မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တို့ရှိ နေအိမ်များအတွင်း ယနေ့ ဇူလိုင် ၁၃ ရက်က ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကံမမြို့တွင် နံနက် ၁၁ နာရီခန့်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ် (၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကံမမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များနှင့်အတူ ရေဘေးသင့်အိမ်ထောင်စုဝင်များအား ရေ ဘေးလွတ်ကင်းရာ ရွှေခရုတောက်ဘုရားတောင်ပေါ်၊ မေဃဝတီဘုန်းတော်ကြီးကျောင်းနှင့် သုံးထပ်ဘုန်းတော်ကြီးကျောင်းတို့သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင်လည်း နံ နက် ၉ နာရီခွဲခန့်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အမှတ်(၅)ရပ်ကွက်၊ သီလရင်စုရပ်ရှိ နေ အိမ်များအတွင်းသို့ ရေဝင်ရောက်လျက်ရှိ၍ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၅) အရန်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ဝံသာနုရက္ခိတလူမှုကူညီရေးအသင်းမှအသင်းဝင်များက မြသိန်းတန်ဘုရား(ယာယီရေဘေးရှောင်စခန်း)သို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
