နူးဒေလီ၊ဧပြီ ၃၀
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၌ ဟိုတယ်တစ်ခုမီးလောင်မှုကြောင့် လူ ၁၄ ဦးထက်မနည်းေ-သဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ပြောကြားချက်အရ သိရသည်။
“Rituraj ဟိုတယ်မှာဖြစ်ပေါ်ခဲ့တဲ့မီးလေ-ာင်မှုကြောင့် လူ ၁၄ ဦးအသက်ဆုံးရှုံးခဲ့ရပြီး အားလုံးရဲ့ရုပ်အလေ-ာင်းကိုတော့ပြန်ရခဲ့ပါတယ်” ဟု ကိုးလ်ကတ္တားအကြီးတန်းရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မီးကိုထိန်းလိုက်နိုင်ပြီဖြစ်သော်လည်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။
လူအချို့ကိုကယ်တင်ထားနိုင်ပြီးဖြစ်ကာ ေ-သဆုံးသူများထဲတွင် ဟိုတယ်ဝန်ထမ်းတစ်ဦးလည်းပါဝင်ပြီး ၎င်းသည်မီးလေ-ာင်သဖြင့် ခေါင်မိုးပေါ်မှခုန်ချထွက်ပြေးစဉ် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ေ-သဆုံးသူများ၏ရုပ်အလေ-ာင်းများကို ရင်ခွဲစစ်ဆေးရန်ဆေးရုံသို့ပို့ဆောင်ထားကာ မီးလေ-ာင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟုဆိုပြီး အိန္ဒိယ၌ လုပ်ငန်းရှင်များသည် လုံခြုံရေးစံနှုန်းများအား အတိအကျလိုက်နာခြင်းမရှိဘဲ မီးလေ-ာင်လွယ်သည့်လေ-ာင်စာများအား လုပ်ငန်းဧရိယာအတွင်း၌ပင် သိမ်းဆည်းလေ့ရှိသဖြင့် မီးလေ-ာင်နိုင်ခြေမြင့်မားသည်ဟုလည်းအာဏာပိုင်များက ဆိုကြသည်။
Source : ရှင်းဟွာ
