Sunday, May 25, 2025

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့်...

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌ေ-သဆုံးနိုင်ခြေကိုထိရောက်စွာလျှော့ချနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။ ၎င်းမှ မေ ၂၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မိုးရာသီတွင်ဖြစ်ပွားတတ်သော...

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာကြား

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့်...

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...
HomeNewsLocal Newsကုလအထူးအစီ ရင်ခံစာတင်သွင်းသူ၏ ပြောဆိုချက်များ...

ကုလအထူးအစီ ရင်ခံစာတင်သွင်းသူ၏ ပြောဆိုချက်များ အားမြန်မာဖက်ကတုန့်ပြန်

ကုလအထူးအစီ ရင်ခံစာတင်သွင်းသူ၏ ပြောဆိုချက်များ အားမြန်မာဖက်ကတုန့်ပြန်

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏(၅၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်  မြန်မာနိုင်ငံဆိုင် ရာအထူးအစီရင်ခံစာတင်သွင်းသူ၏ စက်တင် ဘာ ၂၁ ရက်က နှုတ်ဖြင့်အစီရင်ခံတင်ပြမှုအား သက်ဆိုင်ရာနိုင်ငံမှပါဝင်ခြင်းမရှိဘဲ အပြန်အလှန်ဆွေးနွေးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏တုံ့ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင် ဘာ ၂၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ထိုသို့ အပြန်အလှန်ဆွေးနွေးမှုသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏(၅၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပြုလုပ်ရန်စီစဉ်ထားသည့် မြန် မာနိုင်ငံအား သီးသန့်ပစ်မှတ်ထားသည့် အစီအစဉ်လေးခုအနက် ဒုတိယအစီအစဉ်ဖြစ်ကာ အထူးကိုယ်စားလှယ်၏ နှုတ်ဖြင့်အစီရင်ခံတင်ပြမှုကို  အပြန်အလှန်ဆွေးနွေးမှု အပါအဝင် အလွန်များ ပြားသည့် ယန္တရားများသည် သက်ဆိုင်ရာနိုင်ငံအပြင် ကောင်စီအတွက်ပါ အဆမတန် ဝန်ထုတ် ဝန်ပိုးများဖြစ်ပေါ်စေ၍ အချိန်နှင့်အရင်းအမြစ် များ အလဟဿ ပြုန်းတီးစေသည်ကို မြန်မာ နိုင်ငံက အကြိမ်ကြိမ်ထောက်ပြပြောကြားခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

အလားတူ စက်တင်ဘာ ၁၆ ရက်ကထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေဆိုင် ရာအထူးအစီရင်ခံစာတင်သွင်းသူနှင့်လူ့အခွင့်အ ရေးကာကွယ်သူများ၏ အခြေအနေဆိုင်ရာ  အထူးအစီရင်ခံစာတင်သွင်းသူတို့၏ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ စွပ်စွဲချက်များကို အထောက်အ ထားဖြစ်စေသည့် တိကျသောအချက်အလက်များပါဝင်ခြင်းမရှိဘဲ နိုင်ငံတကာ၏ အာရုံစိုက်မှုကိုရယူရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၏(၅၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့်တိုက် ဆိုင်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အထူးအစီရင်ခံစာတင်သွင်းသူ ကိုယ်တိုင်ကပင် မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်အရေးယူမှုများနှင့်ပိတ်ဆို့ကန့်သတ်မှုများချမှတ်ရန် အား ပေးအားမြှောက်ပြု၍ မြန်မာပြည်သူများ၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အခွင့်အရေးများ၊ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်မှုများကို ထင်ရှားစွာကျူးလွန်လျက်ရှိသည်။

အလားတူ အထူးအစီရင်ခံစာတင်သွင်းသူ၏ ပြောကြားမှုတွင် မမှန်ကန်သည့် သတင်းရင်းမြစ်များမှရယူထားသည့် သတင်းတု၊သတင်းမှားများကို ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအစိုးရ (သို့)၎င်း၏ ယူဆချက်နှင့်မတူသည့် ရှုထောင့်မှ အမြင်နှင့်တုံ့ပြန်ချက်များကို ပေါင်းစပ်ထည့် သွင်းဖော်ပြရန် ပျက်ကွက်ခဲ့သည်ဟု ရေးသားထားသည်။

ထို့အတူ “NUG” အမည်ခံအုပ်စုများကို အသိအ မှတ်ပြုရန် နိုင်ငံတကာအသိုက်အဝန်းအား လူသိ ရှင်ကြားစည်းရုံးပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးရန်လုပ်ပိုင်ခွင့်မရှိကြောင်း ကုလသမဂ္ဂ၏ ရပ် တည်ချက်ကို အများကသိရှိသည့်တိုင် မြန်မာနိုင် ငံ၏ လက်ရှိအခြေအနေအားထောက်ပြ၍ ဒေသတွင်းနှင့်နိုင်ငံတကာအဆင့်တွင် မြန်မာနိုင်ငံကို  ဖိအားပေးရန် တစ်စိုက်မတ်မတ်အားထုတ်မှုများရှိကာ အခြေအနေ၏နောက်ကွယ်အကြောင်းအရင်းမှန်အပေါ် ဂရုပြုခြင်းအလျဉ်းမရှိသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ရေးသားထားသည်။

မြန်မာအစိုးရသည် ၎င်း၏တာဝန်ဝတ္တရားများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော် လည်း ပြည်တွင်း၊ပြည်ပတွင် အခြေစိုက်သည့် အကြမ်းဖက်သမားများနှင့်၎င်းတို့အား ထောက်ပံ့ကူညီလျက်ရှိသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၌ ဒီမိုကရေစီရှင်သန်ရေးအစား မြန်မာနိုင်ငံအလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် မြန်မာအစိုးရသည် နိုင်ငံဖွံ့ဖြိုးတိုး တက်မှုအတွက်အရေးပါသည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင် ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှစတင် ၍ လက်ရှိအချိန်အထိ တပ်မတော်မှအပစ်အခတ် ရပ်စဲရေးထုတ်ပြန်ချက် ၂၁ ကြိမ် ထုတ်ပြန်ခဲ့ပြီးစစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအားကောင်းစေရန် ပြည်ထောင်စုအ ခြေပြု ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တည်ထောင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အထူးကိုယ်စားလှယ်သည် “NUG” ကထောက်ပံ့ညွှန်ကြားလျက်ရှိသည့် “PDF” အဖွဲ့များက ကျူး လွန်ခဲ့သည့် လုပ်ရပ်များကို မျက်ကွယ်ပြုခဲ့သဖြင့် ကျောင်းသား၊ကျောင်းသူများ၊ဆရာများ၊အစိုးရဝန်ထမ်းများနှင့်အခြားအပြစ်မဲ့ပြည်သူများ၏ လူ့အခွင့်အရေးများကို အန္တရာယ်ကျရောက်စေ သည်ဟု ရေးသားထားသည်။

ထို့အတူ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၃ ရက်အထိ လက်နက် ၆၃၁၁ လက်၊ ခဲယမ်းမီးကျောက်အမျိုးမျိုး ၃၃၅၁၈၄ ခုနှင့်လက်ပစ်ဗုံး/မိုင်းအမျိုးမျိုး ၁၁၇၁၅ ခုသိမ်းဆည်းရမိခဲ့ကာ ၁၈ လတာအတွင်း မီးရှို့တိုက်ခိုက်မှု၊သတ်ဖြတ်မှုနှင့်ဗုံးခွဲတိုက်ခိုက်မှုတို့အပါအဝင် တိုက်ခိုက်မှု ၁၄၉၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ ၃၄၈၃ ဦး သေဆုံး၍ ၃၀၆၅ ဦးဒဏ်ရာရကာ ၄၁ ဦး ပျောက်ဆုံးလျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊လက် ယက်ကုန်းရွာ၌ စက်တင်ဘာ ၁၆ ရက်က “PDF” အဖွဲ့ဝင်များနှင့် KIA အဖွဲ့တို့ပူးပေါင်း၍ လူနေအိမ်များနှင့်ဘုန်းကြီးကျောင်းအတွင်းနေရာယူ၍ ရွာသားများအား လူသားတံတိုင်းသဖွယ် အသုံးပြုအကာအကွယ်ယူကာ လုံခြုံရေးအဖွဲ့ဝင် များကို ပစ်ခိုက်တိုက်ခိုက်ခဲ့သည်။ 

ထိုသို့ တိုက်ခိုက်မှုကြောင့် ရွာသားအချို့ထိခိုက်မှုရှိခဲ့၍ ဒဏ်ရာရရှိသူများကို ရေဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး စက်တင်ဘာ ၂၀ ရက်ကပြုလုပ်ခဲ့သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ယင်း ဖြစ်စဉ်အား ရှင်းလင်းပြောကြားခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် လက်ယက်ကုန်းရွာသား ၂ ဦးနှင့်အမေးအဖြေကို ထုတ်ပြန်ခဲ့သည်။

အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိ မိတ်အနီး ဖြစ်စဉ်များနှင့်ပတ်သက်၍ နိုင်ငံခြား ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်၌ စက်တင်ဘာ ၁၆ ရက်တွင် AA နှင့် ARSA အဖွဲ့များက BP-31 ရှိ တောင်ပြို(ယာ) နယ်စပ်လုံခြုံရေးရဲကင်းစခန်းအား မော်တာကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မော်တာကျည် ၃ လုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် BP-34 ရှိ တောင်ပြို(ဝဲ)နယ်စပ်လုံခြုံရေးရဲ ကင်းစခန်းအား အမျိုးအစားတူကျည်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ မော်တာကျည် ၉ လုံး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့သဖြင့် AA နှင့် ARSA အဖွဲ့များ၏ တိုက်ခိုက်မှုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ချစ်ကြည်ရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။

ထို့ကြောင့် အထူးအစီရင်ခံတင်သွင်းသူ၏ နှုတ်ဖြင့်အစီရင်ခံတင်ပြမှုသည် ဘက်မလိုက်မှု၊ဓမ္မဓိ ဋ္ဌာန်ကျမှုနှင့်ပညာရှင်ဆန်မှု အခြေခံမူများနှင့်သွေဖီလျက်ရှိသည်မှာထင်ရှားပြီး လူ့အခွင့်အရေးကောင်စီနှင့် ၎င်း၏ယန္တရားများသည် နိုင်ငံရေး သက်ဝင်မှုပိုများလာကာ ထိပ်တိုက်တွေ့ဆုံမှုကို ဦးတည်လျက်ရှိသည်ကိုတွေ့နိုင်ကာ အထူးအစီ ရင်ခံစာတင်သွင်းသူများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့်လူ့အခွင့်အရေးကောင်စီ၏အ ခြေခံမူများနှင့်အညီ လိုက်နာဆောင်ရွက်သင့်သည်ဟု ရေးသားထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကိစ္စရပ်များကို နိုင်ငံရေးသွတ်သွင်းမှုများ(သို့)လူ့အ ခွင့်အရေးကို အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချခြင်းတို့ကို အခိုင်အမာဆန့်ကျင် သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရေး၊တရားစီရင်ရေး၊ဥပဒေပြုရေး၊အုပ်ချုပ်ရေးအာ ဏာနှင့်နိုင်ငံ၏အချုပ်အခြာအာဏာပိုင်စိုးမှုအ ပေါ် မည်သို့သော ဝင်ရောက်စွက်ဖက်မှုမျိုးကိုမဆို ဆက်လက်ကာကွယ်သွားမည်ဖြစ်ကာ အထူးအစီရင်ခံစာတင်သွင်းသူ၏ ဘက်လိုက်မှုမကင်းသည့် နှုတ်ဖြင့်အစီရင်ခံစာတင်သွင်းမှုသည် မြန် မာနိုင်ငံ၏ အခြေအနေကို ဖြစ်ရပ်မှန်မှများစွာကွဲ လွဲလျက်ရှိ၍ ကောင်စီအဖွဲ့ဝင်များကြား အထင် အမြင်လွဲမှားမှုများကို ဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌ေ-သဆုံးနိုင်ခြေကိုထိရောက်စွာလျှော့ချနိုင်

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌ေ-သဆုံးနိုင်ခြေကိုထိရောက်စွာလျှော့ချနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။ ၎င်းမှ မေ ၂၃ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မိုးရာသီတွင်ဖြစ်ပွားတတ်သော အသက်ရှူလမ်း ကြောင်းဆိုင်ရာကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာကာ ဒေသတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲများသည် XBB နှင့် JN.1 တို့မှ...

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာကြား

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မေ ၂၄ ရက်မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ တပ်များအလိုက် မိမိတို့တာဝန်ယူထားရသည့် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်နိုင်ရန်လိုကာ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲဂရုပြုပြီး အလေးအနက်ထားဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်း အားပြည့်ဝနေရန်လိုပြီး တစ်ဦးချင်းစီအလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည်ဖြစ်ကာ လေ့ကျင့်ရေးသင်တန်းကျောင်းများမှလည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန်လိုအပ်၍ အဆင့်ဆင့်သောခေါင်းဆောင်များကိုယ်တိုင်က...

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071