Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsLocal Newsကုန်ဈေးနှုန်းများမြင့်တက်နေရခြင်းမှာ ဝိသမ လောဘသမားများ၏...

ကုန်ဈေးနှုန်းများမြင့်တက်နေရခြင်းမှာ ဝိသမ လောဘသမားများ၏ ဈေးကစားနေမှုများကြောင့်ဖြစ်

ဝိသမလောဘသမားများမှ သတင်းမှားများဖန်တီးကာ စျေးကစားနေမှုများရှိနေသဖြင့် ကုန်စျေးနှုန်းများမြင့်တက်နေရခြင်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌကဆိုသည်။

နေပြည်တော်၌ သြဂုတ် ၂၅ ရက်နံနက်ပိုင်းကပြုလုပ်သည့် ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဥ် (၇/၂၀၂၃)သို့ နစက ဥက္ကဋ္ဌတက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့ရသင့်ရထိုက်သည့် နိုင်ငံခြားငွေများကိုမရရှိအောင် နည်းအမျိုးမျိုးဖြင့်တားဆီးကာ စီး ပွားရေးအကျပ်အတည်းဖြစ်အောင်ဆောင်ရွက်ခဲ့မှုများရှိ၍ ဝင်ငွေ၊ ထွက်ငွေမျှတမှုရှိစေရန် နိုင်ငံနှင့်ပြည်သူလူထုအတွက် အရေးကြီးသည့် ကုန်စည်တင်သွင်းခြင်းနှင့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

“အဲဒီအခြေအနေအပေါ်မှာ သတင်းမှားတွေ ဖန် တီးခဲ့ပြီး ကုန်ဈေးနှုန်းတွေကို ဆွဲတင်ခဲ့ကြတယ်၊ နောက်ပြီး ကုန်ဈေးနှုန်းများမြင့်တက်စေဖို့ တချို့ဝိသမလောဘသမားတွေရဲ့ ဈေးကစားနေတာတွေလည်းရှိတယ်၊ ဒါကို တာဝန်ရှိသူတွေက ကြပ်မတ်ဆောင်ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ငွေကြေးဈေးကွက်ကို အဓိကကစားနေကြသူများမှာ ပြည်တွင်းကျပ်ငွေ၊နိုင်ငံခြားငွေနှင့်ရွှေကိုင်ထားကြသူများဖြစ်ပြီး နိုင်ငံခြားငွေကိုင်ထားသူများက ၎င်းတို့၏ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊မြန်မာကျပ်ငွေကိုင်ထားသူများက ရွှေဝယ်၍ ရွှေဈေးတက်ရန်ဆောင်ရွက်နေကြသည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံခြားငွေများနှင့်ရွှေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန် မိမိတို့ကော်မတီအနေဖြင့် စနစ် တကျသုံးသပ်ကိုင်တွယ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့် ဈေးထက်များပြားနေသည်ကို တွေ့ရကာ ငွေကိုင်ထားသူများသည် တိုင်းပြည်နှင့်ပြည်သူလူထုကိုတိုက်ရိုက်အကျိုးရှိမည့် စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီးအမြတ်များများရနိုင်မည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကို နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမည်ဟု ဆိုသည်။

မိမိတို့ကော်မတီအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရန် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ၏ အခြေအနေအရပ်ရပ်ကိုသုံးသပ်၍ ဆောင်ရွက်သင့်သည်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုပြီး Quick Win ဖြစ်မည့်လုပ် ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ရမည်ဟု မှာကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071