမ်းထိပ်က အိမ်အ မှတ် ၃၅ ကို ချထားပေးသည့်အတွက် အနော်ရထာအိမ်ရာမှာ ကြိုပေးထား ရသော အိမ်လခ ၂ လစာကို အဆုံး ခံပြီး တက္ကသိုလ်ပရိဝုဏ်အတွင်းသို့ပြာင်းခဲ့ကြပါသည်။

တက္ကသိုလ်ဝင်းထဲကပါမောက္ခ အိမ်များမှာ ကိုလိုနီခေတ်ကတည်းက ဆောက်ခဲ့သော ၂ ထပ်တိုက်ကြီး များဖြစ်သည်။ ဝင်းနှင့် ခြံနှင့် ကျယ် ကျယ်ဝန်းဝန်းရှိသည်။ အိမ်ကြီးက ထုကြီးထည်ကြီးဖြစ်သည်။ အောက် ထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်းတို့ အပြင် အိပ်ခန်းမျာှးိသည်။ အပေ ထပ်မှာ အိပ်ခန်း ၃ ခန်းရှိသည်။ ရေ ချိုးခန်းများ၊ သန့်စင်ခန်းများအပေါှ်ာရော အောက်မှာရောရှိသည်။ ကျွန်တော်တို့ မိသားစုက စုစုပေါင်း ၃ ယောက်တည်းရှိသည်မို့ တူမမိသား စုကို လာနေဖို့ ခေါ်ထားပြီး အောက် ထပ်မှာ နေရာချထားလိုက်သည်။ အပေါ်ထပ် ဘေးနှစ်ဖက်မှာ ကျွန် တော်တို့ အိပ်ခန်းနှင့် သမီးအိပ်ခန်း ရှိသည်။ အလယ်ခန်းမှာ စာအုပ်တေထားပြီးစာကြည့်ခန်းလုပ်လိုက်သည်။

စာအုပ်တွေအကြောင်းပျြာင်ပါသေးသည်။ ကျွန်တော်တိျု့ပန်သွားခါနီးမှာ အိမ်ထောင်ပရိ ဘောဂတွေ၊ အိမ်သုံးပစ္စည်းတေ အားလုံး ဒဂုံမြို့သစ် မြောက်ပိုင်းက အိမ်ကလေးကို သယ်သွားပြီး ထိုအိမ် မှာ တူမမိသားစုနေကြဖို့ စီစဉ်ထား သည်။ စာအုပ်တွေကျားသည့် အတွက် ထိုအိမ်သို့ သယ်သွားဖို့ဖြစ်နိုင်။ ထိုပြဿနာကို တပည့် တွေက ကူညီဖြေရှင်းပေးသည်။စာ အုပ်ထုပ်တေ ကျွန်တော်တို့ အိမ်ကို ပို့ထားပါ။ ကျွန်မတို့ အိမ်ကို ပို့ထား ပ မပျက်စီးအောင် စောင့်ရှောက် ထားပါမယ်ဟု လိုလိုလားလား ပြော ကြသည်။ သို့ဖြင့် ဘယ်သူ့အိမ်ကို စာအုပ်ထုပ် ဘယ်နှထုပ်စသည်ဖြင့်ွဲပြီး ပို့လိုက်သည်။ သူတို့က ဂရုတ စိုက် သိမ်းထားပေးသည်။ ယခုတက္က သိုလ်က အိမ်ရတော့မ သူတို့ဆီက စာအုပ်တေ ပြန်သယ်ရပါတော့သည်။ သူတို့အားလုံးကို များစွာကျေးဇူးတင် ရပါသည်။

ကျွန်တော်တို့ နေရသော အိမ် ၏ သမိုင်းကို ပြန်စူးစမ်းကြည့်တော့ တစ်ချိန်က ရန်ကုန်တက္ကသိုလ် စိတ် ပညာပါမောက္ခ ဆရာကြီး ဒေါက်တှာသွင်နှင့်ါမောက္ခချုပ် ဆရာကြီး  ဦးကာတို့ နေထိုင်ခဲ့ကြသော အိမ် ဖြစ်ကြောင်း သိရသည်။ ကိုလိုနီခေတ် ကစ၍ အစဉ်အဆက် ထိုအိမ်မှာ  မည်သူတေ နေခဲ့ကြသည်ကိုတော့ အသေးစိတ်မသိရတော့ပါ။ ရန်ကုန် တက္ကသိုလ်၏ ပါမောက္ခဆရာကြီးများ အစဉ်အဆက် နေထိုင်ခဲ့သောအိမ် မှာ နေရသည့်အတွက် ဂုဏ်ယူမိပ သည်။ ပုံမှန်အတိုင်းသာဆိုလျှင် ထို အိမ်ကြီးမှာ ဝင်းနှင့်ခြံနှင့် သစ်ပင် တေ အုပ်အုပ်ဆိုင်းဆိုင်းနှင့် နေချင် စဖွယ်ကောင်းသည့်အိမ်ကြီးဖြစ်မည် မလွဲပါ။ ထိုအိမ်ကြီးတွင် ကျွန်တော် တို့ နေထိုင်ရချိန်မှာတော့ အိမ်ကြီး က ပုံမှန်အတိုင်း မဟုတ်တော့ပါ။ တော်တော်ယိုယွင်းပျက်စီးနေပါပြီ။ တာဝန်ရှိဌာနများက ထိုအိမ်ကြီးတေ ကို ဂရုတစိုက်ထိန်းသိမ်းမှုမပြုကြ သည့်အတွက် ကျွန်တော်တို့ အိမ်အ ပါအဝင် အိမ်ကြီးတွေမှာ တော်တော် ယိုယွင်းနေပါပြီ။ အောက်ထပ်က ပ ကေးပြားများမှာ တစ်ချပ်စီပြုတ်ထွက် နေပါသည်။ လမ်းလျှောက်လျှင် ကေးပြားတွေက အသံမြည်နေသညှ်ာ ဆိုင်းတီးနေသလိုပါပဲ။

ါကေး တွေကှိုန်ကြည့်လိုက်တော့ အောက်မှာ ခြတွေယ်နေသည်။ါကေးတွေ အားလုံးအသစ် လဲပစ်မ ဖြစ်မည့်အခြေအနေဖြစ်သည်။ သက် ဆိုင်ရာကလည်း အသစ်လဲပေးမည် မဟုတ်။ သည်တော့ အလွယ်ဆုံး နည်းကို သုံးရသည်။ ပါကေးကြမ်းခင်း ပေါ်မှာ ဖယောင်းပုဆိုးခင်းလိုက် သည်။ ရှေ့မျက်နှာစာမှာ သံဆန်ခ တေ ကပ်ထားသော သစ်သားတန်း တွေက ဆွေးနေပါပြီ။ ခပ်ပြင်းပြင်ွးန်းလိုက်ရုံနှင့် ပြိုလဲ ကျိုးပဲ့သွား မည့်အခြေအနေဖြစ်သည်။ ဧည့်ခန်း ဘေးက ထိုင်စရာ သစ်သားခုံတန်း အခင်းပြားကြီးကွိုင့်ကြည့်တော့ အောက်မှာ ခြတောင်ပို့ကြီးကို တွေ့ လိုက်ရ၍ အထိတ်တလန့်ဖြစ်သွား သည်။ နောက်ဖေးဘက်က သံဆန်ခ တန်းများမှာလည်း ဤပုံဤနည်း အတိုင်းပင်။ သန့်စင်ခန်းတွေက လည်း အပေါ်တစ်ခန်း၊ အောက်တစ် ခန်းသာ ကောင်းသည်။ အခြားသန့် စင်ခန်းတွေကျက်နေသည်။ အ ပေါ်ထပ်နောက်ဘက် ဝရန်တာမ အုတ်ြွကပ်မိုးများလည်း ပေါက်ပြဲပြီး အောက်ကို ပြုတ်ကျနေသည်။ မိုး တွင်းရောက်တော့ အိမ်မကြီး ခေါင် မိုးက အုတ်ြွကပ်များ ပေါက်နေသည့် အတွက် မိုးယိုပါတော့သည်။ မိုးယို သည့်နေရာများတွင် ဇလုံတွေ၊ ပုံး တွေ၊ွက်တွေ ခံထားရသည်။ ခွက် ထဲသို့ မိုးရေစက်များ တတုံတုံက သည့်အသံမှာ စည်းကျဝါးကျဖြစ်နေါသည်။

ထိုအချိန်က တက္ကသိုလ်ပရိ ဝုဏ်ထဲရှိ အိမ်ကြီးများမှာ ထိုလောက ဓံကို ခံကြရသည်ချည်းဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်တို့ါမောက္ချုပ်တို့ စီမံဘက် အရာရှိအကြီးအကဲ တို့နေသည့်အိမ်အချို့ကို ပြန်ပြင်ပေး သည်ကလွဲပြီး ကျန်အိမ်များကို ထိုပုံ စံအတိုင်း ပစ်ထားကြသည့်အတွက်  ကျွန်တော်တို့အိမ်ကဲ့သို့ပင် အခြေ အနေဆိုးကြပါသည်။ တစ်ခါတွင် အပေါ်ထပ်သန့်စင်ခန်းမှ ကျွန်တော်ွက်လာပြီး မိနစ်ပိုင်းမှာ အမိုးတစ် ခုလုံး ပြိုကျသည်ကို အထိတ်တလန့် ကြုံရသည်။ မထွက်သေးမီသာ ပြိုကျှင် တွေးဝံ့စရာမရှိတော့ပါ။ သက် ဆိုင်ရာကို အကြောင်းကြားတော့ လာကြည့်ပြီး ကိုယ့်ဟာကိုယ် စိုက်ပြင် ထားပါဆိုသဖြင့် ငွေစိုက်ပြီး ပြင်လိုက် ရသည်။ စိုက်ငွေလည်း ပြန်မရပါ။ နောက်တစ်ကြိမ် နောက်ဘက်ဝရန် တာက အုတ်ြွကပ်များ ပြုတ်ကျပြီး ကြမ်းပြင်မှာ ကွဲကြောင်းတွေ ပေါ်သ ဖြင့် သက်ဆိုင်ရာဌာနသို့သွားပြော တော့ ထုံးစံအတိုင်းလာကြည့်ပြီး မှတ်သားသွားကြသည်။ ပြင်ပေး တော့မည်ဟု ထင်နေဆဲမှာပင် ထို ဌာနက အကြောင်းကြားသည်။ဘတ်ဂျက်မရှိ၍ပြင်နိုင်သေးပါ။ ထိုအတောအတွင်း နောက်ဘက် ဝရန်တာသို့ မထွက်ကြပါနှင့်။ အန္တ ရာယ်များပါသည်တဲ့။ အကြောင်း ကြားသည့်စာကို ဖတ်ပြီး ငိုရမလို ရယ်ရမလို ဖြစ်သွားပါသည်။ ပုဂံ လမ်းက ဆရာကြီးတစ်ယောက်နေ သော အိမ်ဆိုလျှင် အိမ်အလယ် ကောင်မခြမ်းကွဲသွားသည်ဟု သိ ရပါသည်။

အိမ်က မလုံခြုံသည့်အပြင် ထိပ်ဆုံးက အိမ်ဖြစ်နေတော့ သူခိုး ဝင်ခိုးဖို့ လွယ်သည်။ တစ်ညတွင် ဧည့်ခန်းမှာ တီဗီကြည့်နေကြစဉ် မီး ဖိုဘက်က ဂလုံဂလွမ်အသံတွေက်  လာသဖြင့်ြွကက်တွေ လျှောက်ပြေး သည်ထင်ပြီး သွားမကြည့်ကြဘဲ  အသံသာပေးလိုက်သည်။ အသံတေ ပြန်ငြိမ်သွားသည့်အတွက် တီဗီဆက် ကြည့်နေကြသည်။ မနက်ကျတော့မှ ဆီပုံးဆန်ပုံးသာမက ရေနွေးဆူလျှင် အသံမြည်သော ရေနွေးအိုးပါပျောက် နေသည်ကို တွေ့ရသည်။ ထိုအခါကျ ညက အသံမြည်သည့်အကြောင်း  ရင်းကို သဘောပေါက်သွားသည်။ မီးဖိုဘက်က တံခါးကိုအသာတွန်းဖွင့် ပြီး ယူသွားကြခြင်းဖြစ်သည်။ နောက် တစ်ကြိမ်ကျတော့ အောက်ထပ်မှာနေ သော တူမမိသားစုခရီးသွားကြစဉ် သူတို့အခန်းကိုဝင်ပြီး ဗီရိုထဲက ပုဆိုး အသစ်တေ ယူသွားသည်။ နောက် ပိုင်းမှာတော့ တံခါးတွေ သော့အမြဲ ခတ်ပြီး သတိနှင့် နေရပါသည်။

အမှန်ပြောရလျှင် ရန်ကုန်တက္က သိုလ်ဝင်းထဲက ထိုအိမ်မျိုးမှာ နေ ထိုင်ချင်သည့်ဆန္ဒသည် ကျွန်တော် ဆရာငယ်ဘဝကတည်းက ရင်ထဲမှာ ကိန်းအောင်းနေခဲ့သော ဆန္ဒဖြစ်ပါ သည်။ ကိုယ့်ဆရာကြီး ဆရာမကြီး မျာါးမောက္ခ၊ ကထိကများအဖြစ် နေထိုင်သော ထိုအိမ်များသိွု့ား သည့်အခါတိုင်း၊ဒီအိမ်တွေမှာ နေရ ရင် ကောင်းမှာပဲဟူသော အတွေး ဖြင့် အားကျခဲ့ရသည်။ အရိပ်အာဝ သကောင်းသော ထိုအိမ်မှာ အေး အေးလူလူနေထိုင်ပြီး စာရေးသည့် အလုပ် စာသင်သည့် အလုပ်ကို လုပ် ချင်သည်။ မိသားစုနှင့်အတူ သိုက် သိုက်ဝန်းဝန်းနေချင်သည်။ မနက် စောစောတို့ ညနေဘက်တို့မှာ အဓိ ပတိလမ်းတစ်လျှောက် အေးအေး ဆေးဆေး လမ်းလျှောက်ချင်သည်။ အင်းယားကန်စောင်းမှာ အပန်းဖျြေင်သည်။

စိတ်ကူးထဲမှာတော့ ကျွန် တော်တို့ ဇနီးမောင်နှံက ထိုအိမ်ကြီး တစ်အိမ်မှာ နေထိုင်ပြီး ကျွန်တော် တို့၏ သမီးကလေးက အိမ်ဝင်းထဲမှာ သုံးဘီး စက်ဘီးကလေးစီးရင်း ကစား နေသည့်ပုံရိပ်ကို မကြာခဏ စိတ် ကူးယဉ်မိပါသည်။ စိတ်ကူးယဉ်သည့် အတိုင်း ထိုအိမ်မျိုးမှာနေတော့ နေလိုက်ရသည်။ သို့သော် ပါမောက္ခ ဘဝ အငြိမ်းစားယူခါနီး ၆ နှစ်အလွိုင်မှ နေရခြင်းဖြစ်သည်။ နေရချိနှ်ာတော့ ကျွန်တော်တို့ သမီး ကလေး မှာ သုံးဘီးစက်ဘီးဖြင့် ကစားသည့် အရွယ် မဟုတ်တော့ဘဲ သူ့ကားသူ မောင်းပြီး ကျောင်းတက်သော တက္က သိုလ်ကျောင်းသူကြီး ဖြစ်နေပါပြီ။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

၁၀ နှစ်ကျော်အတွင်း ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း (၆၀၀၀)‌ကျော်ကို အသိအမှတ်ပြုလက်မှတ်များ ခွင့်ပြုပေးထား

၂၀၁၄ ခုနှစ်မှ ယနေ့ အထိ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း(၆၀၇၁)ဦးကို အသိမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဌားန်ခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာ လမှ စတင်၍ စိစစ်ခွင့်ပြုပေးခြင်းများ လုပ်ဆောင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၈၅၉ ဦး၊ထုတ်ဝေခြင်းလုပ်ငန်း ၃၆၈၉ ဦး နှင့် သတင်းအေဂျင်စီလုပ်ငန်း(၅၂၃)ဦး စုစုပေါင်း(၆၀၇၁) ဦးကို စိစစ်ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ ၂၀၂၆ ခုနှစ် ဧပြီလတွင် လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်း(၆၂)ဦး၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် လျှောက်ထားသူဂျာနယ်(၃)ဦး၊မဂ္ဂဇင်း(၅)ဦး၊ အထွေထွေ ၄၉...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည် ဖြစ်ပြီး လာမည့်နှစ်များတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးအစီအမံများ တိကျစွာရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦနေမျိုးလှိုင်က ပြောသည်။ ယမန်နေ့က ကျင်းပသည့် Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ဒုဝန်ကြီး ဦးနေမျိုးလှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သည့် Smart...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ ဆက်လက်ကြာမြင့်နိုင်ကြောင်း ထရမ့် ပြောကြား၊“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင်ရမှာပါ”ဟုဆို

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt) နှင့် ဖုန်းဖြင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထရမ့်က “ကျွန်တော်တို့အတွက် အချိန်က အဓိက မဟုတ်ပါဘူး” ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဘက်သို့ အီရန်က ပ-စ်ခတ်မှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် အီရန်နှင့် ရရှိထားသော အပ-စ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျ-က်ပြယ်သွားပြီလား ဆိုသည့်အချက်ကိုမူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ တနင်္လာနေ့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071