Friday, May 23, 2025

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...
HomeInternationalကိုဗစ်မျိုးကွဲများ ကူးစက်မှုများလာသဖြင့် ဒေသဆိုင်ရာ...

ကိုဗစ်မျိုးကွဲများ ကူးစက်မှုများလာသဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များက ကိုင်တွယ်ဖြေရှင်းရန် ဂျပန်အစိုးရတိုက်တွန်း

ကိုဗစ်မျိုးကွဲများ ကူးစက်မှုများလာသဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များက ကိုင်တွယ်ဖြေရှင်းရန် ဂျပန်အစိုးရတိုက်တွန်း

တိုကျို၊ ဇူလိုင် ၂၉ ရက်

ဂျပန်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါမျိုးကွဲသစ်များ၏ ပျံ့နှံ့မှုကြောင့် ကူးစက်သူများ စံချိန်တင်မြင့်တက်လာ၍ တိုက်ဖျက်‌ေရးအစီအမံများလုပ်ဆောင်ရန် ဒေသဆိုင်ရာ အာဏာပိုင်များကို တိုက်တွန်းအားပေးနေသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မည်သည့်အစီအမံကိုမျှ ပြုလုပ်ရန် အစီအစဉ် မရှိသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သတ္တမလှိုင်းဖြစ်သည့် ကူးစက်မြန် ဗိုင်းရပ်စ် BA.5 မျိုးကွဲ ပျံ့နှံ့မှုကြောင့် ရောဂါကူးစက်သူများ နေ့စဉ်နှင့်အမျှများပြားလာကာ ကြာဿပတေးနေ့တွင် စံချိန်တင်ကာ ကူးစက်သူ စုစုပေါင်း ၂ သိန်း ၃ သောင်းကျော် ရှိလာပြီဖြစ်သည်။ ထို့ကြောင့် ဆေးဘက်ဆိုင်ရာ ဌာနများသည် ဖိအားများလာပြီး အချို့နေရာများ၌ ကုမ္ပဏီလုပ်ငန်းများကိုပါ အနှောင့်အယှက် ဖြစ်လာသည်။

ဂျပန်နိုင်ငံသည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် မည်သည့်အခါကမျှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသွားအလာ ပိတ်ဆို့ခြင်းကိုမလုပ်ခဲ့ပေ။ သို့သော်ပြည်သူများအား အိမ်တွင်း၌ အတတ်နိုင်ဆုံး နေကြရန်နှင့် စားသောက်ဆိုင်များနှင့် ဘားများ၏ ဖွင့်ချိန်ကို ကန့်သတ်ပေးရန် အခါအားလျော်စွာ တောင်းဆိုခဲ့သည်။

အစိုးရအဖွဲ့ ဒုတိယအတွင်းဝန် ဆဲဂျီ ကီဟာရာက ဒေသဆိုင်ရာ အာဏာပိုင်များသည် ၎င်းတို့၏ ဒေသအတွင်း ဖြစ်နေသော ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှု အခြေအနေများနှင့် ပြန်လည်တုံ့ပြန်မှုများကို အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်သင့်သည်ဟု ဇူလိုင်လ ၂၉ ရက် သောကြာနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီမံချက်ချပြီး တုန့်ပြန်တာထက် ဒေသဆိုင်ရာ အာဏာပိုင်တွေကို သူတို့ ဒေသမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အလိုက် တိုက်ဖျက်ဖို့ ကြိုးစားရာမှာ ကျွန်တော်တို့ ပံ့ပိုးကူညီချင်ပါတယ်” ဟု ကီဟာရာက ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“အရေးကြီးတာက စီရင်စုနယ်တစ်ခုစီရဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ကူညီဖို့ပါပဲ” ၎င်းက ဆိုသည်။

အိုဆာကာမြို့အနောက်ပိုင်းရှိ သက်ကြီးရွယ်အိုများအား မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ရန် မကြာသေးမီက တိုက်တွန်းခဲ့သည်။

ဂျပန်နိုင်ငံသည် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ သေဆုံးသူဦးရေ ၃၂,၃၀၈ သာရှိသဖြင့် အချို့နိုင်ငံကြီးများနှင့် ယှဉ်လျှင် အဆိုပါ ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းရာ၌ ပိုမိုကောင်းမွန်နေသော်လည်း ယခုသီတင်းပတ်အတွင်း ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ မေ ၂၂ ရက်နံနက်ပိုင်းက မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆွေးနွေးခဲ့သည့် သုံးနိုင်ငံသဘောတူညီချက်ကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိ-မ်လ-ည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြာရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် မြဝတီမြို့သို့...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071