Wednesday, May 6, 2026

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန်...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန်...

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Smart...

ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားရန်...

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...
HomeArticlesကုန်ဈေးနှုန်းတိုက်ပွဲကို နေ့စဉ်ဆင်နွှဲနေကြတဲ့ အိမ်ထောင်စုရဲ့...

ကုန်ဈေးနှုန်းတိုက်ပွဲကို နေ့စဉ်ဆင်နွှဲနေကြတဲ့ အိမ်ထောင်စုရဲ့ သူရဲကောင်းများ

အိမ်ထောင်စုတစ်ခုမှာ အိမ်ထောင်ဦးစီးရဲ့ဝင်ငွေက အဓိကအရေးပါသလို ရလာတဲ့ဝင်ငွေနဲ့ အိမ်ထောင်စုတစ်ခုလုံးရဲ့ အထွေထွေ ကုန်ကျစရိတ်ကိုလောက်ငအောင် သုံးစွဲရတဲ့အိမ်ရှင်မတွေရဲ့တာဝန်ကိုလည်း မေ့ထားလို့မရပါဘူး။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာပရိတ်သတ်များအတွက် နေ့စဉ်မြင့်တက်လာနေတဲ့ကုန်ဈေးနှုန်းတွေကို အိမ်ရှင်မတွေဘယ်လို ရင်ဆိုင်နေကြသလဲ။နေ့စဉ်ဝင်ငွေက အိမ်ထောင်စုတစ်ခုကို လုံလောက်စေသလားဆိုတဲ့ မေးခွန်းတွေကို စုစည်းပြီး ‘ကုန်ဈေးနှုန်းတိုက်ပွဲကို နေ့စဉ် ဆင်နွှဲနေကြတဲ့ အိမ်ထောင်စုရဲ့ သူရဲကောင်းများ’ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြပေးလိုက်ရပါတယ်။

ဒေါ်သန်းသန်းဝင်း

အိမ်မှာက အလုပ်လုပ်နေတဲ့သူ သုံးယောက်ရှိပါတယ်။ တစ်လကို စုစု ပေါင်းဝင်ငွေက ကျပ်၁ဝသိန်းဝန်း ကျင်ပေါ့။ ဒါပေမဲ့ ကျောင်းတက်နေတဲ့ ကလေးတွေ အပါအဝင်အိမ်ထောင်စု မှာ လူက ၇ ယောက်ရှိတဲ့အခါ ကျ တော့ တစ်ရက်ကိုဈေးဖိုးက တစ် သောင်းကျော်လောက်မှ အဆင်ပြေ တယ်။ ဒီဝင်ငွေ၁ဝသိန်းကျပ်ကလည်း အလုပ်လုပ်နေသူတွေရဲ့လမ်းစရိတ်တို့ အထွေထွေစရိတ်တို့က တစ်လငွေ ကျပ်လေးငါးသိန်း ပြန်ကုန်ကျတယ် လေ။ သူတို့ကလည်း အပြင်သွားလာ နေရ တော့ တစ်ရက်သုံးလေးထောင် ကျပ်တော့ သုံးစွဲကြတယ်။ အဲဒီလို ဆိုတော့လလည်း လကုန်ခါနီး ရေဖိုး၊ မီးဖိုးအဝတ်စားဖိုး တခြားကိစ္စတွေနဲ့ ဆိုရင် လောက်တောင် မလောက် ချင်တော့ဘူး။ တစ်နေ့တစ်နေ့ ဈေး ထဲရောက်ရင် ဘာဝယ်ရမလဲ၊ လကုန် ဖို့ ဘယ်နှရက်လိုသေးလဲ၊ ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲ တွေး နေရတာနဲ့ပဲ စိတ်မော၊ လူမော ဖြစ်ရ တယ်ပေါ့။တစ်ခါတလေ အိမ်ကလူ တွေကိုလည်း ဟင်းကောင်းကောင်း လေးစားစေချင်တယ်။ ဈေးဖိုးက လည်း နည်းနေတယ်ဆိုရင် ကိုယ်စား မယ့် မနက်စာဖိုး ငါးရာကျပ် တစ် ထောင်လောက်ကို လျှော့ပြီးမစားဘဲ ဈေးဝယ်ရတာမျိုးလည်းရှိပါတယ်။ ဒါတောင် မကျန်းမမာမဖြစ်ကြလို့ တော်ပါသေးတယ်။ မဟုတ်ရင် ဆေး ကုသစရိတ်တွေပါ ကုန်ကျလာမယ် ဆိုရင် အြေ<ွကးတွေတင်လာမှာပါ။ ဖြစ်နိုင်ရင်တော့ နိုင်ငံ့လူကြီးတွေ အ နေနဲ့ လစာတိုးတာထက် ကုန်ဈေး နှုန်းကို မချပေးနိုင်ရင်တောင် ထပ် မတက်အောင် ဆောင်ရွက်ပေးစေ ချင်ပါတယ်ရှင်။

မသီရိမွန်

ညီမတို့ကမိသားစုသုံးယောက် ပါ။ ယောက်ျားက ဝန်ထမ်းမို့လစာက ကျပ်သုံးသိန်းမပြည့်ပါဘူး။ကလေးက လည်း သုံးနှစ်လောက်ပဲ ရှိသေးတော့ မုန့်ဖိုးတွေဘာတွေလည်း ကုန်တာ ပေါ့။ ဝန်ထမ်းအိမ်ယာမှာ နေရတော့ အိမ်လခ မကုန်ကျပေမယ့် မီတာခ၊ ရေဖိုးစတာတွေတော့ကုန်တာပေါ့။တစ်ရက်ကိုတစ်သောင်းကျပ် တောင် မပြည့်တဲ့ဝင်ငွေဆိုတော့ ဈေးဝယ် ရင် ကသီတာမျိုးတော့ရှိတာပေါ့။တခြား အပိုဝင်ငွေရာမျိုးလည်း မရှိ တော့ လဆန်းရက်လောက်ပဲ အဆင် ပြေ ချင်တယ်။ လအလယ်လောက်က စပြီး ဈေးဝယ်ရင် ဘာဝယ်ရမှန်းမသိ တာမျိုးဖြစ်လာတယ်။ ဈေးတွေက လည်း တနေ့တခြားတက်နေတာဆို တော့ လစာတိုးတာနဲ့မကာမိပါဘူး။ ကလေးကျောင်းတတ်ရင် ကျောင်း စရိတ်ကလည်း ရှိလာတော့မှာဆို တော့ တော်တော်လေးစဉ်းစားရတာ ပေါ့နော်။ အခုခေတ်က အိမ်ရှိလူ ကုန်အလုပ်လုပ်တာတောင် ကျပ်တည်း နေတဲ့အချိန်မှာ တစ်ယောက်တည်း ရဲ့ ဝင်ငွေနဲ့မိသားတစ်စုရပ်တည်ဖို့ က ခက်ခဲလွန်းပါတယ်။ ဈေးထဲ ရောက်ရင် သုံးလေးပတ်လောက် ပတ်ပြီးမှ ဘာဝယ်ရမလဲစဉ်းစားရ တယ်။ တစ်ရက်တစ်ရက် ဈေးဝယ်ရ မှာကို ကြောက်နေတာ။

မဆုမွန်ကျော်

ညီမကအစိုးရဝန်ထမ်းပါ။အိမ် မှာက ညီမကဈေးဝယ်ရတယ်။ မိ သားစုတစ်စုအတွက် ဈေးဝယ်ရတဲ့ အချိန်က အတော်လေးစဉ်းစားရ တာ။ ကိုယ့်မှာလိုသလောက်ပိုက်ဆံ တွေနဲ့ လိုတာအကုန်ဝယ်နေရရင် တော့သိပ်ကောင်းတာပေါ့။ အခုဟာ က ကိုယ့်မှာရှိနေတဲ့ပမာဏနဲ့ လိုအပ် တာတွေက ဘယ်လိုမှမကိုက်နိုင်ဘူး။ငယ်ငယ်ကဘောဂဗေဒသင်ရသလို လိုအင်ဆန္ဒတွေက အတောမသတ် နိုင်အောင်ရှိပြီး ဖြည့်ဆည်းနိုင်တဲ့ စွမ်းအားစုတွေက အကန့်အသတ်နဲ့ ရှိနေတယ်ဆိုသလိုပါပဲ။ ကုန်ဈေး နှုန်းက ခေတ်အလိုက်တက်လာရတာ ကိုလက်ခံပေးနိုင်ပေမယ့် လူတွေရဲ့ ဝင်ငွေက ခေတ်နဲ့အညီတိုး မလာတာ ကြောင့် တဖြည်းဖြည်း အဆင်မပြေ ဖြစ်လာကြတယ်လို့မြင်ပါတယ်။ ဈေး ထဲရောက်ရင် ဆန်ဈေး၊ ဆီဈေး၊ ကြက် သွန်ဈေးအားလုံးက တက်နေတာပဲရှိ တယ်။ ကျဆင်းသွားတာမျိုးဆိုတာ မမြင်ဖူး၊ မကြားဖူးဘူး။ အဲဒီတော့ ကြာလာရင် လူတွေဘယ်လိုအဆင် ပြေပြေနေထိုင်မလဲဆိုတာတောင် မတွေးရဲဘူး။ ကုန်ဈေးနှုန်းကို အန် တုပြီး ဈေးဝယ်ရဲတဲ့အိမ်ရှင်မတွေ အားလုံးကိုလည်း လေးစားမိပါတယ်။

ဒေါ်ကြည်ကြည်ငြိမ်း

ကုန်ဈေးနှုန်းတွေ တစ်နေ့တ ခြား တက်လာတာကတော့ အဆင် မပြေဘူးပေါ့။ ဒီနေ့ဒီဈေးဖြစ်ပေမယ့် နောက်နေ့ကျတော့ တက်ရောပြန် ကျတယ်ဆိုတာ မရှိဘူး။ အသီးနှံတွေ ကတော့ ဈေးကျတဲ့ အချိန်ဆိုတာရှိ ပါတယ်။ အဓိကကတော့ ကုန် ခြောက်တွေပေါ့။ ဆန်တို့၊ ဆီတို့ ငရုတ်သီး၊ ကြက်သွန် အစရှိသဖြင့် ပေါ့။ အဲဒါတွေကတော့ ဈေးတက် ပြီး ပြန်ကျတာရှားတယ်။ ဆန်ဆို တစ်ပတ်တစ်ခါကို ဈေးတက်နေတယ်။ ပြန်ကျတယ်ဆိုတာမရှိဘူး။ ဖြစ်စေ ချင်တာကတော့ ကုန်ခြောက်ဈေး လေးတွေ ငြိမ်အောင်ညှိစေချင်ပါတယ်။ အန်တီက အငြိမ်းစားယူထားပြီး အိမ်မှာက အန်တီယောက်က်ျားက စစ်သားဆိုတော့ စားနိုင်လောက်ရုံတော့ ရှိတာပေါ့နော်။ မတ်တပ်စာလို့ပဲပြော မလား။ နေထိုင်မကောင်းရင်တော့ သိပ်အဆင်မပြေဘူးပေါ့။ သားသမီး တွေရှိပေမယ့် သူတို့လည်း ကိုယ်စီ မိသားစုတွေနဲ့ဆိုတော့ သိပ်ပြန်မကြည့် နိုင်တဲ့အနေအထားမှာ ကုန်ဈေးနှုန်း တွေထပ်မတက်ဖို့ပဲ ဆုတောင်းနေရ တာပေါ့။

မသက်ဝေမွန်

ကုန်ဈေးနှုန်းတက်တာက အ များနဲ့ကြုံနေရချိန်မှာ ကိုယ်တစ် ယောက်ထဲအမြင်ကျတော့ ဘယ် လိုပြောရမလဲ။ အဆင်ပြေတယ်ဆို တဲ့သူက သူဋ္ဌေးတွေပဲဖြစ်မှာပါ။ အ ခြေခံလူတန်းစားတွေ အတွက်တော့ အတော်လေး ကသီလင်တ ဖြစ်နေ ကြတယ်ဆိုတာ ဈေးထဲသွားရင် မြင် နိုင်ပါတယ်။ အဲဒီတော့ဈေးဝယ်ရင် ကိုယ့်မိသားစု လိုအပ်တာတွေကို ပိုက်ဆံနဲ့ ချင့်ချိန်ရတာက ငွေရှာတာ ထက် ပိုခက်တယ်လို့တောင်ထင် တယ်။ ပစ္စည်းတစ်ခုက ဈေးတတ် သွားရင် တခြားပစ္စည်းဝယ်ဖို့ လျှော့ ရတော့တာပေါ့။ ဒီလိုအခြေအနေ တွေ များလာတော့ အိမ်မှာလိုအပ် တာတွေများလာတယ်။ အိမ်ထောင်ဦး စီးကိုလည်း ဒါပဲရလားဆိုတာမျိုးပြော မထွက်ဘူး။ သူလည်းကြိုးစားနေရင်း နဲ့ဆိုတော့ လစာတိုးဖို့ဆိုတာလည်း ကုမ္မဏီသူဋ္ဌေးတွေအတွက် အဆင် ပြေမှလေ။ အခုက တိုင်းပြည်စီးပွား ရေးကမှ မကောင်းဘဲ အလုပ်လက်မဲ့ တွေ များပြားနေချိန်မှာ ရတဲ့လစာနဲ့ ကုန်ဈေးနှုန်းနဲ့ကြားမှာ သူနိုင်ကိုနိုင် ပါပဲ။

အောင်ပြည့်စုံ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071