Wednesday, January 14, 2026

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...
HomeCelebrities' Newsကိုယ့်ကိုယ်ကိုယ် ချစ်လို့အပျိုကြီး ဖြစ်နေတာသရုပ်ဆောင်ခင်လေးနွယ်

ကိုယ့်ကိုယ်ကိုယ် ချစ်လို့အပျိုကြီး ဖြစ်နေတာသရုပ်ဆောင်ခင်လေးနွယ်

အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ စိတ်ဝင်တစား ချစ်ခင်မှုကို ရရှိပိုင်ဆိုင်ထားဆဲဖြစ်တဲ့ သရုပ်ဆောင် ခင်လေးနွယ်ကတော့ မကြာသေးမီက သက်မွန်မြင့်၊ မေကဗျာ၊ ဒီဇိုင်နာ မပုံ့စတဲ့ သူငယ်ချင်းတွေနဲ့အတူ ထိုင်းနိုင်ငံက ကမ်းခြေတစ်ခုကို ခရီး ထွက်ခဲ့ကြပါတယ်။ အဆိုပါခရီးစဉ်ရဲ့ ပျော်စရာအကြောင်းအရာတွေကို လည်း သရုပ်ဆောင် ခင်လေးနွယ်က အခုလို ပြောပြခဲ့ပါတယ်။

”ခရီးထွက်ဖြစ်တာကတော့ အစ်မတို့မှာ  ဆိုပြီး တော့ အဖွဲ့ရှိတာပေါ့။ ပြောမနာဆိုမနာ တအားချစ်ကြတဲ့ သူငယ်ချင်း အဖွဲ့ ပေါ့။ ခရီးထွက်ချင်နေတာကတော့ ကြာပြီ။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ချိန်းရင်းချိန်းရင်းနဲ့ မသွားဖြစ်ကြဘူး။ ဒီတစ်ခေါက်က တော့ အားလုံးရှိသမျှအလုပ်ကို ဖျက်ပြီးတော့ သွားကြတဲ့ခရီးပေါ့နော်။ တအားပျော်ခဲ့ကြပါတယ်။ အမှတ်တရတွေကတော့ အများကြီး ရှိခဲ့ပါ တယ်။ သွားခဲ့တုန်းကတော့ ပရိသတ်တွေအတွက် အပျော်လေးတစ်ခု လုပ်ထားတာရှိပါတယ်။ အမှတ်တရဖြစ်အောင် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ဖို့ရှိပါတယ်။ အမှန်တော့ အစ်မက အေးတဲ့နေရာတွေသွားရတာ ကြိုက်တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့ဆိုရင်တော့ ဘယ်လိုနေရာမျိုး ဖြစ်ဖြစ် သွားရတာပျော်ပါတယ်” လို့ ခင်လေးနွယ်က ပြောပါတယ်။

သူကတော့ လက်ရှိမှာ စီးပွားရေးဘက်ကို အာရုံစိုက် လုပ်ကိုင် နေသူပါ။ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်ထားလားလို့ မေးမြန်းကြည့်တဲ့အခါ…

”အစ်မက တခြားလုပ်ချင်တဲ့ စီးပွားရေးတွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အခုလုပ်နေတဲ့ အလုပ်တွေကို အားစိုက်ပြီး လုပ်ရဦး မယ်လို့ ထင်ပါတယ်။ အခု လုပ်ကိုင်နေတဲ့ Thank For You လုပ်ငန်းဆို လည်း သူငယ်ချင်းတွေ အများကြီး စုပေါင်းပြီး လုပ်ကိုင်ထားတာ။ ဒါပေမဲ့ အခု နှစ်ယောက်ပဲ လုပ်ရမယ့်အပိုင်းဖြစ်နေတယ်။ နှစ်ယောက် ဆိုတော့လည်း ပိုပြီးတော့ ညည်းလို့ ကောင်းတာပေါ့။ ပိုပြီးတော့ အားစိုက်ရမယ့် အပိုင်းတွေ ရှိနေပါတယ်။ အနုပညာနဲ့ဆက်စပ်တဲ့အလုပ် ဆိုရင်တော့ ပရိုဂျူဆာတို့ ဘာတို့လည်း အစ်မ မလုပ်ချင်ပါဘူး။ အခု လုပ်နေတဲ့ အလုပ်ကလည်း အနုပညာနဲ့ ဆက်စပ်မှုရှိပါတယ်”လို့ ပြောပြ ပါတယ်။ သူ့အနေနဲ့ အိမ်ထောင်ပြုဖို့၊ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်ဖို့စတဲ့ အစီအစဉ်တွေရှိမလားလို့လည်း ဆက်လက်မေးမြန်းဖြစ်ခဲ့ ပါတယ်။

”အပျိုကြီးပဲ လုပ်တော့မှာလေ။ ဘာလို့ အပျိုကြီးဖြစ်လဲဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ချစ်လို့ အပျိုကြီး ဖြစ်နေတာလို့ ထင်ပါတယ်။ အနု ပညာအလုပ်တွေကိုတော့ အစ်မ ပြန်လုပ်ဖို့ မရှိတော့ပါဘူး။ ကိုယ့်ကို ချစ်ကြတဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်တော့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ပုံလေးတွေ တင်ဖြစ်ပါတယ်။ အစ်မလုပ်နေတဲ့အရာလေးတွေကို ပရိသတ်ကို အသိပေးဖြစ်နေတော့ ပရိသတ်နဲ့တော့ အဆက်အသွယ် မပြတ်ပါဘူး” လို့ ခင်လေးနွယ်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ ၁၃ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကင်ညာနိုင်ငံသား(၅၉)ဦး၊ ယူဂန်ဒါနိုင်ငံသား(၂၀)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား(၁၃)ဦး၊ ကင်မရွန်းနိုင်ငံသား(၃) ဦး၊ ဂါနာနိုင်ငံသား(၃)ဦး၊ ဆီရီရာလီယွန်နိုင်ငံသား(၂) ဦး၊ လိုင်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ မာလာဝီနိုင်ငံ သား(၁)ဦးနှင့် ဘူရွန်ဒီနိုင်ငံသား(၁)ဦးတို့အား မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071