မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊သစ်စိမ့်ပင်ကျေး ရွာရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ဇန်နဝါရီ ၁၈ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်း-ကျိုက်ထိုမြို့တို့မှ သိရသည်။
ယနေ့နံနက် ၆ နာရီခွဲခန့်က ကျိုက်ထိုမြို့နယ်၊သစ်စိမ့်ပင်ကျေးရွာရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမတွင် စားအုန်းဆီပုံးများတင်လာသည့် ကုန်တင်ကားက ကုန်တင်ဖောကား၏နောက်ပိုင်းအား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်း-ကျိုက်ထိုမြို့တို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
“ဆီပုံးတွေတင်လာတဲ့ကားကဝင်တိုက်တာ ကားမောင်းတဲ့လူက ခေါင်းခန်းမှာညပ်ပြီးသေဆုံးသွားပါတယ် အချိန်အတော်ကြာအောင် အလောင်းကိုဆွဲထုတ်ခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်တွင် သေဆုံးသွားသည့် ကုန်တင်ကားမောင်းသူ၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်း-ကျိုက်ထိုမြို့မှ သိမ်ဇရပ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


