အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့နှင့် အနီးဝန်းကျင်ဒေသများတွင် အဓိကပွဲတော်တစ်ခုမတိုင်မီ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁၂ ဦးထက်မနည်း ေ-သဆုံးခဲ့ပြီး လမ်းများရေမြုပ်၊ သယ်ယူပို့ဆောင်ရေးစနစ်များ ပြ-တ်တေ-ာက်ကာ ဒေသခံများနာရီနှင့်ချီ၍ သောင်တင်နေခဲ့သည်ဟု တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
၂၄ နာရီအတွင်း မိုးရေချိန် ၂၅၁ ဒဿမ ၆ မီလီမီတာအထိရှိခဲ့သော မိုးရွာသွန်းမှုအများစုသည် စက်တင်ဘာလ ၂၃ ရက် နေ့နံနက်အစောပိုင်းတွင် ရွာသွန်းခဲ့ခြင်းဖြစ်ကာ မြို့တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးမိုးရွာသွန်းမှုဖြစ်ကြောင်း ကိုးလ်ကတ္တားရှိ အိန္ဒိယမိုးလေဝသဌာနမှ ဒေသဆိုင်ရာအကြီးအကဲဖြစ်ဒေါက်တာ အိပ်ချ်အာဘစ်ဝေါ့စ်က ပြောကြားခဲ့သည်။
ကိုးလ်ကတ္တားတွင် လူကိုးဦးေ-သဆုံးခဲ့ရာ အများစုသည် ဓါတ်လိုက်ေ-သဆုံးခြင်းဖြစ်ကြောင်းနှင့် နှစ်ဦးသည် ရေနစ်ေ-သဆုံးခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မိုးကြီးမှုကြောင့် အနောက်ဘင်ဂေါပြည်နယ်တွင် ဟိန္ဒူဘာသာဝင်များ၏ နှစ်စဉ်အကြီးဆုံးဘာသာရေးပွဲတော်တစ်ခုဖြစ်သော ဒူဂါရ်ပူဂျာ ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုများကို အကြီးအကျယ်အနှောင့်အယှက်ဖြစ်စေခဲ့ကာ ပြည်နယ်မြို့တော်တွင် အသွားအလာများရပ်တန့်သွားစေခဲ့သည်။
ရေမြုပ်နေသော လမ်းများသည် အချို့နေရာများတွင် ခါးလောက်အထိ ရေများမြင့်တက်နေပြီး ယာဉ်များသောင်တင်နေခဲ့ကာ လမ်းသွားလမ်းလာများသည် ရေမြုပ်နေသောလမ်းများတွင် ဖြတ်သန်းသွားလာကြရသည်။
ကားလမ်း၊ ရထားလမ်းနှင့် လေကြောင်းသွားလာမှုများသည် ဆိုးရွားစွာပြ-တ်တေ-ာက်ခဲ့ပြီး လေယာဉ်နှင့် ရထားခရီးစဉ်များသာ ဖျ-က်သိ-မ်းရခြင်း သို့မဟုတ် ကြန့်ကြာခြင်းများဖြစ်ခဲ့သည်။
ဒေသအများအပြားတွင် လျှပ်စစ်ဓါတ်အားပြ-တ်တေ-ာက်မှုသည် နာရီနှင့်ချီကာ ကြာမြင့်ခဲ့မှုကြောင့် ဒေသခံများကို ရေနစ်သူ ဝါးကူထိုး ဆိုသကဲ့သို့ အခက်အခဲများကို ပိုဆိုးစေခဲ့သည်။
ကားလမ်းနှင့် ရထားလမ်းများကို ရှင်းလင်းရန်အတွက် ရေစုပ်စက်များ ချထားပေးပြီး ရိက္ခာဝေငှခြင်းနှင့် အရေးပေါ်ဝန်ဆောင်မှုများအပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်
