ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ် အခမ်းအနားသို့ တက်ရောက်ရန် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
ထို အဆင့်မြင့်ဖိုရမ် အခမ်းအနားသို့ ဝန် ကြီးဌာနများမှ (၃၆) ဦး နှင့် ပြင်ပမီဒီယာ နှင့် အဖွဲ့အစည်းများမှ (၁၇) ဦး စုစုပေါင်း (၅၃) ဦးထွက်ခွာသွားကြောင်း သိရသည်။
ယခုခရီးစဉ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး ယင်းခရီးစဉ်တွင် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝနှင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာအကအလှနှင့် ရုပ်သေးအက၊ မြန်မာ့လက်မှုပညာများကို မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ မီဒီယာနှင့် Think Tank အဆင့်မြင့် ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြ င်သံကြားတို့မှပူးပေါင်း၍ ဖွင့်ပွဲအခမ်းအနားတို့တွင် အကအဖွဲ့များက ဝတ်စုံပြည့် သရုပ်ပြကပြခြင်း၊ ရုပ်သေးအကများ ကပြသွားမည်ဖြစ်သည်။
သမဝါယမ နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာနနှင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တောင်ပိုင်းဒေသ ညချမ်းနှင့် ချည် Show ပိုးဖဲ အနီးအနားတဖွဲဖွဲ ဈေးရောင်းပွဲတော် အခမ်းအနားတွင် မြန်မာ့ရိုးရာလက်မှု အနုပညာပစ္စည်းများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
