Friday, February 14, 2025

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က...

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို...

Myanmar National League 2024-25...

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင်...

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇...

တောင်တရုတ်ပင်လယ်ပြင်၊ ၎င်းနှင့်တစ်ဆက်တည်းရှိသော အရှေ့ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖေဖော်ဝါရီ...
HomeInternationalကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့်...

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့် ပါလက်စတိုင်းဒုက္ခသည်များအတွက် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထရမ့်ကြေညာ

အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂ၏ အမြင့်ဆုံး လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မည်ဖြစ်ပြီး ပါလက်စတိုင်းဒုက္ခသည်များကို ကူညီပေးနေသည့် ကုလသမဂ္ဂအေဂျင်စီအတွက် ရန်ပုံငွေထောက်ပံ့မှုကိုလည်း ပြန်လည်စတင်မည်မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့်နှစ်ကပင်လျှင် ဂျနီဗာမြို့တွင် အခြေစိုက်သည့် လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ခဲ့ပြီး ပါလက်စတိုင်းဒုက္ခသည်များကို ကူညီပေးနေသည့် UNRWA အေဂျင်စီအတွက် ရန်ပုံငွေထောက်ပံ့မှုကိုလည်း ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ အစ္စရေးက UNRWA သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးတောင်ပိုင်းသို့ ပါဝင်တိုက်ခိုက်ခဲ့သည့် ဟာမတ်စ်တို့ကို ခိုလှုံခွင့်ပေးထားသည်ဟု စွပ်စွဲခဲ့သည်။ UNRWA ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

ထရမ့်၏ ယခု ကြေညာချက်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် တွေ့ဆုံခဲ့သည့်နေ့တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနှင့် UNRWA နှစ်ခုစလုံးကို ဘက်လိုက်မှုနှင့် ဂျူးဆန့်ကျင်ရေးဝါဒရှိနေကြောင်း စွပ်စွဲခဲ့သည်။

ထရမ့်၏ အမိန့်ညွှန်ကြားချက်များတွင် ပါရီမြို့တွင် အခြေစိုက်သည့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) တွင် အမေရိကန်၏ ပါဝင်မှုကို ပြန်လည်သုံးသပ်ရန်နှင့် “နိုင်ငံအသီးသီးတွင် ရန်ပုံငွေထောက်ပံ့မှု အဆင့်များကြား ကွာဟမှုများ” အပေါ် အခြေခံ၍ ကုလသမဂ္ဂအတွက် အမေရိကန်၏ ရန်ပုံငွေထောက်ပံ့မှုကို ပြန်လည်သုံးသပ်ရန်လည်း ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က ဝင်ရောက်ဖမ်းဆီးမှုစတင်

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို ယနေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါတပ်၏ တာဝန်ရှိသူများထံမှ သိရသည်။ ယနေ့ ဖေဖေါ်ဝါရီ (၁၄) ရက် နံနက် (၆) နာရီအချိန်မှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ " မနက် (၆) နာရီလောက်မှာ စလုပ်တာပါ"...

Myanmar National League 2024-25 ပွဲစဉ်တလျှောက် သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသည့် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေးဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဖေဖေါ်ဝါရီ (၁၃) ရက်တွင် အသိပေးထားသည်။ ရန်ကျော်ထွေးသည့် ပြီးခဲ့သည့် Week -18 ပွဲစဉ် ပြီးဆုံးချိန်မှစတင်၍ သွင်းဂိုး (၁၃)ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး၊ လာမည့် Week -20 ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၄)ရက်၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အသင်းများအလိုက်လက်ကျန်ပွဲစဉ် သုံးပွဲစီ ကစားရန်သာ ကျန်ရှိသည်။ အလားတူ...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် တရုတ်ခေါင်းဆောင်များက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မက်လုံးအသစ်များကို ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။ "ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တရုတ်နိုင်ငံတွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့၊အဲ့ဒီကုမ္ပဏီတွေကိုကူညီဖို့နဲ့စည်းစနစ်တကျရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေကကူညီပေးရမှာပါ" ဟုလည်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာအကန့်အသတ်များကို အလုံးစုံဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုအားပေးသည့် လုပ်ငန်းအရေအတွက်ကိုပါတိုးချဲ့မည်ဖြစ်ကြောင်းကိုလည်း တရုတ်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။ ပြည်ပသာမက ပြည်တွင်းမှရန်ပုံငွေထောက်ပံ့ပေးထားသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို အစိုးရကတန်းတူညီမျှဆက်ဆံကာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုလမ်းကြောင်းများ တိုးတက်လာစေရန်ဆောင်ရွက်မည်ဟုလည်းဆိုသည်။ ထို့အပြင် အစိုးရက တရုတ်နိုင်ငံ၌နိုင်ငံခြားခရီးသည်များ ခရီးသွားခြင်း၊နေထိုင်အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071