Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeMoviesကားစျေးနှုန်းမြင့်တက်မှုနှင့် အခွန်စံနှုန်းကွာဟမှုအပေါ် ထိန်းကြပ်မည့်အစီအစဥ်ရှိမရှိ...

ကားစျေးနှုန်းမြင့်တက်မှုနှင့် အခွန်စံနှုန်းကွာဟမှုအပေါ် ထိန်းကြပ်မည့်အစီအစဥ်ရှိမရှိ လွှတ်တော်တွင် မေးခွန်းထုတ်

လက်ရှိ မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးဈေးကွက်အတွင်း မော်တော်ကားများကို ပြည်တွင်းအခွန်ဦးစီးဌာနက သတ်မှတ်ထားသော စည်းကြပ်ခွန် စံနှုန်းတန်ဖိုးများထက် အဆမတန်မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းဝယ်နေခြင်းများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စီမံကြပ်မတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိကို တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော်ငြိမ်းအောင်က တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးပထမနေ့တွင် မေးမြန်းခဲ့သည်။

ဦးကျော်ငြိမ်းအောင်က ပြည်တွင်းအခွန်ဦးစီးဌာန၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ထုတ် မော်တော်ကားစည်းကြပ်ခွန်စာရင်းဇယားအရ Toyota Mark II Saloon 2000 CC 2004 မော်ဒယ်ကားတစ်စီးကို ကျပ်သိန်း ၄၀၀ ဖြင့် အခွန်စည်းကြပ်ထားသော်လည်း လက်ရှိပြင်ပဈေးကွက်တွင် အဆိုပါကားအမျိုးအစားမှာ ကျပ်သိန်း ၉၀၀ ကျော်အထိ ပေါက်ဈေးရှိနေကြောင်း ထောက်ပြပြောကြားခဲ့သည်။

ထိုသို့ ကားဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် အိမ်သုံးနှင့် လုပ်ငန်းသုံး မော်တော်ယာဉ်များ ဝယ်ယူအသုံးပြုရာတွင် အခက်အခဲများ ကြုံတွေ့နေရသလို၊ နယ်စပ်ဒေသများမှ မြို့ကြီးများအထိ လိုင်စင်မဲ့ကားများကို ဥပဒေနှင့်မညီဘဲ ရွေးချယ်အသုံးပြုနေသူများလည်း ရှိလာကြောင်း ၎င်းက ဆိုသည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြန်လည်ဖြေကြားရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်ဝယ်ယူရောင်းချမှုများအပေါ် အခွန်စည်းကြပ်ရာတွင် တပြေးညီဖြစ်စေရန် နှစ်စဉ်စံနှုန်းတန်ဖိုးများကို ကြိုတင်သတ်မှတ်ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။

ယင်းစံနှုန်းတန်ဖိုးများမှာ အခွန်ထမ်းပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် မိမိဆန္ဒအလျောက် အခွန်ပေးဆောင်နိုင်စေရန် ရည်ရွယ်သတ်မှတ်ထားခြင်းဖြစ်ပြီး၊ မော်တော်ယာဉ်ဈေးနှုန်း အတက်အကျအခြေအနေများကြောင့် ပြင်ပပေါက်ဈေးနှုန်းနှင့် စံနှုန်းတန်ဖိုးများအကြား ကွာဟမှုများ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် မော်တော်ယာဉ်စံနှုန်းတန်ဖိုးများကို ခြောက်လတစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး၊ ပြည်သူများ ပိုမိုလွယ်ကူစွာ အခွန်ပေးဆောင်နိုင်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် BAPS စနစ်ကို အွန်လိုင်းမှတစ်ဆင့် အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071