မြန်မာပလာဇာ ကားရပ်နားနေရာတွင် အမျိုးသမီးတစ်ဦး ဓားဖြင့် ထိုးသ-တ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်များကို အလေးအနက်ထား၍ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဟု မြန်မာပလာဇာစီမံခန့်ခွဲမှုအဖွဲ့ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပါတ်သက်၍ မြန်မာပလာဇာအနေဖြင့် စျေးဝယ်သူများနှင့် ဧည့်သည်တော်များ၏ ဘေးကင်းလုံ ခြုံရေးအတွက် စျေးဝယ်စင်တာအတွင်းရှိ ယာဉ်ရပ်နားရာနေရာများနှင့် အရေးကြီးနေရာများတွင် လုံခြုံရေးအပြည့် အဝချထားခြင်းနှင့် လုံခြုံရေးစနစ်များအား တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းများကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။
ဩဂုတ်လ (၅) ရက် ညနေပိုင်းအချိန်တွင် မြန်မာပလာဇာ ယာဉ်ရပ်နားရန်နေရာတွင် အမျိုးသမီးတစ်ဦးအား အမျိုး သားနှစ်ဦးက ဓါးဖြင့်ထိုးသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ခြင်းအပေါ် ထိုသို့ထုတ်ပြန်အသိပေးခြင်းဖြစ်သည်။
ယင်းနေ့ ဖြစ်စဉ်အတွင်း သက်ဆိုင်ရာ လုံခြုံရေးဌာနမှ သိလျှင်သိချင်း လူနာအား အရေးပေါ်ကယ်ဆယ်နိုင်ရေးအတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လူနာမှာ ရရှိခဲ့သောဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ယင်းအတွက် မြန်မာပလာဇာအနေဖြင့်လည်း နစ်နာသူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသည်ဟု ယမန်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။
