ကိုဗစ်ရောဂါတွေကြောင့် အိမ်မှာနေရတဲ့အချိန်ပရိသတ်နဲ့ အဆက်အသွယ် မပြတ်သွားအောင် လုပ်နေတယ်ဆိုတဲ့ နေတိုး
#Zawgyi
သဲစုလှိုင်
#Unicode
ကိုဗစ်ကာလအတွင်း အနုပညာရှင်တွေဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားရပါတယ်။ ပရိသတ်ရဲ့ အချစ် တော် နေတိုးကတော့ ကိုဗစ်ကာလအတွင်း အိမ်မှာနေရတဲ့ အချိန် ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတိုတွေ၊ ရိုက်ကူးရေးနဲ့ပတ်သက်ပြီး လေ့လာဖြစ်နေတဲ့အကြောင်းကို နေတိုးက အခုလိုပဲပြော ပြခဲ့ပါ တယ် . . . အိမ်မှာနေရတဲ့အချိန်က အရမ်းများသွားတဲ့ အခါကျတော့ ပရိသတ်နဲ့အဆက်အသွယ်ပြတ်သလိုမျိုး လည်း ဖြစ်သွားတယ်။ ဒါကြောင့် အနုပညာလှုပ်ရှားမှုတွေ က တော်ရုံတန်ရုံလုပ်လို့မရတော့ဘူး။ ကျွန်တော်တို့က အရင်တုန်းက အဟောင်းလေးတွေထဲ က ပရိသတ်ကို ဘာတွေပြန်ပြီး လနမျငသည တစ်ခုအနေနဲ့ ပြန်လုပ်ပေးလို့ရ မလဲဆိုပြီး အဲ့လိုမျိုးလေး စဉ်းစားဖြစ်တယ်။ ကျွန်တော်တို့ စစဦးဆုံး အနုပညာလောကထဲကို စရောက်တဲ့အချိန် ကိုရီးယားဇာတ်လမ်းတွဲတွေ ဝင်ကတည်းက ဇာတ်လမ်း တွဲရဲ့အရသာကို ကြိုက်တယ်။ ဇာတ်လမ်းတွဲကြည့်ရတာ ကိုလည်း နှစ်သက်တယ်။ ဇာတ်လမ်းတွဲတွေကတော့ နောက်ပိုင်း အချိန်မရတဲ့အခါကျတော့ သိပ်မကြည့်ဖြစ် ဘူး။ အခု အိမ်ထဲမှာနေလိုက်တဲ့အချိန် ဇာတ်လမ်းတွဲတွေ တော် တော်များကြည့်ဖြစ်သွားပြီး ရုပ်ရှင်နဲ့ပတ်သက်ပြီး သင် ယူစရာတွေအများကြီးရှိတာကိုလေ့လာခဲ့ပါတယ်လို့နေတိုးက ပြောပါတယ်။ ကိုဗစ်ကာလ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင် ့သက ွှကဘန မှာ ခရီးသွား ဗီဒီယိုလေးတွေတင်ဖြစ်တဲ့ အကြောင်းနဲ့ ပတ် သက်ပြီး နေတိုးက . . . ဒီကာလမှာတော့ အိမ်မှာ နေတဲ့အချိန် ကိုယ်တိုင်ရိုက် ခရီးသွား ဗီဒီယိုလေးတွေကို တင်ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ရိုက်ကူး ရေးမှာ ဝါသနာပါတဲ့အတွက် ပစ္စည်းတွေစုပြီး ကိုယ် သဘောကျတဲ့ ပုံစံအတိုင်းရိုက်ပြီး ့သက ွှကဘန မှာတင်ဖြစ်ပါ တယ်။ အဲ့ဒီလိုမျိုးတင်ဖြစ်တဲ့အခါ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေလည်း မတူတဲ့ပုံစံမျိုးကြည့်ရတော့ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်လို့ ပြောခဲ့ပါတယ်။
သဲစုလှိုင်