Saturday, December 13, 2025

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ...

မြေနိမ့်ဒေသစိုက် ရိုဘတ်စတာကော်ဖီ စိုက်ပျိုးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မြေနိမ့်ဒေသစိုက် ရိုဘတ်စတာ (Robusta) ကော်ဖီပင်များကို စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။ မြေနိမ့်ဒေသစိုက်...
HomeInternationalကိုဗစ်အလွန် ဂျပန်စီးပွားရေးပြန်လည်ကောင်းမွန်လာ

ကိုဗစ်အလွန် ဂျပန်စီးပွားရေးပြန်လည်ကောင်းမွန်လာ

ကိုဗစ်အလွန် ဂျပန်စီးပွားရေးပြန်လည်ကောင်းမွန်လာ

ဂျပန်နိုင်ငံ၏ စီးပွားရေးသည်  ပုဂ္ဂလိကသုံးစွဲမှုအား‌ေကာင်းလာသဖြင့် သုံးလပတ်သုံးကြိမ်ဆက်တိုက် တိုးတက်လာခဲ့ကြောင်း ဧပြီလမှဇွန်လအထိ အချက်အလက်များအရတွေ့ရှိခဲ့ရသော်လည်း ထပ်မံ၍ကိုဗစ်ဖြစ်ပွားလာသဖြင့်စီးပွား‌ရေးကျဆင်းမှုမှ ပြန်လည်ကောင်းမွန်လာစေရန် နှောင့်နှေးသည့် လက္ခဏာရှိနေသေးသည်။

ကိုဗစ်ကူးစက်မှု ပြန်လည်များပြားလာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း၊ ထောက်ပံ့မှု ကန့်သတ်ချက်များ နှင့် လူနေမှုစရိတ်များကို မြင့်တက်စေသည့် ကုန်ကြမ်းဈေးနှုန်းများတက်လာခြင်းကြောင့်ပြန်လည်တိုးတက်ရန် အလားအလာမသေချာပေ။

ကမ္ဘာ့တတိယစီးပွား‌ေရးအင်အားအကြီးဆုံးဂျပန်တွင် ဂျီဒီပီသည် ဒုတိယသုံးလပတ်အတွင်း နှစ်အလိုက် ၂ ဒသမ ၂ ရာခိုင်နှုန်းတိုးလာကာ ဇန်နဝါရီမှ မတ်လအထိ စိစစ်ထားသော ၀ ဒသမ ၁ ရာခိုင်နှုန်းထက်အရှိန်မြင့်လာသည်ဟု အစိုးရအချက်အလက်များက ဖော်ပြသည်။ သို့သော် ခန့်မှန်းထားသည့် ၂ ဒသမ ၅ ရာခိုင်နှုန်းထက်မူလျော့နည်းနေသေးသည်။

ဂျပန်နိုင်ငံဂျီဒီပီ၏ ထက်ဝက်ကျော်ရှိသော ပုဂ္ဂလိကသုံးစွဲမှု၌ ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာသည်ဟု အချက်အလက်များက ဖော်ပြသည်။သို့သော် မြင့်တက်မှုသည် စျေးကွက်ခန့်မှန်းချက် ၁ ဒသမ ၃ ရာခိုင်နှုန်း အထိတိုးလာခြင်းမဟုတ်ပဲနိမ့်နေသေးဆဲဖြစ်သည်။

ငွေလုံးငွေရင်းအသုံးစရိတ်သည် ၁ဒသမ၄ ရာခိုင်နှုန်း တိုးလာပြီး ပျမ်းမျှစျေးကွက်ခန့်မှန်းချက် ၀ဒသမ၉ ရာခိုင်နှုန်းထက် တိုးလာကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။ပြင်ပဝယ်လိုအားကိုမူ ဂျီဒီပီ တိုးတက်မှုနှုန်းတွင် ပေါင်းထည့်ခြင်းမျိုး မဟုတ်ပဲ ခန့်မှန်းထားသည့် ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့်သာနှိုင်းယှဉ်ခြင်းဖြစ်သည်။

မူဝါဒချမှတ်သူများကမူ လူနေမှုစရိတ်များ တိုးမြင့်လာချိန်တွင် လစာများလုံလောက်စွာတက်လာပြီး စားသုံးမှုအားကောင်းစေရန်တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ကြသည်။

သို့သော် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား နှေးကွေးစေမည့် အန္တရာယ်များမြင့်မားနေသည့်အ‌ ခြေအနေတွင် ကုမ္ပဏီများကလစာတိုးပေး၊မတိုး‌ပေးဟူသည့်အချက်သည် မသေချာကြောင်း လေ့လာသူများကပြောသည်။

Source – Reuters/ng

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား အလုပ်ရုံဆွေးနွေးပွဲ၏ အကြံပြုချက်များအရ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမည်

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးဦးစီးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး ၊ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်သို့ တက်ရောက်

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲအစည်းအသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ထို့နောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု “စဉ်ဆက်မပြတ်သော အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်များပေါင်းစည်းခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Mr.Serdar Berdimuhamedov က အဖွင့်မိန့်ခွန်းပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့်...

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

NCA စာချုပ်သည် နိုင်ငံအတွက်အရေးတကြီးလိုအပ်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခြေခံကျပြီး အဓိကလုပ်ဆောင်ရမည့်အချက်ဖြစ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)စစ်ရေးပြကွင်း၌ကျင်းပသည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအားစစ်ဆေးပြီးနောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့်ချီတက်အလေးပြုခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တပ်မ တော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)မှ အ ကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်လောင်းဆွေဇင်ဖြိုးဝေအား အကောင်းဆုံးဗိုလ်လောင်းဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထိုသို့ ချီးမြှင့်ပေးအပ်ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071