အမေရိက၏ ဖြစ်လာဖွယ်ရှိသောအခွန်စည်းကြပ်မှုများ ၏အကျိုးသက်ရောက်မှုများကို စောင့်ကြည့်နေမည့်အစား တရုတ်၊ ရုရှား၊ ဘရာဇီးကဲ့သို့ အခြားနိုင်ငံများနှင့် ကုန်သွယ်မှုဆက်ဆံရေးများကို တည်ဆောက်ရန် မလေးရှားနိုင်ငံက တက်ကြွစွာလုပ်ဆောင်သွားမည်ဟု ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်ပြည်ထောင်စု၏ အခွန်စည်းကြပ်မှုများကို စောင့်ကြည့်အကဲခတ်နေခြင်းသည် မလေးရှားနိုင်ငံအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများရှိလာနိုင်ကြောင်းနှင့် ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်ပ်က အခွန်စည်းကြပ်မှုကို ရက် ၃၀ ဆိုင်းငံ့လိုက်အပြီးတွင် မသေချာမရေရာမှုများရှိနေခဲ့ကြောင်း အန်ဝါက ပါလီမန်ကို ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအပေါ် အမေရိက၏ အခွန်းတိုးကောက်မှုသည်လည်း အာဏာသက်ဝင်တော့မည်ဖြစ်သည်။
ပထဝီနိုင်ငံရေး မရေရာမှုများစွာ ရှိနေသောကြောင့် မလေးရှားနိုင်ငံအနေဖြင့် တန်ပြန်စည်းကြပ်မှုများကို အလျင်စလိုလုပ်ဆောင်နိုင်မည်မဟုတ်ဟုလည်း အန်ဝါက ဆိုသည်။
မိမိတို့ဘက်က ပိုမိုကျယ်ပြန့်သော ကုန်သွယ်ဖက်များ ကွန်ရက်ကို တွန်းတွန်း တိုက်တိုက် တည်ဆောက်ရန် အနာဂတ်ကို မျှော်တွေးသော ခြေလှမ်းများကို လှမ်းထားရမည်ဟု အန်ဝါက ဆက်လက် ပြောကြားခဲ့သည်။
Ref: အာရပ်နူးစ်