Saturday, February 8, 2025

၂၀၂၅ ဆီးဂိမ်း ယူ -၂၂...

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့်...

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍...

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို...

ဂွမ်းဒွမ်တွင်ကုန်းတွင်းဆိပ်ကမ်းဆောက်ရန်ဘင်္ဂလားဒေ့ရှ်အစိုးရစီစဉ်နေ

ဖေဖော်ဝါရီ ၆ သင်္ဘောလုပ်ငန်းအကြံပေး ဗိုလ်မှူးချုပ်ဒေါက်တာ မိုဟာမက် ဆခါဝပ် ဟော့စိန်း (ငြိမ်း) က အစိုးရအနေနင့် ရခိုင်ပြည်နယ် အခြေအနေကို ထည့်စဉ်းစားကာ တက်နပ်ဖ်ရှိ...
HomeInternationalကိုဗစ်-၁၉သည်ဓါတ်ခွဲခန်းမှထွက်နိုင်ခြေပိုများ--စီအိုင်အေ

ကိုဗစ်-၁၉သည်ဓါတ်ခွဲခန်းမှထွက်နိုင်ခြေပိုများ–စီအိုင်အေ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်သည် တိရစ္ဆာန်များမှ ကူးစက်ခဲ့ခြင်းထက် တရုတ်ဓါတ်ခွဲခန်းတစ်ခုမှအပြင်သို့ရောက်ရှိသွားခြင်းက ဖြစ်နိုင်ခြေပိုများသည်ဟု အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(စီအိုင်အေ) က စနေနေ့တွင် ထုတ်ဖော်ပြောဆိုကာ ကိုဗစ်မူလဇစ်မြစ်နှင့်ပတ်သက်သော ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲလိုက်သည်။

ဒေါ်နယ်ထရမ့်ပ်၏ ဒုတိယသမ္မတသက်တမ်းအတွက် ဂျွန်ရက်ကလစ်ဖ်ကို စီအိုင်အေ ညွှန်ကြားရေးမှူးအဖြစ် ကြာသပတေးနေ့က အတည်ပြုခဲ့ပြီးနောက်တွင် ကိုဗစ်ဆိုင်ရာ အကဲဖြတ်ချက်အသစ်ထွက်လာခြင်းဖြစ်သည်။

ထရမ့်ပ်၏ ပထမသက်တမ်းအတွင်းက ၂၀၂၀-၂၀၂၁ အထိ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော ရတ်ကလစ်ဖ်က တာဝန်ထမ်းဆောင်သည့် ပထမဆုံးနေ့တွင် ဦးစားပေးအကြောင်းအရာသည် ကိုဗစ်၏ မူလဇစ်မြစ်နှင့်ပတ်သက်၍ အကဲဖြတ်ခြင်းဖြစ်လိမ့်မည်ဟု သောကြာနေ့က ဖော်ပြခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောဆိုထားသည်။

ရရှိနိုင်သော သတင်းပေးပို့မှုအပေါ် အခြေခံ၍ ကိုဗစ်-၁၉ ကပ်ရောဂါသည် သဘာဝဇစ်မြစ်တစ်ခုထက် သုတေသန နှင့် ဆက်နွယ်သော ဇစ်မြစ်တစ်ခု ဖြစ်နိုင်ခြေပိုများသည်ကို ခိုင်မာမှုနည်းသေးသော ယုံကြည်ချက်ဖြင့် စီအိုင်အေက အကဲဖြတ်သည်ဟု စနေနေ့က ထုတ်ပြန်ချက်တွင် စီအိုင်အေ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

စီအိုင်အေအနေဖြင့် ကိုဗစ်သည် ဓါတ်ခွဲခန်း အမှားအယွင်းတစ်ခုကြောင့် ထွက်ပေါ်ခဲ့ခြင်းလား၊ တိရစ္ဆာန်မှတဆင့် ကူးစက်ခဲ့ခြင်းလားဆိုသည်ကို ယခင်က ဆုံးဖြတ်ထားခြင်းမျိုး မရှိခဲ့ပေ။

စီအိုင်အေသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ သုတေသန နှင့် ဆက်နွယ်သော ဇစ်မြစ်ဖြစ်သလား ဆိုသည်နှင့် သဘာဝအတိုင်းပေါ်ပေါက်ခဲ့သည်လားဆိုသည့် ဖြစ်နိုင်ခြေနှစ်ခုလုံးအတွက် ဆက်လက်အကဲဖြတ်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုခဲ့သည်။

Ref: ယဟျူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၅ ဆီးဂိမ်း ယူ -၂၂ အမျိုးသား ဘောလုံးအသင်း ကစားသမားများ ရွေးချယ်မည်

၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲအတွက် ယူ -၂၂ အမျိုးသားဘောလုံးအသင်းအတွက် ပဏာမ ကစားသမားများကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်မှ (၁၆)ရက်အထိ စခန်းသွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရွေးချယ်ရာ၌ လက်ရှိ မြန်မာ ယူ- ၂၂ ကစားသမားများအပါအဝင် (၅)ကြိမ်မြောက် အမျိုးသားအား ကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းနှင့် ပြည်နယ် ၊ ဝန်ကြီး ဌာနအသင်းများမှ ကစားသမားများကိုပါ ထည့်သွင်းရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (၅) ကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အတွင်း ပါဝင်ခဲ့သည့် တိုင်းနှင့် ပြည်နယ်ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ရှမ်း၊...

လာအို လျှပ်စစ်မီးရရှိသည့် ပမာဏ နည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေမည်

လာအိုနိုင်ငံ လျှပ်စစ်မီးရရှိသည့် ပမာဏနည်းပါးသဖြင့် တာချီလိတ်မြို့တွင် အုပ်စု(၂)စုခွဲ၍ မီးပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး ဖြတ်တောက်လိုက်မှုကြောင့် လာအိုနိုင်ငံ၏ လျှပ်စစ် မီး (၃၀)မဂ္ဂါဝပ်ကို အစားထိုး အသုံးပြုပြီး တစ်ရက်အကြာ တာချီလိတ်မြို့တွင် လာအိုဘက်က (၁၃)မဂ္ဂါဝပ်သာ ရောင်းချပေးမည်ဟု အကြောင်းပြန်လာခြင်းကြောင့် ယင်းသို့အုပ်စု(၂)စုခွဲ၍ အလှည့်ကျပေးဝေခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ "ကော်မတီက ဝယ်ထားတာ(၃၀) မဂ္ဂါဝပ်ဗျ။ အခု (၁၃)မဂ္ဂါဝပ်ပဲ ရတော့မယ်ဆိုတော့ ပမာဏနည်းသွားတော့ အချိန်နဲ့ဖြစ်သွားတာပေါ့"ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် တာချီလိတ်တွင် ယမန်နေ့ ဖေဖော်ဝါရီ (၇)ရက်မှစတင်၍ မီးပေးဝေရာတွင် လာအို...

၂၀၂၄ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများနှင့်ပတ်သက်၍ လူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲက ဖမ်းဆီးခဲ့

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ၂၀၂၄ ခုနှစ်တွင် အဓိက နယ်စပ်ဖြတ်ကျော် လောင်းကစားအမှုပေါင်း ၄၅ ခုကို စုံစမ်းစစ်ဆေးရာတွင် သံသယရှိသူ ၁၁,၀၀၀ ကျော်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထု‌ကြေငြာခဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ ပြည်သူ့လုံခြုံရေးအာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်တွင် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုနှင့် ဆက်စပ်ရာဇဝတ်မှုများနှင့် ပတ်သက်သည့် စုစုပေါင်း အမှုပေါင်း ၇၃,၀၀၀ ကို စုံစမ်းစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်တွင် အွန်လိုင်းလောင်းကစားပလက်ဖောင်း ၄,၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။ ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံအတွင်း နိုင်ငံရပ်ခြား လောင်းကစားအဖွဲ့ကြီးများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071