ဂျီနီဗာ၊ဧပြီ ၁၉
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်ကပ်ရောဂါသည် တည်ငြိမ်သည့်အခြေအနေမရှိသေးကြောင်းသတိပေးခဲ့ပြီး အခြားပြဿနာများရှိနိုင်သေးသည်ဟုဆိုခဲ့သည်။
စမ်းသပ်မှုများလျှော့ချလိုက်သော်လည်း လွန်ခဲ့သည့် ၂၈ ရက်အတွင်း သေဆုံးမှု ၂၃,၀၀၀ ကျော်နှင့် ရောဂါကူးစက်မှုအသစ် ၃ သန်းကျော်ကို WHO သို့အစီရင်ခံခဲ့ကြောင်းသိရှိရသည်။
ကူးစက်မှုအရေအတွက် လျော့ကျနေသော်လည်း တစ်ဖက်တွင် သေဆုံးသူနှင့်ဖျားနာသူများ အများကြီးရှိနေဆဲဖြစ်သည် ဟု WHO အရေးပေါ်ဌာ ဒါရိုက်တာ မိုက်ကယ်လ်ရမ်က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။
WHO ၏ ကိုဗစ်အရေးပေါ်ကော်မတီသည် သုံးလတစ်ကြိမ်တွေ့ဆုံပြီး ယခုတစ်ကြိမ်အတွက် မေလအစောပိုင်းတွင် အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ယခုအစည်းအဝေး၌ ကိုဗစ်အား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေမှ ရုပ်သိမ်းခြင်းပြုမပြုကိုဆုံးဖြတ်မည်ဖြစ်ကြောင်းသိရသည်။
သို့သော် မစ္စတာရမ်၏ပြောကြားချက်အရ ဗိုင်းရပ်စ်သည် လုံးဝပပျောက်သွားမည်မဟုတ်ကြောင်းနှင့် တုပ်ကွေးကဲ့သို့ပင်ရှိနေမည်ဖြစ်ပြီး ထိခိုက်လွယ်သူများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ဖြစ်စေဆဲဖြစ်ကြောင်းသိရှိရသည်။
Source : AFP
