ကိုဗစ် Positive ဖြစ်တဲ့အတွက် ဧရာဝတီ စင်တာမှာ ဆေးကုသမှုခံယူနေတဲ့ မိုးဒီ
#Zawgyi
#Unicode
ပရိသတ်ချစ်ခင်အားပေးခြင်းခံရတဲ့ သရုပ်ဆောင် မိုးဒီဟာ ကိုဗစ် Positive ဖြစ်သွားတဲ့အတွက် ယနေ့ ဧရာဝတီ စင်တာကိုရောက်ရှိနေပါတယ်။ မိုးဒီဟာ လွန်ခဲ့တဲ့ နှစ်ရက်က ဖျားတဲ့အတွက် ဆေးစစ်ကြည့်တဲ့အခါမှာ အခုလို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မိုးဒီဟာ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ် ရောဂါတွေရှိသူပါ။ အခုလက်ရှိမှာတော့ မိုးဒီရဲ့ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေမျိုးမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။
မိုးဒီအတွက် အနုပညာရှာတွေရော၊ ပရိသတ်တွေက ပါ စိတ်ပူသွားခဲ့ကြပြီး ကျန်းမာရေးအမြန်ဆုံးကောင်းမွန်လာဖို့အတွက် ဆုမွန်ကောင်းတောင်းပေးလျက်ရှိကြပါတယ်။