အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်တို့သည် ကုန်သွယ်ရေးသဘောတူညီချက်နှင့် အရေးကြီးသော သတ္ထု့တွင်းထွက်များဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ အမေရိကန်သမ္မတသည် တရုတ်နိုင်ငံက မြေရှား သတ္ထု့များ ကို လက်လှမ်းမီရရှိနိုင်မှုကို တင်းကျပ်ခြင်းကို တုန့်ပြန်ဆောင်ရွက်ရန်နှင့် အရှေ့တောင်အာရှဒေသတစ်ဝန်း ကုန်သွယ်ရေးကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်၌ ယခု ကဲ့သို့ စာချုပ်ချုပ်ဆိုခြင်းဖြစ်သည်။
မလေးရှားသည် ၎င်း၏ အခွန်အကောက်နှင့် အခွန်အကောက်မဟုတ်သော အတားအဆီးများကို ပြင်ဆင်ပြောင်းလဲသွားမည်ဖြစ်ပြီး မိမိတို့သည် ကုန်သွယ်မှုကို အများအပြားပြုလုပ်သွားရန် ရည်ရွယ်ထားသည်ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့တော်တွင် ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန် ဂရီးယာက ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ နည်းပညာနှင့် ဝန်ဆောင်မှုကဏ္ဍများသည် သဘောတူညီချက်မှ အကျိုးကျေးဇူးများကိုရရှိ ခံစားရမည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အရေးပါသော သတ္ထု့တွင်းထွက်များဆိုင်ရာ သဘောတူညီချက်သည် ကုန်သွယ်ရေးနှင့် မြေရှားသတ္ထု့တွင် ရင်းနှီးမြှုပ်နှံမှုတို့ကို တတ်နိုင်သမျှ လွတ်လပ်ပြီး ဖြစ်နိုင်သမျှ ပြန်လည်ရုန်းထ လာစေမည်ဟု ဂရီးယာက ပြောကြားခဲ့သည်။
သဘောတူညီချက်များသည် ကုန်သွယ်ရေး တွင်သာမက နှစ်နိုင်ငံဆက်ဆံရေးကိုပါ တိုးတက်ကောင်းမွန်စေမည့် “အရေးပါသော မှတ်တိုင်တစ်ခု” ဟု အန်ဝါက ခေါ်ဆိုခဲ့သည်။
မလေးရှားနှင့် ကုန်သွယ်ရေးသဘောတူညီချက်သည် ဒေသတွင်းရှိ အခြားသဘောတူညီချက်များကို ဖြစ်ပေါ်စေရန်နှင့် ဖိအားပေးရန် အသုံးချဖွယ်ရှိသည်ဟု အာရှဂရု မိတ်ဖက်ဖြစ်ပြီး၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒန် ကရစ်တန်ဘရင့်ခ်က သဘောတူညီချက်များ လက်မှတ်ရေးထိုးပွဲမတိုင်မီက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
