Tuesday, June 10, 2025

မြန်မာနှင့် ပါကစ္စတန်ခြေစစ်ပွဲ ပွဲစဉ်တွင် ပရိသတ်များ...

ယနေ့ ဇွန်လ (၁၀) ရက် ညနေ (၅)နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း၌ မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန်...

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁)...

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း...

ထိုင်းနှင့် ကမ္ဘောဒီးယားအစိုးရများက ဗီဇာသက်တမ်းကိုအပြန်အလှန် လျှော့ချ

ကမ္ဘောဒီးယားအစိုးရက ထိုင်းခရီးသွားများအတွက် ဗီဇာသက်တမ်းကို ခုနစ်ရက်သို့ လျှော့ချခဲ့သကဲ့သို့ ထိုင်းဘက်ကလည်း အလားတူတုန့်ပြန်ခဲ့ကာ အိမ်နီးချင်းနိုင်ငံသို့ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများဖြ-တ်တောက်ရန် စီစဉ်နေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ကမ္ဘောဒီးယားအစိုးရက...
HomeNewsLocal Newsကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် အလုပ်သမားများ လက်ရှိလုပ်ခလစာနှင့်...

ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် အလုပ်သမားများ လက်ရှိလုပ်ခလစာနှင့် မရပ်တည်နိုင်ဟုဆို

ပြည်တွင်း၌ဒေါ်လာဈေးနှုန်းမြင့်တက်ခြင်း၊ ပြည်ပကနေမှာယူတင်သွင်းရသည့် ကုန်ပစ္စည်းတွေ၏ တန်ဖိုးတွေမှာ မြင့်တက်လာသည့်အတွက် အခြေခံစားသောက်ကုန်ဈေးကွက်အတွင်းမှာလည်း ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် အလုပ်သမားများ လက်ရှိလုပ်ခလစာနှင့် မရပ်တည်နိုင်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများထံမှ သိရသည်။

“ပြီးခဲ့တဲ့ ၆ လလောက်ကတည်းက EU ကတာဝန်ရှိတဲ့သူတွေ၊ သံရုံးကတာဝန်ရှိတဲ့သူတွေ၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမှုလုပ်ခဲ့တယ်။ လက်ရှိလုပ်ခလစာနဲ့ အလုပ်သမားတွေရပ်တည်ဖို့ ခက်ခဲတယ်ပေါ့။ မဖြစ်နိုင်တော့ဘူး။ လုပ်ခလစာတိုးမြှင့်ရေးလို့ပြောလိုက်ရင်လည်း အစိုးရ၊အလုပ်ရှင်၊အလုပ်သမားသုံးပွင့်ဆိုင်ဆိုတဲ့ ယန္တရားမှာပဲ အဖြေရှာရမယ့် သဘောဖြစ်နေတယ်။အဓိက မြန်မာပြည်ရဲ့ အော်ဒါတွေကိုပေးနေတဲ့ Brand တွေကိုပြောတာပေါ့။ အခုဆိုရင်ကုန်ဈေးနှုန်းတွေက တက်လာပြီ။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ရဲ့အလုပ်သမားတွေက လက်ရှိလုပ်ခလစာနဲ့ ဘယ်လိုမှမရပ်တည်နိုင်တော့ဘူး။ နောက်ဆက်တွဲအနေနဲ့ လူမှုရေးအကြပ်အတည်းတွေ အများကြီးပေါ်ပေါက်လာလိမ့်မယ်။ လုပ်ခလစာသတ်မှတ်ရေးဆိုတဲ့ အစိုးရ၊အလုပ်ရှင်၊အလုပ်သမားသုံးပွင့်ဆိုင် မလုပ်နိုင်ရင်တောင် brand တွေအနေနဲ့ ရသင့်ရထိုက်တဲ့လုပ်ခလစာကိုပေးဖို့တွေ့ဆုံဆွေးနွေးထားပါတယ်”ဟု အလုပ်သမားအရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်းက ပြောသည်။

အနည်းဆုံးအခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အခကြေးငွေနှုန်းထားကို ၂ နှစ်တစ်ကြိမ်ပြင်ဆင်သတ်မှတ်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ပထမအကြိမ်အဖြစ် တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှင့် ဒုတိယအကြိမ်ကို ၂၀၁၈ ခုနှစ် မေလတွင် ၄၈၀၀ ကျပ်ထိ တိုးမြင့်ခဲ့ခြင်းဖြစ်သည်။

သို့သော် တတိယအကြိမ်မြောက်ထပ်မံပြဋ္ဌာန်းရမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြင်ဆင်သတ်မှတ်မှုလုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပြီး လက်ရှိအချိန်ထိ ကျပ် ၄၈၀၀ နှုန်းဖြင့်သာ တွက်ချက်ပေးချေနေခြင်းဖြစ်ကြောင်းသိရသည်။

ယခင်က ၄၈၀၀ သတ်မှတ်ချိန်တွင် ဗဟိုဘဏ်ငွေလဲနှုန်းမှာ ၁၃၅၀ သာရှိသည့်အတွက် ၃ ဒသမ ၅ ဒေါ်လာနှင့်ညီမျှ၍ အဆင်ပြေကြောင်း၊ယခုအခါ ဗဟိုဘဏ်ငွေလဲနှုန်းမှာ ၂၁၀၀ ကျပ်ဖြစ်သည့်အတွက် ၂ ဒေါ်လာခွဲပဲရရှိတော့သည့်အတွက် အလုပ်သမားတွေအတွက် လုပ်ခလစာကိုညီမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနှင့် ပါကစ္စတန်ခြေစစ်ပွဲ ပွဲစဉ်တွင် ပရိသတ်များ တခဲနက်အားပေး

ယနေ့ ဇွန်လ (၁၀) ရက် ညနေ (၅)နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း၌ မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားလျက်ရှိသည့်ပွဲစဉ်တွင် နှစ်ဖက်အသင်းကို လာရောက်အားပေးသော ပရိသတ်များတခဲနက်တွေ့ရသည်။

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က တူကီယေးနိုင်ငံဆွေးနွေးခဲ့မှု၌ ရရှိခဲ့သော သဘောတူညီချက်အရ အလဲအလှယ်လုပ်ရာတွင် အသက် ၂၅ နှစ်အောက် ဖမ်းဆီးခံထားရသူများအပြင် ပြင်းထန်‌သောဒဏ်ရာရရှိထားသူများလည်း ပါဝင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တယ်လီဂရမ်တွင် အတည်ပြုရေးသားခဲ့သည်။ ယူကရိန်းသည် အကျဉ်းသား အလဲအလှယ်ခြင်းကိစ္စကို ဆိုင်းထားသည်ဟု မော်စကိုက စွပ်စွဲခဲ့ပြီး ကိဗ်က ငြင်းဆိုခဲ့သော သီတင်းပတ်ကုန်ပိုင်းက အငြင်းပွားမှုအပြီးတွင် ယခုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။ ရုရှားတွင်...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁) ဦးတွေ့

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၁၅၄) ခုကို စစ်ဆေးခဲ့ရာမှ ကိုဗစ် (၁၉) ရောဂါ အတည်ပြုလူနာအသစ် (၃၁) ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခုထိ ပြင်းထန်လူနာ အထူးကြပ်မတ် ကုသမှုပေးရသည်လူနာနှင့် ကိုဗစ်ရောဂါဖြင့် ​ေ-သဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးချက်အရ သိရသည်။ ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါးကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ ဆီးချိုရောဂါ နာတာရှည်အဆုတ်ရောဂါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071