Tuesday, July 15, 2025

Bangladesh Bouddha Kristi Prachar...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် Bangladesh Bouddha Kristi Prachar Sangha အသင်းက တာကာ (၂၀၀,၀၀၀)လှူဒါန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဒါကာမြို့သို့...

ရွှေအလေးချိန်စနစ်သစ် လိုက်နာမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးမည် ရွှေဆိုင်များအနေဖြင့်...

အလေးချိန်စနစ်သစ်နှင့် ပတ်သက်၍ အသိပညာပေး ကာလပြီးလျှင် ကွင်းဆင်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရန်ရှိ‌ကြောင်း အသိပေးထားခြင်းဖြစ်သည်။ ရွှေဆိုင်များအနေဖြင့် ရွှေတစ်ကျပ်သားအလေးချိန် စနစ်သစ်ဖြစ်သော (၁၆.၃၂၉၃၂၅) ဂရမ်ဖြင့် အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း...

အီလက်ထရောနစ် မဲပေးစက်အကြောင်း ဆရာ၊ ဆရာများကို...

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ အီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ရန်ကုန်ရှိ ဆရာ၊ ဆရာမများကို သင်တန်းပေးရန်ရှိနေသည်ဟု သိရသည်။ အီလက်ထရောနစ် မဲပေးစက် (MEVM)...

မွမ်ဘိုင်းမှ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန်ဆွေးနွေး

မွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရန် ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov...
HomeCelebrities' NewsCover Newsကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ မိသားစု...

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ မိသားစု ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့တဲ့ မောင်ကောင်းပြည့် ဆေးတက္ကသိုလ် (၂) မှာ ကျောင်းအပ်ပြီ

dsc_0262-copy

လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတား အနီး အိမ်ငယ်လေးက ဆရာဝန် လောင်းလျာ လေးတစ်ယောက် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါ တယ်။ သာမန်လက်လုပ်လက်စား မိဘနှစ်ပါး က မွေးဖွားကြီးပြင်းလာခဲ့ရတဲ့ မောင်ကောင်း ပြည့်လေးက ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲမှာတော့ ၅ ဘာသာဂုဏ်ထူးနဲ့ ထူး ချွန်စွာ အောင်မြင်ခဲ့ပါတယ်။ ပြည့်စုံမှုမရှိ တဲ့ဘဝမှာ ပညာရေးကို စိတ်အားထက်သန်စွာ ကြိုးစားအား ထုတ်ရင်း အတန်းတိုင်းမှာလည်း ဆုအသီးသီးရရှိခဲ့ပြီး ထူးချွန် အောင်မြင်တဲ့သူ လည်း ဖြစ်ပါတယ်။

dsc_0253-copy

‘စိတ်ဆောင်လျှင် အောင် ရမည်’ ဆိုတဲ့စကားအတိုင်း သူ့ရဲ့ငယ်ဘဝ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော် နိုင်ခဲ့ ပြီ ဖြစ်ပါ တယ်။ ဖြစ်ချင်တဲ့ ဆရာဝန်အိပ် မက်ကိုတော့ ကိုဥက္ကာကျော်နဲ့ ရုပ်ရှင်သရုပ် ဆောင် ဆုပန်ထွာတို့ မိသားစုက လက်တွေ့ အကောင် အထည် ဖော်ပေးခဲ့ကြပါတယ်။ မောင်ကောင်းပြည့်လေးက ဒီဇင်ဘာလ ၆ ရက် နံနက်က ကိုဥက္ကာကျော်၊ သရုပ်ဆောင် ဆုပန်ထွာတို့ အပါအဝင် သူ့ရဲ့မိသား စုနဲ့အတူ သူတက်ရောက်ပညာသင်ကြားခွင့်ရရာ ဆေး တက္ကသိုလ် (၂) ရန်ကုန်မှာ ကျောင်းအပ်ခဲ့ ပါတယ်။
dsc_0247-copy

မောင်ကောင်းပြည့်အနေနဲ့ ငယ်ဘဝ စိတ်ကူးအိပ်မက်ကို အကောင် အထည်ဖော်ဖို့ စတင်ခြင်းနဲ့အတူ ပျော်ရွှင်ပီတိဖြစ်နေသလို သူ့ရဲ့အိပ် မက်ကို ပါရမီဖြည့်အကောင်အထည် ဖော်ဆောင်ပေးခဲ့တဲ့ ကိုဥက္ကာကျော်နဲ့ ဆုပန် ထွာတို့ကလည်း ဝမ်းသာပျော်ရွှင်လျက်ရှိပါ တယ်။ အစ်မတို့ကိုယ်တိုင် မောင်ကောင်းပြည့် လေးကို ကျောင်းအပ်နှံပေးလိုက်ရလို့ စိတ်ထဲ မှာ ဘယ်လိုပီတိခံစားမှုဖြစ်မိခဲ့ရလဲမေးတော့

“သြော် ဒီကလေးဆရာဝန်ကြီး ဖြစ်တော့ မယ်ဆိုတဲ့ စိတ်ကလေးပေါ့။ မောင်လေး မောင်ကောင်းပြည့် ဆရာဝန်ဖြစ်သွားလို့ လူနာ တွေ ကို သူ့ပညာနဲ့ ကြိုးစားကုသပေးလိုက် လို့ လူတွေ ချမ်းသာရာ တစ်ယောက်ရသွားလည်း အစ်မတို့ က တောက်လျှောက်ကုသိုလ်ရနေမယ်။ ပီတိဖြစ်နေမယ်ပေါ့။ တစ်ယောက် နေကောင်း သွားလို့ သူ့ကိုချစ်သွားမယ်ဆိုရင်လည်း အစ်မ တို့အတွက် ပီတိလေးက အမြဲတမ်းရနေ မယ်။ အစ်မက ခုကတည်းက စိတ်ထဲမှာ အဲဒီလို တွေးပြီး ပီတိလေးဖြစ်နေတာပေါ့။ အစ်မတို့ ဘက်က သူ့ကိုပညာသင်ထောက် ပံ့ကြေး ထောက် ပံ့ပေးပါမယ်။ လိုအပ်တာတွေ အကောင်း ဆုံး ပြည့်စုံအောင် ကြိုးစားပြီး လုပ်ပေးသွားမှာပါ” လို့ သရုပ်ဆောင် ဆုပန်ထွာ က သူ့ရဲ့ ရင်တွင်း ပီတိကို ပြောပြခဲ့ပါတယ်။

“အစ်ကိုကတော့ ဝမ်းသာပါတယ်။ ဆရာ ဝန်တစ်ယောက် ဖြစ်လာတော့မှာဆိုတော့ ဝမ်းသာမိပါ တယ်” လို့ ကိုဥက္ကာကျော်ကလည်း သူ့ရဲ့ဝမ်းသာပီတိကို ပြောပြခဲ့ပါတယ်။ ငယ်စဉ် ကလေးဘဝကတည်းက သူစိတ်ကူးဖြစ်တည် ရာ ဆရာဝန်အိပ်မက် မက်ခဲ့တဲ့ မောင်   ကောင်း  ပြည့်လေးဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က စပြီး ဆေးတက္ကသိုလ် (၂) ရန်ကုန်မှာ ပညာသင်ကြားရတော့မှာ ဖြစ်ပါတယ်။ ထန်းတက်ရင်း ကလေးတွေကို ပညာရေးထူး ချွန်အောင် ကြိုးစားရုန်းကန် ကျောင်းထား ပေးခဲ့သူ မောင်ကောင်းပြည့်ရဲ့ ဖခင် ဦးဝင်း
နိုင်ကလည်း သူ့ရဲ့ပီတိကို အခုလိုမျှဝေ ပြောပြခဲ့ပါသေးတယ်။

     “အတိုင်းအဆမရှိ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အနေနဲ့ဆို ဒီလို ဆေးကျောင်း ဆိုတာ မမှန်းရဲဘူးပေါ့။ အခုလို ကိုဥက္ကာတို့၊ မဆုပန်ထွာတို့ က ဆေးကျောင်းထားပေး တဲ့အတွက်တအားဝမ်းသာမိပါတယ်။ ကိုယ့် အတိုင်းအတာနဲ့ဆို တစ်နေ့လုပ် တစ်နေ့ စား ဆိုတော့ ဆေးကျောင်းကို စိတ်မကူးရဲဘူး ပေါ့။ ကိုယ်က ဒီလို ပညာတတ် ဖြစ်စေချင် သလို ကလေးတွေကလည်း ကြိုးစားကြ တယ်။ ပြီးတော့ ထောက်ပံ့ကူညီပေးမယ့် သူကလည်း ပေါ်လာတော့ ပိုပြီးတော့ဝမ်း သာမိပါတယ်” လို့ ဦးဝင်းနိုင်က သူ့ရဲ့ ရင် တွင်းပီတိ ကို ပြောပြခဲ့ပါတယ်။

တောင်သာဇာတိ ဖြစ်တဲ့ ဦးဝင်းနိုင်က သူတတ်ကျွမ်းတဲ့ ပညာဖြစ်တဲ့ ထန်းတက် လုပ်ငန်းကို လုပ်ကိုင်ရင်း သားသမီး ၇ ဦးရဲ့ ပညာရေး ကို အလေးပေးလုပ်ဆောင်ခဲ့ပါ တယ်။

လက်ရှိအချိန်မှာတော့ မောင် ကောင်း ပြည့် အပါအဝင် သားသမီး ၅ ဦးက တက္က သိုလ် ဝင်စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင် ခဲ့ပြီဖြစ် ပြီး ၂ ဦးကတော့ အလယ်တန်းမှာ ဆက်လက်ပညာဆည်းပူးလျက်ရှိကြောင်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071