မြန်မာ MoU အလုပ်သမား အမျိုးသား ၁၁၂ ဦးသည် ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် စက်လှေများဖြင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမား ၁၁၂ ဦးအား ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း)လိုင်စင်ရ ကုမ္ပဏီဖြစ်သည့် Lovely World Services Co,Ltd မှစေလွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံရှိ SinoThai Engineering & Construction Public Co,Ltd ၌ (၂)နှစ်စာချုပ်ဖြင့်အလုပ်လုပ်ကိုင်ရန်သွားရောက်ခြင်းဖြစ်ကာ ကော့သောင်းနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံ၊ရနောင်းမြို့သို့ သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ MoU အလုပ်သမားများအား ကော့သောင်းခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကော့သောင်းခရိုင်ရုံးနှင့်တာဝန်ရှိသူများက လို အပ်သည့် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

