Wednesday, August 19, 2026

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား...

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌...

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့...

သတင်းထုတ်ပြန်ချက်

ထိုင်းနိုင်ငံမှမြန်မာလုပ်သားများအနေဖြင့် True Money Wallet ကိုအသုံးပြုပြီးမြန်မာနိုင်ငံမှ မိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာငွေလွှဲနိုင်ပြီ ရန်ကုန်၊ မြန်မာ၊ ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၆။...
HomeNewsLocal Newsကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊...

ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေဟု ဒုတိယဝန်ကြီးရှင်းလင်း

နေပြည်တော်၊ ဇူလိုင် ၂၃

လက်ရှိကြုံတွေ့နေရသည့် စားသောက်ကုန်နှင့် အခြေခံစားသုံးကုန်များ၏ ကုန်ဈေးနှုန်းမြင့်တက်မှုကို လျှော့ချပြီး ဈေးနှုန်းတည်ငြိမ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကဏ္ဍအလိုက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဦးတင့်ဝေ၏ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးတင့်ဝေက လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အခြေခံစားသောက်ကုန်၊ စားသုံးဆီ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများသည် ယခင်ကထက် သုံးဆ၊ လေးဆအထိ မြင့်တက်လာကြောင်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အစိုးရ၏ ဆောင်ရွက်ချက်များကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

ဒုတိယဝန်ကြီးက ကုန်ဈေးနှုန်းတည်ငြိမ်ရေးသည် ထုတ်လုပ်မှုမှ ဖြန့်ဖြူးရောင်းချမှုအထိ Supply Chain တစ်ခုလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အပါအဝင် သက်ဆိုင်ရာဌာနများက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆန်နှင့် စားသုံးဆီဈေးနှုန်း ထိန်းညှိရေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း၍ ပြည်တွင်းဆန်ဖူလုံရေး၊ စနစ်တကျ ပြည်ပတင်ပို့ရေးနှင့် ဈေးကစားရန် ရည်ရွယ်သိုလှောင်မှုများ မဖြစ်စေရေးအတွက် အခြေခံရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

စားသုံးဆီကဏ္ဍတွင်လည်း ပြည်ပတင်သွင်းမှု CIF ဈေးနှုန်းအပေါ် အခြေခံ၍ ရန်ကုန်လက်ကားရည်ညွှန်းဈေးကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိပြီး ဖြန့်ဖြူးရေးအဆင့်များကို သတ်မှတ်ထိန်းချုပ်ထားကာ သတ်မှတ်ဈေးထက် ပိုမိုရောင်းချမှုများကို ရှောင်တခင်စစ်ဆေး၍ အရေးယူလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

စက်သုံးဆီနှင့် စိုက်ပျိုးရေးသွင်းအားစုများအတွက် အခွန်သက်သာခွင့်

သယ်ယူပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ရေးအတွက် ဒီဇယ်(HSD 500 ppm) အပေါ် ကောက်ခံသည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်တို့ကို ၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လအထိ ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ထို့အပြင် ဓာတ်မြေဩဇာတင်သွင်းမှုအပေါ် ကြိုတင်ဝင်ငွေခွန်ကိုလည်း ကင်းလွတ်ခွင့်ပြုထားကြောင်း ရှင်းလင်းပြောကြားသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်လုပ်မှုတိုးမြှင့်

တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခုတို့တွင် ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးစက်ကိရိယာများ၊ ဆန်စက်နှင့် ဆီစက်လုပ်ငန်းများကိုလည်း ငွေကြေးပံ့ပိုးမှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ဒုတိယဝန်ကြီးက ကုန်ဈေးနှုန်းတည်ငြိမ်ရေးသည် အစိုးရတစ်ဖက်တည်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းမဟုတ်ဘဲ ထုတ်လုပ်သူ၊ စားသုံးသူ၊ ပုဂ္ဂလိကကဏ္ဍနှင့် ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ချိတ်ဆက်ပူးပေါင်း၍ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လွှတ်တော်တွင် ရှင်းလင်းဖြေကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားသို့ တရားဝင်အလည်အပတ်ခရီး သွားရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုထားပါတယ်။ နန်းတော်ရေးရာဝန်ကြီး Kuy Sophal နဲ့ အမျိုးသားနဲ့ နိုင်ငံတကာ ပွဲတော်များ ကျင်းပရေး ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး Chin Ketna တို့ဟာ ဦးမင်းအောင်လှိုင်ကို ကြိုဆိုဖို့အတွက် ပြင်ဆင်ထားတဲ့ နေရာတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith...

မြန်မာ-ရုရှား လွှတ်တော်သံတမန်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံလွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

နေပြည်တော်၊ ဩဂုတ် ၁၈ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဥပဒေပြုရေးကဏ္ဍအထိ ပိုမိုကျယ်ပြန့်ခိုင်မာစေရန် နှစ်နိုင်ငံလွှတ်တော်များအကြား အပြန်အလှန်ဆက်ဆံရေး၊ လေ့လာရေးခရီးစဉ်များနှင့် အတွေ့အကြုံဖလှယ်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ State Duma ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြု

နေပြည်တော်၊ ဩဂုတ် ၁၈ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ သွားရောက်၍ လွမ်းသူပန်းခွေချကာ ကျဆုံးသူရဲကောင်းများအား ဂုဏ်ပြုအလေးပြုသည်။ ဦးစွာ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရမှ တာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးက လွမ်းသူပန်းခွေကို ဦးဆောင်သယ်ဆောင်ခဲ့ပြီး နိုင်ငံတော်သမ္မတက အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချကာ ကျဆုံးခဲ့ကြသည့် သူရဲကောင်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071